Skip to Content
  • An Official Website of Burmese Orchid. How to identify?
Burmese Orchid
  • 0
    My Cart
  • Sign in
  • Home
  • Alumni
  • Contact us
  •  My Tasks
Burmese Orchid
  • 0
    • Home
    • Alumni
    • Contact us
  • An Official Website of Burmese Orchid. How to identify?
  • Sign in
  •  My Tasks


Awards & Badges Policy


Table of Contents

​ Related Agencies & Policies
​ Related Rules & Procedures
​ The Policy

 Print

Related Agencies & Policies

Enforcing Agencies
  •  
Related Policies
  • Membership Policy

Related Rules & Procedures

​ Procedures for Investigating a Case
​ Procedures on Taking Actions
​ Conflict Resolution Procedure
​ Procedures for Inspecting and Instructing the Organization's responsible Teams and Individuals​
Procedure for Interpreting Constitutional Principles, Rules and Policies, and Inconsistencies in Policies and Procedures

The Policy

မြန်မာ့သစ်ခွအဖွဲ့

ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး

မူဝါဒအမှတ်၊ ၇/၂၀၂၄

“ဂုဏ်ပြုဆုတံဆိပ်များဆိုင်ရာမူဝါဒ”

၁၃၈၆ပြည့်နှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ရက်

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၂၆ရက်


ဤမူဝါဒကို မြန်မာ့သစ်ခွ နာယကအဖွဲ့၏ အကြံပြုချက်နှင့် သဘောတူညီချက်ဖြင့် အတည်ပြု၍ အောက်ပါအတိုင်း ချမှတ်လိုက်သည်။


၁။ ဤမူဝါဒကို “ဂုဏ်ပြုဆုတံဆိပ်များဆိုင်ရာမူဝါဒ” ဟုခေါ်တွင်စေရမည်။

၂။ မြန်မာ့သစ်ခွအဖွဲ့၏အဖွဲ့ဝင်များအား ပျော်ရွှင်စွာဖြင့် စည်းကမ်းတကျ အလုပ်လုပ်နိုင်ရန်အတွက် လှုံးဆော်ပေးနိုင်ရန် နာယကအဖွဲ့မှ ဤစည်ကမ်းသတ်မှတ်ချက်များကို သတ်မှတ်သည်။

၃။ ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းခံထိုက်သည့် ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) အဖွဲ့အစည်းအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြသည့် အဖွဲ့ဝင်များ၊

(ခ) ပရောဂျက်စီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြသည့် အခြားအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ အသင်းဝင်များနှင့်ပုဂ္ဂိုလ်များ၊

(ဂ) အဖွဲ့အစည်း၏ ရည်ရွယ်ချက်၊ ရည်မှန်ချက်များကို ဆောင်ရွက်ရာ၌ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊

(ဃ) အဖွဲ့အစည်း၏ အခြေခံမူများ၊ လူမှုရေးဦးတည်ချက်များနှင့်အညီ ထူးခြားစွာ အားထုတ်ကြိုးပမ်းဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊

(င) အဖွဲ့အစည်းစီမံခန့်ခွဲမှု၊ စီမံကိန်းအကောင်အထည်ဖော်မှုနှင့် သက်ဆိုင်သောပညာရပ်တစ်ခုခုတွင် အောင်မြင်စွာ တီထွင်ဖန်တီးစွမ်းဆောင်နိုင်သောအဖွဲ့ဝင်များ၊

၄။ အဖွဲ့အစည်းတွင် ဂုဏ်ထူးဆောင်ဆုတံဆိပ်များကိုအောက်ပါအတိုင်း ၃ မျိုး ခွဲခြားထားရှိသည်-

(က) အဂ္ဃနက သင်္ဂဟ (Agga Nagga Singaha)

(ခ) မြန်မာ့သစ်ခွဂုဏ်ပြုဆုများ (Burmese Orchid Awards)

(ဂ) မြန်မာ့သစ်ခွစွမ်းဆောင်မှုဆိုင်ရာတံဆိပ်များ (Burmese Orchid Badges)

၅။ အဖွဲ့အစည်းအတွက် ထူးကဲစွာဆောင်ရွက်သူများ၊ အဖွဲ့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်ဆိုင်ရာ အကျိုးဆောင်သူများအားချီးမြှင့်အပ်နှင်းရန်အတွက် အဂ္ဃနက သင်္ဂဟကို ဥက္ကဋ္ဌက ချီးမြှင့်အပ်နှင်းနိုင်သည်။

၆။ အဖွဲ့အစည်းအတွက် ထူးကဲစွာဆောင်ရွက်သူများ၊ အဖွဲ့အစည်း၏ အခြေခံမူ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် ပတ်သက်၍ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်နေသူများ အားချီးမြှင့်အပ်နှင်းရန်အတွက် မြန်မာ့သစ်ခွစွမ်းဆောင်မှုဆိုင်ရာဂုဏ်ပြုဆုများ ထားရှိပြီး ယင်းမြန်မာ့သစ်ခွစွမ်းဆောင်မှုဆိုင်ရာဂုဏ်ပြုဆုများမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) Paphiopedilum ဆု၊

(ခ) Cattleya ဆု၊

(ဂ) Phalaenopsis ဆု။

၇။ အဖွဲ့အစည်းအတွင်း နည်းပညာသိပ္ပံပညာရပ်၊ ဝိဇ္ဇာပညာရပ်၊ စာပေနှင့် အနုသုခုမပညာရပ် နှင့် အခြားသော အတတ်ပညာထူးချွန်သူများ၊ အဖွဲ့အအစည်းကျိုးဆောင်သူများအား ချီးမြှင့်အပ်နှင်းရန်အတွက် မြန်မာ့သစ်ခွစွမ်းဆောင်မှုဆိုင်ရာတံဆိပ်များ ထားရှိပြီး ယင်း မြန်မာ့သစ်ခွစွမ်းဆောင်မှုဆိုင်ရာတံဆိပ်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ဥက္ကဋ္ဌ၏အကောင်းဆုံးတံဆိပ်စာရင်းဝင်၊

(ခ) အကောင်းဆုံးစေတနာ့ဝန်ထမ်းတံဆိပ်စာရင်းဝင်၊

(ဂ) လူမှုအဖွဲ့အစည်းအကျိုးပြုတံဆိပ်၊

(ဃ) အစိမ်းရောင်တံဆိပ်၊

(င) စီမံခန့်ခွဲမှုတံဆိပ်၊

(စ) စာပေအနုသုခုမတံဆိပ်၊

(ဆ) ဒစ်ဂျစ်တယ်တံဆိပ်၊

(ဇ) သုတေသနတံဆိပ်၊

(ဈ) ကမ္ဘာမြေတံဆိပ်။

၈။ မြန်မာ့သစ်ခွစွမ်းဆောင်မှုဆိုင်ရာတံဆိပ်များ၏ အမှတ်စဉ် (က) နှင့် (ခ) ဖြစ်သော တံဆိပ်စာရင်းများသည် အမြင့်ဆုံးနှင့် ဒုတိယအမြင့်ဆုံးတံဆိပ်များဖြစ်ကြပြီး ကျန်တံဆိပ်များသည် အဆင့်တူညီကြသည်။ 

၉။ အဂ္ဃနက သင်္ဂဟကို စာပိုဒ် (၃) နှင့် (၅) ပါ ရည်ရွယ်ချက်များနှင့်ကိုက်ညီလျှင် အဆင့်နိမ့်ရာမှ မြင့်ရာအလိုက်ချီးမြှင့်နိုင်သည်

၁၀။ မြန်မာ့သစ်ခွစွမ်းဆောင်မှုဆိုင်ရာဂုဏ်ပြုဆုများကို ဂုဏ်ပြုဆုကဏ္ဍအလိုက် စာပိုဒ် (၃) နှင့် (၆) ပါ ရည်ရွယ်ချက်များနှင့်ကိုက်ညီလျှင် အဆင့်နိမ့်ရာမှ မြင့်ရာအလိုက်ချီးမြှင့်နိုင်သည်။ 

၁၁။ မြန်မာ့သစ်ခွစွမ်းဆောင်မှုဆိုင်ရာတံဆိပ်များကို စွမ်းဆောင်မှုတံဆိပ်ကဏ္ဍအလိုက် စာပိုဒ် (၃) နှင့် (၇) ပါ ရည်ရွယ်ချက်များနှင့်ကိုက်ညီလျှင် ကဏ္ဍအလိုက်ဖြစ်စေ အဆင့်နိမ့်ရာမှ မြင့်ရာအလိုက်ချီးမြှင့်နိုင်သည်။

၁၂။ အဖွဲ့ဝင်များနှင့် ဆုရပိုင်ခွင့်ရှိသောပုဂ္ဂိုလ်များသည် မည်သည့်အခြေအနေတွင်မဆို သတ်မှတ်ချက်များနှင့်ပြည့်မှီပါက သတ်မှတ်ဂုဏ်ပြုဆုတံဆိပ်များနှင့် သတ်မှတ်ထားသောအခွင့်အရေးများရရှိစေရမည်။ ချီးမြှင့်ရာတွင်အဖွဲ့၏ အထွေထွေ ရည်ရွယ်ချက်များနှင့်ကိုက်ညီရမည်။ အဆိုပါသတ်မှတ်ချက်ကြောင့် အဖွဲ့၏ဘဏ္ဍာရေးအားမထိခိုက်စေရ။

၁၃။ အဖွဲ့သည် အခြားအဖွဲ့အစည်းခေါင်းဆောင်များ၊ အခြားအဖွဲ့အသင်းဝင်များနှင့် ပုဂ္ဂိုလ်များအား ထိုက်သင့်သော စွမ်းဆောင်မှုဆိုင်ရာဂုဏ်ပြုဆုများကို ချီးမြှင့်အပ်နှင်းနိုင်သည်။ သို့ရာတွင် သင်္ဂဟနှင့် စွမ်းဆောင်မှုဆိုင်ရာတံဆိပ်များသည် မြန်မာ့သစ်ခွအဖွဲ့ဝင်များအတွက်သာဖြစ်စေရမည်။ 

၁၄။ ချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဆုတံဆိပ်များ၏ အခွင့်အရေး၊ လုပ်ပိုင်ခွင့်၊ ပုံသဏ္ဍာန်၊ တံဆိပ်ပါ အမှတ်အသားများနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖော်ဆောင်ချက်များကို အောက်ပါ ဂုဏ်ထူးဆောင်တံဆိပ် အမျိုးအစားအလိုက် နောက်ဆက်တွဲ ဇယားများတွင် ယှဉ်တွဲဖော်ပြထားသည်-

နောက်ဆက်တွဲ ဂုဏ်ပြုဆု၊ တံဆိပ်

(က) အဂ္ဃနက သင်္ဂဟ

(ခ) ၁၊ Paphiopedilum ဆု

(ခ) ၂၊ Cattleya ဆု

(ခ) ၃၊ Phalaenopsis ဆု

(ဂ) တံဆိပ်များ

၁၅။ ဌာနဆိုင်ရာဗော်လန်တီယာများ။ ဌာနဆိုင်ရာဗော်လန်တီယာများအတွက် ထောက်ခံတင်ပြရန် ကိစ္စပေါ်ပေါက်ပါက အောက်ပါအတိုင်း ဆောင်ရွက်ရန်ဖြစ်သည်-

(က) သက်ဆိုင်ရာကြီးကြပ်သူအရာရှိက ကျိုးကြောင်းပြည့်စုံစွာဖော်ပြလျက် ဒါရိုက်တာသို့ ထောက်ခံတင်ပြရန်၊

(ခ) ဒါရိုက်တာက လိုအပ်သလို စိစစ်ပြီး ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ ထောက်ခံတင်ပြရန်၊

(ဂ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က လိုအပ်သလိုစိစစ်ပြီး ဥက္ကဋ္ဌစီသို့ ထောက်ခံတင်ပြရန်။

၁၆။ လှူဒါန်းသူများ။ လှူဒါန်းသူများအတွက် ထောက်ခံတင်ပြရန် ကိစ္စပေါ်ပေါက်ပါက အောက်ပါအတိုင်း ဆောင်ရွက်ရန်ဖြစ်သည်-

(က) စာရင်းစစ်အရာရှိက ကျိုးကြောင်းပြည့်စုံစွာဖော်ပြလျက် ဘဏ္ဍာရေးမှူးထံထံသို့ ထောက်ခံတင်ပြရန်၊

(ခ) ဘဏ္ဍာရေးမှူးက လိုအပ်သလို စိစစ်ပြီး ပြင်ပညှိနှိုင်းရေးနှင့် လူမှုက်ဆံရေးဒါရိုက်တာ၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဒါရိုက်တာ တို့နှင့်ဆွေးနွေးရန်၊

(ဂ) ၎င်းအဖွဲ့က ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ ထောက်ခံတင်ပြရန်၊

(ဃ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က လိုအပ်သလိုစိစစ်ပြီး ဥက္ကဋ္ဌစီသို့ ထောက်ခံတင်ပြရန်။

၁၇။ အခြားပုဂ္ဂိုလ်များ။ အထက်ဖော်ပြပါ ဌာနဆိုင်ရာဗော်လန်တီယာများ၊ လှူဒါန်းသူများမှအပ အခြားပုဂ္ဂိုလ်များနှင့် ပတ်သက်၍ ထောက်ခံတင်ပြရန်ကိစ္စပေါ်ပေါက်ပါက အောက်ပါအတိုင်း ဆောင်ရွက်ရန်ဖြစ်သည်-

(က) လူမှုဆက်ဆံရေးအရာရှိက ကျိုးကြောင်းပြည့်စုံစွာဖော်ပြလျက် လူမှုဆက်ဆံရေးဒါရိုက်တာထံသို့ ထောက်ခံ တင်ပြရန်၊

(ခ) လူမှုဆက်ဆံရေးဒါရိုက်တာက လိုအပ်သလိုစိစစ်ပြီး ဘဏ္ဍာရေးမှူး၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဒါရိုက်တာ တို့နှင့်ဆွေးနွေးရန်၊

(ဂ) ၎င်းအဖွဲ့က လိုအပ်သလိုစိစစ်ပြီး ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ ထောက်ခံတင်ပြရန်၊

(ဃ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က လိုအပ်သလိုစိစစ်ပြီး ဥက္ကဋ္ဌစီသို့ ထောက်ခံတင်ပြရန်။

၁၈။ အဖွဲ့ကချီးမြှင့်အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ဆုတံဆိပ်များနှင့်စပ်လျဉ်း၍ အောက်ပါအကြောင်းတစ်ရပ်ရပ်တွေ့ရှိပေါ်ပေါက်ပါက ပြန်လည်ရုပ်သိမ်းနိုင်သည်-

(က) အဖွဲ့အစည်း၏ မူနှင့် စည်းမျဉ်းစည်းကမ်းတစ်ရပ်ရပ်ဖောက်ဖျက်မှုကို ကျူးလွန်ခြင်း၊

(ခ) အကျင့်စာရိတ္တနှင့်စပ်ဆိုင်သောပြစ်မှုကျူးလွန်၍ အပြစ်ပေးခံရခြင်း၊

(ဂ) ဌာနဆိုင်ရာအရေးယူခြင်းခံရပြီး အပြစ်ရှိကြောင်း ပေါ်ပေါက်သဖြင့် ရာထူးမှ ထုတ်ပယ်ခြင်း၊ နုတ်ပယ်ခြင်း၊ ရပ်စဲခြင်းစသည့် ပြစ်ဒဏ်တစ်ရပ်ရပ်ပေးခံရခြင်း၊

(ဃ) ဂုဏ်ထူးဆောင်ဆုတံဆိပ် ချီးမြှင့်အပ်နှင်းခြင်းခံထိုက်ကြောင်း အဆင့်ဆင့် ထောက်ခံတင်ပြချက်အရ အဖွဲ့က ဂုဏ်ထူးဆောင်ဆုတံဆိပ် ချီးမြှင့်အပ်နှင်းပြီး နောက် မူလထောက်ခံချက်ပါ အချက်အလက်အကြောင်းအရာများနှင့် စပ်လျဉ်း၍ မမှန်မကန်တင်ပြခဲ့ ကြောင်း ပေါ်ပေါက်တွေ့ရှိခြင်း၊

(င) အဖွဲ့က ချီးမြှင့်အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ဆုတံဆိပ်ကို ပြန်လည် ရုပ်သိမ်းသင့်သည့် လုံလောက်သော အခြားအကြောင်းအချက်တစ်ရပ်ရပ် ပေါ်ပေါက်တွေ့ရှိခြင်း။

၁၉။ ဂုဏ်ထူးဆောင်ဆုတံဆိပ်ကို ပြန်လည်ရုပ်သိမ်းပါက ယင်းဂုဏ်ထူးဆောင်ဆုတံဆိပ်၏ တံဆိပ်တပ်ဆင်ခွင့် ကိုလည်းကောင်း၊ ယင်းတို့နှင့်စပ်လျဉ်း၍ခံစားခွင့်ပြုထားသော လုပ်ပိုင်ခွင့်၊ အခွင့်အရေးများကိုလည်းကောင်း၊ ချီးမြှင့်ထောက်ပံ့မှုများကိုလည်းကောင်း ရပ်စဲရမည်။

၂၀။ အဂ္ဃနက သင်္ဂဟ ရရှိထားသူကိုမူ မည်သည့်အခြေအနေတွင်မျှ ပြန်လည် ရုပ်သိမ်းပိုင်ခွင့်မရှိစေရ။

၂၁။ ဤမူဝါဒအရပေးအပ်သော ဆုတံဆိပ်အခွင့်အရေးများသည် ရာထူးအလျောက်ပေးခြင်းနှင့် မသက်ဆိုင်စေရ။ 

၂၂။ ဥက္ကဋ္ဌသည် အဖွဲ့အစည်းအကြီးအကဲအဖြစ်ဖြင့် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ရာထူးအလျောက် အဂ္ဃနက သင်္ဂဟနှင့် မြန်မာ့သစ်ခွ ဂုဏ်ထူးဆောင် ဆုတံဆိပ်များ၏ အကြီးအမှူးဖြစ်သည်။

၂၃။ ဥက္ကဋ္ဌသည် တာဝန်ပြီးဆုံးသည့်အခါတွင် အဂ္ဃနက သင်္ဂဟ အဖြစ်လည်းကောင်း၊ မြန်မာ့သစ်ခွ ဂုဏ်ထူးဆောင် ဆုတံဆိပ်များတွင် Paphiopedilum ဆုရှင်၊ ဥက္ကဋ္ဌ၏အကောင်းဆုံးတံဆိပ်စာရင်းဝင်နှင့် အကောင်းဆုံးစေတနာ့ဝန်ထမ်းတံဆိပ်စာရင်းဝင် အဖြစ်လည်းကောင်း ဆက်လက်တည်မြဲသည်။

၂၄။ အဖွဲ့ဥက္ကဋ္ဌသည် ဂုဏ်ထူးဆောင်ဆုတံဆိပ်တစ်ခုခုကို ချီးမြှင့်အပ်နှင်းသင့်ကြောင်း အဆင့်ဆင့်ထောက်ခံတင်ပြခြင်းမရှိစေကာမူ အထူး ထိုက်သင့်သောကိစ္စရပ်များအတွက် ပုဂ္ဂိုလ်တစ်ဦးဦးအား  ဂုဏ်ထူးဆောင်ဆုတံဆိပ်တစ်ခုခုကို ချီးမြှင့်သင့်ကြောင်း တွေ့ရှိပါက သင့်လျော်သည့်  သင်္ဂဟ သို့မဟုတ် ဂုဏ်ထူးဆောင်ဆုတံဆိပ်တစ်ခုခုကို ချီးမြှင့်အပ်နှင်းနိုင်သည်။

၂၅။ အဖွဲ့ဥက္ကဋ္ဌသည် ဂုဏ်ထူးဆောင်ဆုတံဆိပ်ချီးမြှင့်ခြင်းနှင့်စပ်လျဉ်းသည့် ဤပြဋ္ဌာန်းချက်ပါ လုပ်ငန်းအရပ်ရပ်ကို ဆောင်ရွက်ရန် အုပ်ချုပ်ရေးနှင့်လူ့အရင်အမြစ်ဌာနသို့ လွှဲအပ်နိုင်သည်။

၂၆။ အခြေအနေတစ်ရပ်ရပ်တွင် ချီးမြှင့်အပ်နှင်းခြင်းခံထိုက်သည့်ကိစ္စများကို ဥက္ကဋ္ဌ သို့မဟုတ် အလုပ်အမှုဆောင်အဖွဲ့သည် အခါအားလျော်စွာ ကြေညာချက် ထုတ်ပြန်လျက် ဂုဏ်ထူးဆောင်ဆုတံဆိပ်များနှင့် အခြားဆုတံဆိပ်များ တီထွင်ချီးမြှင့်နိုင်သည်။

၂၇။ အဖွဲ့အအစည်းတွင်းဌာနများသည် မိမိတို့၏ အစီအစဉ်ဖြင့် ဆုတံဆိပ်၊ ဆုလက်မှတ်စသည့် ဆုချီးမြှင့်ခြင်းတစ်ရပ်ရပ်ကို ဆောင်ရွက်ခွင့်ရှိသည်။ သို့ရာတွင် ယင်းသို့ဆုချီးမြှင့်ရာ၌ ဤမူဝါဒပါ ဂုဏ်ထူးဆောင်ဆုတံဆိပ်အမည်နှင့် ပုံသဏ္ဌာန်စသည်တို့ကို အသုံးမပြုရ။

၂၈။ ဤမူဝါဒထုတ်ပြန်ခြင်းမပြုမီ အဖွဲ့အစည်းက ချီးမြှင့်ခဲ့သော၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်များ စသည်တို့ကို ချီးမြှင့်အပ်နှင်းခြင်းခံရသော ပုဂ္ဂိုလ်များသည် ယင်း ၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်များကိုလည်းကောင်း၊ ချီးမြှင့်ထောက်ပံ့မှုနှင့် အကျိုးခံစားခွင့်များကို လည်းကောင်း ဆက်လက်သုံးစွဲခံစားခွင့်ရှိသည်။

၂၉။ ဤမူဝါဒထုတ်ပြန်ခြင်းမပြုမီ အဖွဲ့အစည်းက ချီးမြှင့်ခဲ့သော၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်များ စသည်တို့ကို ထပ်မံခန့်အပ်ခြင်းမရှိစေရ။

၃၀။ ဤမူဝါဒပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံးသည် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။။

မြန်မာ့သစ်ခွဖွဲ့စည်းပုံအခြေခံမူအရ အဖွဲ့အတွင်းလိုက်နာရမည့်မူဝါဒအဖြစ် ကြေငြာသည်။

ဖြိုးမြတ်မောင်

ဥက္ကဋ္ဌ

မြန်မာ့သစ်ခွ။

ဂုဏ်ပြုဆုတံဆိပ်များဆိုင်ရာမူဝါဒ၏ နောက်ဆက်တွဲ (က)


အမည်

အခွင့်အရေး

သင်္ဂဟပုံသဏ္ဍာန်

အဂ္ဃနက သင်္ဂဟ

- ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ကို မည်သည့်အချိန်တွင်မဆို အကြံဉာဏ်ပေးပိုင်ခွင့်၊

- အဖွဲ့မှပြုလုပ်သော မည်သည့် ပ‌‌ရိုဂရမ်၊ အီဗန့်၊ ပရောဂျက်များတွင်မဆို မိမိကိုယ်တိုင်အခမဲ့ပါဝင်ပိုင်ခွင့် သို့မဟုတ် မိမိအပြင်အခြားတစ်ဦးဦးအား ပါဝင်စေပိုင်ခွင့်၊ 

- အဖွဲ့မှဖွင့်လှစ်သော သင်တန်းများတွင် (၂)လ တစ်ကြိမ် မိမိအပြင် အခြားတစ်ဦးဦးအား တက်ရောက်ပါဝင်စေပိုင်ခွင့်၊

- Paphiopedilum ဆု၏ခံစားခွင့်များ၊ 

- အထက်ပါပုံစံဖြင့် ကြေးဒင်္ဂါးကို ချီးမြှင့်ရမည်။


ဂုဏ်ပြုဆုတံဆိပ်များဆိုင်ရာမူဝါဒ၏ နောက်ဆက်တွဲ (ခ)

စဉ်

စွမ်းဆောင်မှုဆိုင်ရာဂုဏ်ပြုဆု

အခွင့်အရေး

ပုံသဏ္ဍာန်

၁၊

Paphiopedilum ဆု

- ဂုဏ်ပြုမှတ်တမ်းလွှာ၊ 

- ဂုဏ်ပြုတွေ့ဆုံပွဲတက်ရောက်ခွင့်၊

- အသိအမှတ်ပြုဆုတံဆိပ်၊

- အခကြေးပေးရသော မြန်မာ့သစ်ခွမှ ပြုလုပ်သောသင်တန်းတစ်ခုတွင် အခမဲ့တက်ရောက်နိုင်ခွင့်နှင့် အခြားသူတစ်ဦးဦးအားတက်ရောက်စေပိုင်ခွင့်၊

- အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ သတ်မှတ် ဆုကြေး၊ သို့မဟုတ် အမှတ်တရဆု (Gift Card စသည်)

၂၊

Cattleya ဆု

-ဂုဏ်ပြုမှတ်တမ်းလွှာ၊ 

- ဂုဏ်ပြုတွေ့ဆုံပွဲတက်ရောက်ခွင့်၊

- အသိအမှတ်ပြုဆုတံဆိပ်၊

- အခကြေးပေးရသော မြန်မာ့သစ်ခွမှ ပြုလုပ်သောသင်တန်းတစ်ခုတွင် အခမဲ့တက်ရောက်နိုင်ခွင့်နှင့် အခြားသူတစ်ဦးဦးအားတက်ရောက်စေပိုင်ခွင့်၊

- အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ သတ်မှတ် ဆုကြေး၊ သို့မဟုတ် ဆု (Gift Card စသည်)

၃၊

Phalaenopsis ဆု

- ဂုဏ်ပြုမှတ်တမ်းလွှာ၊ 

- ဂုဏ်ပြုတွေ့ဆုံပွဲတက်ရောက်ခွင့်၊

- အသိအမှတ်ပြုဆုတံဆိပ်၊

- အခကြေးပေးရသော မြန်မာ့သစ်ခွမှ ပြုလုပ်သောသင်တန်းတစ်ခုတွင် အခမဲ့တက်ရောက်နိုင်ခွင့်၊

- အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ သတ်မှတ် ဆုကြေး၊ သို့မဟုတ် ဆု (Gift Card စသည်)

ဂုဏ်ပြုဆုတံဆိပ်များဆိုင်ရာမူဝါဒ၏ နောက်ဆက်တွဲ (ဂ)

စဉ်

စွမ်းဆောင်မှုဆိုင်ရာတံဆိပ်

ပုံသဏ္ဍာန်

က၊

ဥက္ကဋ္ဌ၏အကောင်းဆုံးတံဆိပ်စာရင်းဝင်၊

ခ၊

အကောင်းဆုံးစေတနာ့ဝန်ထမ်းတံဆိပ်စာရင်းဝင်၊

ဂ၊

လူမှုအဖွဲ့အစည်းအကျိုးပြုတံဆိပ်၊

ဃ၊

အစိမ်းရောင်တံဆိပ်၊

င၊

စီမံခန့်ခွဲမှုတံဆိပ်၊

စ၊

စာပေအနုသုခုမတံဆိပ်၊

ဆ၊

ဒစ်ဂျစ်တယ်တံဆိပ်၊

ဇ၊

သုတေသနတံဆိပ်၊

ဈ၊

ကမ္ဘာမြေတံဆိပ်၊


*** စွမ်းဆောင်မှုဆိုင်ရာတံဆိပ်ရရှိသူများကို Pin Badge များချီးမြှင့်နိုင်သည်။

×
Notice Alert !

Please disable VPN while submitting forms at Burmese Orchid websites.

The Burmese Orchid is youth-led non-profit organisation based in the Republic of the Union of Myanmar. 

One of the Burmese Orchid Official Websites.


Follow us

Contact Us

enquiries@burmeseorchid.org

+95 9 964 512890

  • Home
  • •
  • About us
  • •
  •  
  • Privacy Policy
  • •
  • Forum
Copyright © Burmese Orchid 2022 - 2024
Powered by Odoo - The #1 Open Source eCommerce
Website Logo




Respecting your privacy is our priority.

Allow the use of cookies from this website on this browser?

We use cookies to provide improved experience on this website. You can learn more about our cookies and how we use them in our Cookie Policy.

Allow all cookiesOnly allow essential cookies