Skip to Content
  • An Official Website of Burmese Orchid. How to identify?
Burmese Orchid
  • 0
    My Cart
  • Sign in
  • Home
  • Alumni
  • Contact us
  •  My Tasks
Burmese Orchid
  • 0
    • Home
    • Alumni
    • Contact us
  • An Official Website of Burmese Orchid. How to identify?
  • Sign in
  •  My Tasks


Board of Trustees' Manual

Table of Contents

​ Related Agencies & Policies
​ Related Rules & Procedures
​ The Policy

​ Print

Related Agencies & Policies

Enforcing Agencies
  •  
Related Policies
  • Membership Policy

Related Rules & Procedures

​ Procedures for Investigating a Case
​ Procedures on Taking Actions
​ Conflict Resolution Procedure
​ Procedures for Inspecting and Instructing the Organization's responsible Teams and Individuals​
Procedure for Interpreting Constitutional Principles, Rules and Policies, and Inconsistencies in Policies and Procedures

The Policy

မြန်မာ့သစ်ခွအဖွဲ့

ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး

မူဝါဒအမှတ် (ဃ)

“နာယကအဖွဲ့လက်စွဲမူဝါဒ”

၂၂ရက် ဧပြီလ ၂၀၂၄ခုနှစ်

အခန်း (၁) 

အမည်

ဤမူဝါဒကို မြန်မာ့သစ်ခွနာယကအဖွဲ့လက်စွဲမူဝါဒ ဟု ခေါ်တွင်စေရမည်။


အခန်း (၂) 

နာယကအဖွဲ့  ဖွဲ့ စည်းခြင်း

(က) နာယကအဖွဲ့ကို ဖွဲ့စည်းရာတွင် အဖွဲ့ဝင်ဦးရေမှာ (၁၂) ဦးထက် မပိုစေရ။

(ခ) နာယကအဖွဲ့၏ အကြီးအကဲနာယကမှာအဖွဲ့တည်ထောင်သူဖြစ်ပြီး သဘာပတိမှာ ဥက္ကဋ္ဌဖြစ်သည်။  

(ဂ) နာယကအဖွဲ့တွင် တည်ထောင်သူသည်အမြဲတမ်း နာယကအဖွဲ့ဝင်အဖြစ်ပါဝင်ရမည်။ 

(ဃ) နာယကအဖွဲ့ဝင်များကို တည်ထောင်သူနှင့် ဥက္ကဋ္ဌက သင့်တော်သည့်ပုဂ္ဂိုလ်ဟု မှတ်ယူပါက အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် ခန့်အပ်နိုင်သည်။ အလုပ်အမှုဆောင်ဒါရိုက်တာမှ အမည်စာရင်းတင်သွင်းသော ပုဂ္ဂိုလ်များကိုလည်း ဥက္ကဋ္ဌက ခန့်အပ်ရမည်။

(င) အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး နာယကအဖြစ် ခန့်အပ်ခံပိုင်ခွင့်ရှိသည်-

(၁) နာယကအဖြစ်ခန့်အပ်ရန်အတွက် အမည်စာရင်း တင်သွင်းလွှာတင်သွင်းချိန်တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဤဖွဲ့စည်းပုံအခြေခံမူပါ အဖွဲ့ဝင်အရည်အချင်းများပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သူ၊

ရှင်းလင်းချက် ။ ။ ဤပြဋ္ဌာန်းချက်ကြောင့်အဖွဲ့အစည်းပြင်ပမှ အဖွဲ့ဝင်မဟုတ်သူကို နာယကအဖြစ် မခန့်အပ်နိုင်ဟုမမှတ်ယူရ။ ထိုပုဂ္ဂိုလ်သည် အဖွဲ့ဝင်အရည်အချင်းများပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် အဖွဲ့ဝင်မဟုတ်သော်ငြားလည်း နယကအဖြစ်ရပ်တည်ပိုင်ခွင့်ရှိသည်။

(၂) အဖွဲ့အစည်းအပေါ်သစ္စာရှိသူ၊

(၃) တည်ဆဲဥပဒေဖြင့် တရားစွဲဆိုခြင်းခံရခြင်းမရှိသူ၊

(၄) အဖွဲ့အစည်းအရေးအရာများဖြစ်သော စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ သဘာဝပတ်ဝန်းကျင်ရေးရာ၊ လူငယ်ရေးရာ၊ စီးပွားရေးစသည့် အမြင်များရှိသူ၊

(၅) မြန်မာ့သစ်ခွ၏ ပရဟိတဆိုင်ရာကိစ္စများ အကြောင်းကို ကောင်းစွာသိရှိသူ၊

(၆) အခြားပြဋ္ဌာန်းချက်များတွင် သတ်မှတ်ထားသည့် အခြားအရည်အချင်းများနှင့် ပြည့်စုံသူ။

(စ) နာယကအဖြစ် ခန့်အပ်ခံရပြီးနောက် အောက်ပါအချက် တစ်ခုခုနှင့် ငြိစွန်းလျှင် နာယကအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ-

(၁) သာသနာ့ဝန်ထမ်းအဖြစ်သို့ အမြဲတမ်းကူးပြောင်းသွားခြင်း၊

  • ဗုဒ္ဓဘာသာဝင်များအတွက်ဖြစ်လျှင် ဗုဒ္ဓဘာသာသာသနာ့ဝန်ကို ထမ်းရွက်နေသော ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ မယ်သီလ၊

ရှင်းလင်းချက်။ သာသနာ့ဝန်ထမ်းဟု ဆိုရာတွင် သာသနာရေးဆိုင်ရာ ရဟန်း သို့မဟုတ် သာသနာ့ ဝန်ထမ်းအဖြစ် ခေတ္တခံယူထားသူများနှင့်လည်း သက်ဆိုင်စေရမည်။

  • ခရစ်ယာန်ဘာသာဝင်များအတွက်ဖြစ်လျှင် ခရစ်ယာန်သာသနာ့ဝန်ကို ထမ်းဆောင်ရန် အဓိကအားဖြင့် မိမိကိုယ်ကို ဆက်ကပ်ပြီးသော ပုဂ္ဂိုလ်ဟု သက်ဆိုင်ရာ ခရစ်ယာန်အသင်းတော်ကြီးများ (Churches) က အသိအမှတ်ပြု၍ သိက္ခာပေးထားခြင်းခံရသော သို့မဟုတ် တာဝန်ပေးထားခြင်း ခံရသော ပုဂ္ဂိုလ်များနှင့် မိမိတို့ကိုးကွယ်ရာဘာသာအရ ဂိုဏ်းချုပ်၏ အုပ်ချုပ်ခြင်းကို ဆန္ဒအလျောက် လက်ခံ၍ ဘာသာရေးစည်းမျဉ်း သို့မဟုတ် အဓိဋ္ဌာန်ပြုချက်ဖြင့် စည်းရုံးထားသော ပုဂ္ဂိုလ်တစ်စုတွင် သို့မဟုတ် အဖွဲ့အစည်းတွင် ပါဝင်သော ပုဂ္ဂိုလ်များ၊
  • ဟိန္ဒူဘာသာဝင်များအတွက်ဖြစ်လျှင် စံယာစီ၊ မဟန့် သို့မဟုတ် ဟိန္ဒူဘုန်းတော်ကြီးများ။

(၂) စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခံရခြင်း၊

(၃) လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံး၏ ကြေညာခံရခြင်း၊

(၄) ခန့်အပ်ခြင်းခံရပြီးနောက် တည်ဆဲဥပဒေတစ်ရပ်ရပ် အရ ထောင်ဒဏ်ကျခံရခြင်း၊

(၅) နာယကအဖွဲ့ဝင်အဖြစ်မှ ဥက္ကဋ္ဌက နုတ်ထွက်ခွင့်ပြုခြင်း၊

(၇) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်းများ သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသော အထောက်အထားရှိသည်ဟု သက်ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ခံရခြင်း၊

(ဆ) ဥက္ကဋ္ဌသည် စာပိုဒ်ခွဲများ အရ နာယကအဖြစ် ခန့်အပ်ခံရသူကို နာယကအဖွဲ့ဝင်အဖြစ် ခန့်အပ်ကြောင်းကြေညာပေးရမည်။

(ဇ) ပုံမှန်နာယကအဖွဲ့ဝင်တစ်ဦးကို လုပ်သက် (၂) နှစ်ပြည့်ပါက ဥက္ကဋ္ဌက တာဝန်မှအနားပေးနိုင်သည်။ ဆက်လက်ထမ်းဆောင်စေခြင်းလည်းပြုနိုင်သည်။ လုပ်သက် (၂) နှစ်ပြည့်သော်ငြားလည်း ဥက္ကဋ္ဌမှ အခြားမည်သည့် ညွှန်ကြားချက်မျှမရှိလျှင် အဖွဲ့ဝင်အဖြစ်ဆက်လက်တည်မြဲသည်။ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်မည်ဆိုပါကလည်း တာဝန်မှ အနားပေးနိုင်သည်။

အခန်း (၃) 

နာယကအဖွဲ့၏ တာဝန်များ

နာယကအဖွဲ့သည်-

(က) အထွေထွေအစည်းအဝေးထံသို့တာဝန်ခံရမည်။

(ခ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့အားလိုအပ်သော ထိန်းကြောင်းပေးမှုပြုရမည်။ 

(ဂ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့အားလိုအပ်သော အကြံအဉာဏ်များပေးအပ်ရမည်။ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် ၎င်းအကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။ 

(ဃ) အရည်အချင်းရှိသော ပုဂ္ဂိုလ်များကို ရာထူးမြှင့်တင်ပေးရန် သို့မဟုတ် ပညာသင်ဆု ပေးရန် နာယကအဖွဲ့ဝင်တစ်ဦးချင်းအလိုက် အလုပ်အမှုဆောင်ဘုတ်အဖွဲ့အား ညွှန်ကြားနိုင်သည်။

(င) ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းအရ ထုတ်ပြန်ပိုင်ခွင့်ရှိသည့် မူဝါဒများကို ထုတ်ပြန်နိုင်သည်။

(စ) ဥက္ကဋ္ဌအား အလုပ်အမှုဆောင်ဘုတ်ဒါရိုက်တာ အပေါ်အယုံအကြည်မရှိအဆိုတင်သွင်းပြီး အကြောင်းရင်းနှင့်တကွ ၎င်းအား ရာထူးမှအနားယူရန် တောင်းဆိုနိုင်သည်။

(ဆ) ဥက္ကဋ္ဌအား အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင် သို့မဟုတ် ဘုတ်အဖွဲ့ ၏ ပြစ်ချက်များ များပြားစွာရှိသည်ဟု မှတ်ယူပါက အကြောင်းရင်းနှင့်တကွ ၎င်းတို့အား အယုံအကြည်မရှိအဆိုတင်သွင်းပြီး ဖျက်သိမ်းရန် သို့မဟုတ် ရာထူးမှအနားပေးရန် အကြံပြုနိုင်သည်။ 

(ဇ) အဖွဲ့၏ စာရင်းနှင့်လုပ်ငန်းလည်ပတ်မှုများကို ကြီးကြပ် စစ်ဆေး စိစစ်နိုင်သည်။

(ဈ) အဖွဲ့၏မူဝါဒများကို လိုအပ်ပါက ပြင်ဆင်ချက်ပြု၍ ဥက္ကဋ္ဌထံအကြံပေးတင်ပြနိုင်သည်။ ဥက္ကဋ္ဌသည် ဤပြင်ဆင်ချက်အား နာယကအဖွဲ့အစည်းအ‌ဝေးတွင် ဆွေးနွေးအတည်ပြုပေးရမည်။

(ည) အဖွဲ့အစည်းအတွင်း အရေးပေါ်လိုအပ်ပါက ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့အား ဖျက်သိမ်း၍ ယင်းဗဟိုအလုပ်အမှဆောင်ဘုတ်အဖွဲ့၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ပိုင်ခွင့်များကို ကျင့်သုံးနိုင်သည်။

(ဋ) ဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ အဖွဲ့အစည်း၏ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲပိုင်ခွင့်များကို  ဥက္ကဋ္ဌထံသို့ အပ်နှင်းသည်။ ဤစကားရပ်ကြောင့် နာယကအဖွဲ့သည် မည်သည့် ပုဂ္ဂိုလ်၊အဖွဲ့အစည်း ကိုမျှ အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များကို အပ်နှင်းခြင်းမပြုနိုင်ဟုမမှတ်ယူရ။ ယင်းစကားရပ်ကြောင့် မူဝါဒစည်းကမ်းများအရ သက်ဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် သက်ဆိုင်ရာ ပုဂ္ဂိုလ်ထံ အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အာဏာများကို ဥက္ကဋ္ဌထံသို့  လွှဲပြောင်းပေးရမည်ဟု၍လည်း မမှတ်ယူရ။

(ဌ) နာယကအဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်အားလုံးကို ဥက္ကဋ္ဌ၏ အမည်ဖြင့် အရေးယူဆောင်ရွက်ရမည်။

(ဍ) ဤအဖွဲ့စည်းပုံအခြေခံမူနှင့် အခြားမူဝါဒများမှပေးအပ်ထားသော လုပ်ပိုင်ခွင့်နှင့်တာဝန်များကို ထမ်းဆောင်ရမည်။ 

အခန်း (၄) 

နာယကအဖွဲ့အစည်းအဝေးများနှင့် အစည်းအဝေးအစီအစဉ်များ

နာယကအဖွဲ့သည် ယင်း၏ပုံမှန်အစည်းအဝေးများကို အနည်းဆုံး နှစ်လလျှင်တစ်ကြိမ် ကျင်းပရမည်။ လိုအပ်ပါက မြန်မာ့သစ်ခွ ဥက္ကဋ္ဌ သို့မဟုတ် တည်ထောင်သူ သို့မဟုတ် နာယကအဖွဲ့ဝင် ၃ပုံ၁ပုံ၏ ဆန္ဒဖြင့် အထူးအစည်းအဝေး ပြုလုပ်နိုင်သည်။

အခန်း (၅) 

နာယကအဖွဲ့ အစည်းအဝေးအထမြောက်ရန် လိုအပ်သည့် အနည်းဆုံးဦးရေ

(က) နာယကအဖွဲ့အစည်းအဝေးအထမြောက်ရန်အတွက် အနည်းဆုံး နာယကအဖွဲ့၏ အဖွဲ့ဝင်ဦးရေ ထက်ဝက်တက်ရောက်ရမည်။

(ဂ) နာယကအဖွဲ့၏ အထူးအစည်းအဝေး ကျင်းပသည့်မည့်သည့် အချိန်တွင်မဆို အစည်းအဝေးအထမြောက်ရန် လိုအပ်သည့်ဦးရေတက်ရောက်ခြင်းမရှိသည့်အခါ နာယကအဖွဲ့အစည်းအဝေး၏ သဘာပတိအဖြစ်ဆောင်ရွက်သည့် သဘာပတိက အစည်းအဝေးအထမြောက်ရန် လိုအပ်သည့်ဦးရေကို အလေးထားရန်မလိုဘဲ ထူးခြားသည့် အခြေအနေပေါ်မူတည်၍ ဆန္ဒမဲပေးဆုံးဖြတ်နိုင်သည်။

(ဃ) အစည်းအဝေးအထမြောက်ရန် လိုအပ်သည့်ဦးရေ အပြည့်အ​ဝတက်ရောက်သည့်အနီးဆုံး နာယကအဖွဲ့ပုံမှန်အစည်းအဝေးတွင် ထူးခြားသည့်အခြေအနေကြောင့် ဆန္ဒမဲပေး၍ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အား အတည်ပြုလက်မှတ်ရေးထိုးရမည်။

အခန်း (၆) 

နာယကအဖွဲ့အစည်းအဝေး၏ သဘာပတိ

နာယကအဖွဲ့အစည်းအဝေးများတွင် ဥက္ကဋ္ဌက သဘာပတိ၊ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမည်။ ဥက္ကဋ္ဌ မရှိသည့်အခါ တည်ထောင်သူ သို့မဟုတ် သက်တမ်းအရင်းဆုံးနာယကအဖွဲ့ဝင်က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ရမည်။

အခန်း (၇) 

နာယကအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ခြင်း

(က) နာယကအဖွဲ့ဝင်တိုင်း တစ်ဦးလျှင် မဲတစ်မဲ ပေးပိုင်ခွင့်ရှိသည်။

(ခ) နာယကအဖွဲ့အစည်းအဝေးတစ်ခုတွင် ဆုံးဖြတ်ချက်တစ်ခုချမှတ်ရာ၌ အစည်းအဝေးတက်ရောက်သော နာယကအဖွဲ့ဝင်အများစု၏ ဆန္ဒမဲဖြင့် ဆုံးဖြတ်ချက်ချမှတ်ရမည်။ 

(ဂ) တည်ထောင်သူသည် အစည်းအဝေးများတွင်လည်း မဲပေးပိုင်ခွင့်ရှိသကဲ့သို့ ဆုံးဖြတ်ချက်များအား လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့်အညီ ဗီတိုဖြင့် ပယ်ဖျက်နိုင်မည်ဖြစ်သည်။

(ဃ) မဲအရေအတွက် တူညီနေလျှင် သဘာပတိ၏ အဆုံးအဖြတ်မဲဖြင့် ဆုံးဖြတ်ချက်ချမှတ်ရမည်။

(င) ဆွေးနွေးခြင်းများနှင့် ဆန္ဒမဲပေးခြင်းကို ဆက်သွယ်ရေးနည်းပညာသုံးကိရိယာဖြင့်ညှိနှိုင်းဆွေးနွေး ခြင်း သို့မဟုတ် စာဖြင့်ရေးသားဆွေးနွေးဖြင့် သို့မဟုတ် အီလက်ထရောနစ်နည်းလမ်းဖြင့် ဆွေးနွေးခြင်း သို့မဟုတ် ကိုယ်စားလှယ်ဖြင့် မဲပေးခြင်းကို နာယကအဖွဲ့က စီစဉ်ဆောင်ရွက်ထားသည့် အထူးလုပ်ထုံး လုပ်နည်းများနှင့် အညီဆောင်ရွက်နိုင်သည်။

အခန်း (၈) 

နာယကအဖွဲ့အစည်းအဝေးမှတ်တမ်းများ

(က) နာယကအဖွဲ့အစည်းအဝေး တစ်ခုချင်းစီ၏ မှတ်တမ်းများကို ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံးတွင် ပြုစုထိန်းသိမ်းရမည်။

(ခ) နာယကအဖွဲ့အစည်းအဝေးတစ်ခုချင်းစီ၏ မှတ်တမ်းများကို နာယကအဖွဲ့အစည်းအဝေး၏ သဘာပတိက လက်မှတ်ရေးထိုးထားရမည်။

(ဂ) အစည်းအဝေးကျင်းပစဉ်အတွင်း နာယကအဖွဲ့ဝင်များမှ ယင်းတို့၏ သဘောမတူကြောင်း ဆွေးနွေးချက်ကို တရားဝင်တင်ပြခြင်းမရှိပါက နာယကအဖွဲ့အစည်းအဝေးသို့ တက်ရောက်သော နာယကအဖွဲ့ဝင်များမှ အစည်းအဝေးမှတ်တမ်းတွင် မှတ်တမ်းတင်ထားသော ကိစ္စရပ်များအားလုံးကို သဘောတူပြီးဖြစ်သည်ဟု မှတ်ယူရမည်။

အခန်း (၉) 

မူဝါဒပြုခြင်း

(က) ဥက္ကဋ္ဌသည် မိမိအဆိုပြုမည့် မူဝါဒမူကြမ်းများကို သို့မဟုတ် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များသည် မိမိအဆိုပြုမည့် မူဝါဒမူကြမ်းများကို ဥက္ကဋ္ဌမှ တဆင့် နာယကအဖွဲ့သို့ အပြည့်အစုံတင်ပြရမည်။ အခြားသာမာန်အဖွဲ့ဝင်များသည်လည်း အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များမှတဆင့် ဖြစ်စေ၊ ပေးစာဖြင့်ဖြစ်စေ၊ မိမိအဆိုပြုမည့် မူဝါဒမူကြမ်းများကို နာယကအဖွဲ့သို့ အပြည့်အစုံတင်ပြနိုင်သည်။ ၎င်းမူဝါဒ မူကြမ်းများသည် နာယကအဖွဲ့က ချမှတ်နိုင်သော သို့မဟုတ် အတည်ပြုထောက်ခံခွင်ရှိသော မူဝါဒများသာဖြစ်စေရမည်။

(ခ) အထက်ပါ စာပိုဒ်ခွဲ (က)အရ တင်ပြလာသော မူဝါဒမူကြမ်းကို နာယကအဖွဲ့အစည်းအဝေး တက်ရောက်သူ နာယကအဖွဲ့ဝင်များ အားလုံး၏ ထက်ဝက်ကျော်က အတည်ပြုလျှင် ယင်းမူဝါဒမူကြမ်းကို မြန်မာ့သစ်ခွ၏ မူဝါဒအဖြစ် အတည်ပြုသည်ဟု မှတ်ယူရမည်။

(ဂ) ဥက္ကဋ္ဌသည် နာယကအဖွဲ့မှ ပေးပို့လာသည့် နာယကအဖွဲ့က အတည်ပြုသော သို့မဟုတ် နာယကအဖွဲ့က အတည်ပြုသည်ဟု မှတ်ယူရမည် ဖြစ်သော ၎င်းမူဝါဒမူကြမ်းများကို လက်ခံရရှိသည့်နေ့၏ နောက်တစ်နေ့မှ (၇) ရက်အတွင်း လက်မှတ်ရေး ထိုး၍ မူဝါဒအဖြစ် ထုတ်ပြန်ကြေညာရမည်။

(ဃ) ဥက္ကဋ္ဌသည် ၎င်းမူဝါဒမူကြမ်းတစ်ရပ်ကို လက်မှတ်ရေးထိုး၍ မူဝါဒအဖြစ် ထုတ်ပြန်ကြေညာရန် သတ်မှတ်ထားသည့် ကာလအတွင်း မိမိ၏သဘောထား မှတ်ချက်နှင့်အတူ မူကြမ်းကို နာယကအဖွဲ့သို့ ပြန်လည်ပေးပို့နိုင်သည်။

(င) ဥက္ကဋ္ဌထံ ပေးပို့ထားသော မူဝါဒမူကြမ်းကို ဥက္ကဋ္ဌက မိမိ၏ သဘောထား မှတ်ချက်များနှင့်အတူ သတ်မှတ်ကာလအတွင်း ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ ပြန်လည် ပေးပို့လျှင် နာယကအဖွဲ့သည် ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်များကို ဆွေးနွေး သုံးသပ်ပြီးနောက် ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်ကို လက်ခံ၍ မူဝါဒမူကြမ်းကိုပြင်ဆင်ရန် ဆုံးဖြတ်နိုင်သည် သို့မဟုတ် ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ မူဝါဒမူကြမ်းကို မူလအတိုင်း အတည်ပြုရန် ဆုံးဖြတ်နိုင်သည်။

(စ) ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ထားသော ၎င်းမူဝါဒမူကြမ်း သို့မဟုတ် ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ မူလအတိုင်းအတည်ပြုသော မူဝါဒမူကြမ်းအား နာယကအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့်အခါ ဥက္ကဋ္ဌသည် မူဝါဒမူကြမ်း ပြန်လည်ရရှိသည့်နေ့၏ နောက်တစ်နေ့မှ (၃) ရက်အတွင်း လက်မှတ်ရေးထိုး၍မူဝါဒ အဖြစ် ထုတ်ပြန်ကြေညာရမည်။

(ဆ) နာယကအဖွဲ့က ပေးပို့လာသော (သို့မဟုတ်) ပြန်လည်ပေးပို့သော မူဝါဒမူကြမ်းကို သတ်မှတ်ကာလအတွင်း ဥက္ကဋ္ဌက လက်မှတ်ရေးထိုးခြင်း မပြုလျှင်သတ်မှတ်ကာလ ပြည့်မြောက်သည့် နေ့ရက်တွင် မူဝါဒမူကြမ်းသည် ဥက္ကဋ္ဌ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ မူဝါဒအတည်ဖြစ်လာရမည်။

အခန်း (၁၀) 

လျှို့ဝှက်ထားရှိခြင်း

(က) ဆွေးနွေးဆုံးဖြတ်ချက်များကို ထုတ်ပြန်ရန် တရားဝင်အတည်မပြုမီ နာယကအဖွဲ့ အစည်းအဝေးမှတ်တမ်းပါ ကိစ္စရပ်များအားလုံးကို လျှို့ဝှက်ထားရမည်။

(ခ) နာယကအဖွဲ့မှ ဆုံးဖြတ်ချက်ချမှတ်ခြင်းမပြုမီ နာယကအဖွဲ့အစည်းအဝေးမှတ်တမ်းတွင် ရေးသားထားသော မှတ်တမ်းမှတ်ရာများအားလုံးကို လျှို့ဝှက်ထားရမည်။

အခန်း (၁၁) 

နာယကအဖွဲ့ကြေငြာချက်များ

 နာယကအဖွဲ့သည် အဖွဲ့ဝင်အများစု၏ သဘောတူညီချက်ဖြင့် ကြေငြာချက်၊ ထုတ်ပြန်ချက်၊ ညွှန်ကြားချက်၊ သဝဏ်လွှာများကို ထုတ်ပြန်ရမည်။

 

အခန်း (၁၂) 

နာယကအဖွဲ့ရုံးတံဆိပ်

(က) ဥက္ကဋ္ဌသည် မြန်မာ့သစ်ခွရုံးတံဆိပ်ကို လုံခြုံစွာ ထိန်းသိမ်းထားရမည်။

(ခ) နာယကအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်များတွင် မြန်မာ့သစ်ခွ ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌမရှိပါက ဒုတိယဥက္ကဋ္ဌ နှင့် အထွေထွေတွင်းရေးမှူး ရှေ့မှောက်၌ ​မြန်မာ့သစ်ခွ တံဆိပ်ကို ရိုက်နှိပ်ရမည်။

(ဂ) မြန်မာ့သစ်ခွ တံဆိပ်ရိုက်နှိပ်ရန် လိုအပ်သော စာရွက်စာတမ်းများတွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (သို့မဟုတ်) အထွေထွေအတွင်းရေးမှူးတို့က တံဆိပ်ကို အတည်ပြုပေးရမည်။

အခန်း (၁၃) 

နာယကအဖွဲ့ဝင်များ၏ အထွေထွေ

နာယကအဖွဲ့ဝင်များ၏ ရာထူးခန့်ထားခြင်း၊ နှုတ်ထွက်ခြင်း၊ ရာထူးဖယ်ရှားခြင်း၊ လုပ်ပိုင်ခွင့် တာဝန်များနှင့် လိုအပ်သောအရည်အချင်းများကို ဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောက်ရွက်ရမည်။

အခန်း (၁၄) 

အထွေထွေပြဋ္ဌာန်းချက်  

ယခင်တည်ရှိခဲ့သော “မြန်မာ့သစ်ခွ ဗဟိုအကြံပေးဘုတ်အဖွဲ့လက်စွဲမူဝါဒ” ကို ဤစည်းမျဉ်းဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။


မြန်မာ့သစ်ခွဖွဲ့စည်းပုံအခြေခံမူအရ အဖွဲ့အတွင်းလိုက်နာရမည့်မူဝါဒအဖြစ် ကြေငြာသည်။


×
Notice Alert !

Please disable VPN while submitting forms at Burmese Orchid websites.

The Burmese Orchid is youth-led non-profit organisation based in the Republic of the Union of Myanmar. 

One of the Burmese Orchid Official Websites.


Follow us

Contact Us

enquiries@burmeseorchid.org

+95 9 964 512890

  • Home
  • •
  • About us
  • •
  •  
  • Privacy Policy
  • •
  • Forum
Copyright © Burmese Orchid 2022 - 2024
Powered by Odoo - The #1 Open Source eCommerce
Website Logo




Respecting your privacy is our priority.

Allow the use of cookies from this website on this browser?

We use cookies to provide improved experience on this website. You can learn more about our cookies and how we use them in our Cookie Policy.

Allow all cookiesOnly allow essential cookies