Table of Contents
Related Agencies & Policies
Enforcing Agencies
Related Policies
Related Rules & Procedures
The Policy
မြန်မာ့သစ်ခွအဖွဲ့
ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး
မူဝါဒအမှတ် ( ဎ )
“ အသိအမှတ်ပြုလက်မှတ်များဆိုင်ရာမူဝါဒ ”
၄ရက် ဩဂုတ်လ ၂၀၂၄ခုနှစ်
အခန်း (၁)
အမည်၊ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အမျိုးအစားများ
၁။ အမည်
၂။ အနက်အဓိပ္ပါယ်
၃။ မြန်မာ့သစ်ခွမှထုတ်ပေးသောလက်မှတ်အမျိုးအစားများကို အောင်ပါအတိုင်းခွဲခြားသတ်မှတ်နိုင်သည်။
(က) အဖွဲ့ဝင်အသိအမှတ်ပြုလက်မှတ်နှင့် အဖွဲ့ဝင်ကဒ်ပြား
(ခ) စေတနာ့ဝန်ထမ်းခဲ့သည့်အတွက်ကျေးဇူးတင်လွှာလက်မှတ်
(ဂ) စေတနာ့ဝန်ထမ်း၏ မြန်မာ့သစ်ခွတွင်လုပ်သက်သက်တမ်းတစ်လျှောက် အရည်အချင်းတိုင်းတာမှု အစီအရင်ခံစာလက်မှတ်
(ဂ) အလှူငွေရရှိကြောင်းကျေးဇူးတင်လွှတ်လက်မှတ်
(ဃ) ပရိုဂရမ်တွင်ပါဝင်ခဲ့သည့်အတွက်ကျေးဇူးတင်လွှာလက်မှတ်
(င) ဥက္ကဋ္ဌ၊ နာယကအဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များ၏ သီးသန့်ကျေးဇူးတင်လွှာ
(စ) သင်တန်းပြီးမြောက်ကြောင်းလက်မှတ်
(ဆ) အခြားလက်မှတ်များ
အခန်း (၂)
အဖွဲ့ဝင်လက်မှတ်
၅။ အဖွဲ့ဝင်အသိအမှတ်ပြုလက်မှတ်နှင့် အဖွဲ့ဝင်ကဒ်ပြားတို့ကို အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနကသာ ထုတ်ပေးနိုင်သည်။
၆။ အဖွဲ့ဝင်အသိအမှတ်ပြုလက်မှတ်နှင့် အဖွဲ့ဝင်ကဒ်ပြားတို့ကို အဖွဲ့ဝင်ခြင်းဆိုင်ရာမူဝါဒအရ အဖွဲ့ဝင်ဖြစ်သူတိုင်းကို ပေးအပ်ရမည်။
၇။ အဖွဲ့ဝင်တိုင်းကို ကိုယ်ပိုင်အမှတ်စဉ်နှင့် UID တပ်ဆင်ပေးရမည်။
(က) ကိုယ်ပိုင်အမှတ်စဉ်မှာ အင်္ဂလိပ်အက္ခရာ ‘B’ နှင့် ‘O’ ပြီးနောက် ‘-’ ခံ၍ အဖွဲ့ဝင်သော ခရစ်သက္ကရာဇ်၏နောက်ဆုံး ဂဏန်းနှစ်လုံး ပြီးနောက် ‘/’ ခံ၍ ကိုယ်ပိုင်အမှတ်စဉ် (၄) လုံးဖြစ်ပါသည်။
ကိုယ်ပိုင်အမှတ်စဉ်နမူနာ - BO-22/0000
(ခ) UID မှာ အဖွဲ့ဝင်သော ခရစ်သက္ကရာဇ်၏နောက်ဆုံး ဂဏန်းနှစ်လုံး၊ အဖွဲ့ဝင်သူ၏နိုင်ငံ၏ ISO အမှတ်စဉ်၊ အဖွဲ့ဝင်သူ၏ တိုင်းဒေသကြီး/ပြည်နယ်၏ ISO 3166-2 အမှတ်စဉ်၊ ကျား/မ အမှတ်စဉ်၊ ကိုယ်ပိုင်အမှတ်စဉ် (၄) လုံး
UID နမူနာ - 22MM0610000
၈။ အဖွဲ့ဝင်အသိအမှတ်ပြုလက်မှတ်နှင့် အဖွဲ့ဝင်ကဒ်ပြားကို Hard Copy ဖြင့်ဖြစ်စေ Soft Copy ဖြင့်ဖြစ်စေ လိုအပ်သလို ထုတ်ပေးနိုင်သည်။
၉။ အဖွဲ့ဝင်အသိအမှတ်ပြုလက်မှတ်နှင့် အဖွဲ့ဝင်ကဒ်ပြားတို့၏ ပုံစံကို ပူတွဲပုံစံ (က-၁) နှင့် (က-၂) တို့အတိုင်း ထုတ်ပေးရမည်။ အဖွဲ့ဝင်အသိအမှတ်ပြုလက်မှတ်နှင့် အဖွဲ့ဝင်ကဒ်ပြားတို့ကို ပေါင်းစည်း၍ တစ်ခုတည်း လည်းထုတ်ပေးနိုင်သည်။
အခန်း (၃)
စေတနာ့ဝန်ထမ်းခဲ့သည့်အတွက်ကျေးဇူးတင်လွှာလက်မှတ်နှင့် စေတနာ့ဝန်ထမ်း၏ မြန်မာ့သစ်ခွတွင်လုပ်သက်သက်တမ်းတစ်လျှောက် အရည်အချင်းတိုင်းတာမှု အစီအရင်ခံစာလက်မှတ်
၁၀။ စေတနာ့ဝန်ထမ်းခဲ့သည့်အတွက်ကျေးဇူးတင်လွှာလက်မှတ်နှင့် စေတနာ့ဝန်ထမ်း၏ မြန်မာ့သစ်ခွတွင်လုပ်သက်သက်တမ်းတစ်လျှောက် အရည်အချင်းတိုင်းတာမှု အစီအရင်ခံစာလက်မှတ်တို့ကို အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနကသာ ထုတ်ပေးနိုင်သည်။
၁၁။ စေတနာ့ဝန်ထမ်းခဲ့သည့်အတွက်ကျေးဇူးတင်လွှာလက်မှတ်ကို အဖွဲ့ဝင်ခြင်းဆိုင်ရာမူဝါဒအရ အဖွဲ့ဝင်ဖြစ်၍ အောက်ပါအချက် တစ်ချက်ချက်နှင့် ငြိစွန်းခြင်းမှလွဲ၍ ၎င်းမူဝါဒအရ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်သူတိုင်းကို ပေးအပ်ရမည်။ အောက်ပါအချက် တစ်ချက်ချက်နှင့် ငြိစွန်းလျှင် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနက ထုတ်ပေးခြင်းမပြုရ။
(က)
၁၂။ (က) အထက်ပါစာပိုဒ်အရ အချက်များနှင် ငြိစွန်းခြင်းမရှိသောအဖွဲ့ဝင်တိုင်းကို စေတနာ့ဝန်ထမ်းခဲ့သည့်အတွက်ကျေးဇူးတင်လွှာလက်မှတ်ကို လက်မှတ်မှတ်ပုံတင်အမှတ်စဉ် တပ်ဆင်ပြီး ထုတ်ပေးရမည်။
(ခ) လက်မှတ်မှတ်ပုံတင်အမှတ်စဉ် တပ်ဆင်ထားခြင်းမရှိသောလက်မှတ်များနှင့်ပက်သက်၍ မြန်မာ့သစ်ခွအဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိ၍ မြန်မာ့သစ်ခွမှ တာဝန်ယူခြင်း မရှိစေရ။
(ဂ) လက်မှတ်မှတ်ပုံတင်အမှတ်စဉ် တပ်ဆင်ပြီးသော လက်မှတ်များကို အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနက ဒေတာများသိမ်းဆည်းထားရမည်။
(ဃ) လက်မှတ်မှတ်ပုံတင်အမှတ်စဉ်မှာ C/HR/ နုတ်ထွက်သောခရစ်သက္ကရာဇ်၏နောက်ဆုံး ဂဏန်းနှစ်လုံး:မှတ်ပုံတင်အမှတ်စဉ်:UID ဖြစ်သည်။
လက်မှတ်မှတ်ပုံတင်အမှတ်စဉ်နမူနာ - BOHR/CA/YY/XXXX
၁၃။ (က) အထက်ပါစာပိုဒ်အရ အချက်များနှင် ငြိစွန်းခြင်းမရှိသောအဖွဲ့ဝင်တိုင်းကို စေတနာ့ဝန်ထမ်း၏ မြန်မာ့သစ်ခွတွင်လုပ်သက်သက်တမ်းတစ်လျှောက် အရည်အချင်းတိုင်းတာမှု အစီအရင်ခံစာလက်မှတ်ကို လက်မှတ်မှတ်ပုံတင်အမှတ်စဉ် တပ်ဆင်ပြီး ထုတ်ပေးရမည်။
(ခ) လက်မှတ်မှတ်ပုံတင်အမှတ်စဉ် တပ်ဆင်ထားခြင်းမရှိသောလက်မှတ်များနှင့်ပက်သက်၍ မြန်မာ့သစ်ခွအဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိ၍ မြန်မာ့သစ်ခွမှ တာဝန်ယူခြင်း မရှိစေရ။
(ဂ) လက်မှတ်မှတ်ပုံတင်အမှတ်စဉ် တပ်ဆင်ပြီးသော လက်မှတ်များကို အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနက ဒေတာများသိမ်းဆည်းထားရမည်။
(ဃ) လက်မှတ်မှတ်ပုံတင်အမှတ်စဉ်မှာ SOP, နုတ်ထွက်သောခရစ်သက္ကရာဇ်၏နောက်ဆုံး ဂဏန်းနှစ်လု မှတ်ပုံတင်အမှတ်စဉ် ဖြစ်သည်။
လက်မှတ်မှတ်ပုံတင်အမှတ်စဉ်နမူနာ - BOHR/AL/YY/XXXX
၁၄။ စေတနာ့ဝန်ထမ်းခဲ့သည့်အတွက်ကျေးဇူးတင်လွှာလက်မှတ်နှင့် စေတနာ့ဝန်ထမ်း၏ မြန်မာ့သစ်ခွတွင်လုပ်သက်သက်တမ်းတစ်လျှောက် အရည်အချင်းတိုင်းတာမှု အစီအရင်ခံစာလက်မှတ်တို့ကို Hard Copy ဖြင့်ဖြစ်စေ Soft Copy ဖြင့်ဖြစ်စေ လိုအပ်သလို ထုတ်ပေးနိုင်သည်။
၁၅။ စေတနာ့ဝန်ထမ်းခဲ့သည့်အတွက်ကျေးဇူးတင်လွှာလက်မှတ်နှင့် စေတနာ့ဝန်ထမ်း၏ မြန်မာ့သစ်ခွတွင်လုပ်သက်သက်တမ်းတစ်လျှောက် အရည်အချင်းတိုင်းတာမှု အစီအရင်ခံစာလက်မှတ်တို့၏ ပုံစံကို ပူတွဲပုံစံ (ခ-၁) နှင့် (ခ-၂) တို့အတိုင်း ထုတ်ပေးရမည်။
အခန်း (၄)
အလှူငွေလက်ခံရရှိကြောင်းကျေးဇူးတင်လွှတ်လက်မှတ်
စအခန်း (၄) အလှူငွေလက်ခံရရှိကြောင်းကျေးဇူးတင်လွှတ်လက်မှတ်
၁၆။ အလှူငွေလက်ခံရရှိကြောင်းကျေးဇူးတင်လွှာလက်မှတ်ကို ဘဏ္ဍာရေးနှင့်စာရင်းကိုင်ဌာနကသာ ထုတ်ပေးနိုင်သည်။
၁၇။ အလှူငွေလက်ခံရရှိကြောင်းကျေးဇူးတင်လွှာလက်မှတ်ကို မြန်မာ့သစ်ခွအဖွဲ့သို့ အလှူငွေလှူဒါန်းသူတိုင်းကို ပေးအပ်ရမည်။
၁၈။ အလှူငွေလက်ခံရရှိကြောင်းကျေးဇူးတင်လွှာလက်မှတ်တွင် အလှူရှင်၏အမည်၊ လှူဒါန်းသည့်ပမာဏ၊ လှူဒါန်းသည့်ရက်စွဲနှင့် လက်မှတ်မှတ်ပုံတင်အမှတ်စဉ်တို့ ပါဝင်ရမည်။
၁၉။ လက်မှတ်မှတ်ပုံတင်အမှတ်စဉ်မှာ D/FIN/ လှူဒါန်းသောခရစ်သက္ကရာဇ်၏နောက်ဆုံး ဂဏန်းနှစ်လုံး:မှတ်ပုံတင်အမှတ်စဉ် ဖြစ်သည်။
လက်မှတ်မှတ်ပုံတင်အမှတ်စဉ်နမူနာ - BOTR/CA/YY/XXXX
၂၀။ အလှူငွေလက်ခံရရှိကြောင်းကျေးဇူးတင်လွှာလက်မှတ်ကို Hard Copy ဖြင့်ဖြစ်စေ Soft Copy ဖြင့်ဖြစ်စေ လိုအပ်သလို ထုတ်ပေးနိုင်သည်။
၂၁။ အလှူငွေလက်ခံရရှိကြောင်းကျေးဇူးတင်လွှာလက်မှတ်၏ ပုံစံကို ပူတွဲပုံစံ (ဂ-၁) အတိုင်း ထုတ်ပေးရမည်။
အခန်း (၅)
ပရိုဂရမ်တွင်ပါဝင်ခဲ့သည့်အတွက်ကျေးဇူးတင်လွှာလက်မှတ်
၂၂။ ပရိုဂရမ်တွင်ပါဝင်ခဲ့သည့်အတွက်ကျေးဇူးတင်လွှာလက်မှတ်ကို သက်ဆိုင်ရာပရိုဂရမ်ဦးစီးဌာနကသာ ထုတ်ပေးနိုင်သည်။
၂၃။ ပရိုဂရမ်တွင်ပါဝင်ခဲ့သည့်အတွက်ကျေးဇူးတင်လွှာလက်မှတ်ကို မြန်မာ့သစ်ခွအဖွဲ့မှစီစဉ်သော ပရိုဂရမ်များတွင် ပါဝင်ခဲ့သူတိုင်းကို ပေးအပ်ရမည်။
၂၄။ ပရိုဂရမ်တွင်ပါဝင်ခဲ့သည့်အတွက်ကျေးဇူးတင်လွှာလက်မှတ်တွင် ပါဝင်သူ၏အမည်၊ ပရိုဂရမ်အမည်၊ ပရိုဂရမ်ကျင်းပသည့်ရက်စွဲနှင့် လက်မှတ်မှတ်ပုံတင်အမှတ်စဉ်တို့ ပါဝင်ရမည်။
၂၅။ လက်မှတ်မှတ်ပုံတင်အမှတ်စဉ်မှာ P/PRO/ ပရိုဂရမ်ကျင်းပသည့်ခရစ်သက္ကရာဇ်၏နောက်ဆုံး ဂဏန်းနှစ်လုံး:မှတ်ပုံတင်အမှတ်စဉ် ဖြစ်သည်။
လက်မှတ်မှတ်ပုံတင်အမှတ်စဉ်နမူနာ - BOPM/CA/YY/XXXX
၂၆။ ပရိုဂရမ်တွင်ပါဝင်ခဲ့သည့်အတွက်ကျေးဇူးတင်လွှာလက်မှတ်ကို Hard Copy ဖြင့်ဖြစ်စေ Soft Copy ဖြင့်ဖြစ်စေ လိုအပ်သလို ထုတ်ပေးနိုင်သည်။
၂၇။ ပရိုဂရမ်တွင်ပါဝင်ခဲ့သည့်အတွက်ကျေးဇူးတင်လွှာလက်မှတ်၏ ပုံစံကို ပူတွဲပုံစံ (ဃ-၁) အတိုင်း ထုတ်ပေးရမည်။
အခန်း (၆)
ဥက္ကဋ္ဌ၊ နာယကအဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များ၏ သီးသန့်ကျေးဇူးတင်လွှာ သို့မဟုတ် ဂုဏ်ပြုလွှာ
၂၈။ ဥက္ကဋ္ဌ၊ နာယကအဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များ၏ သီးသန့်ကျေးဇူးတင်လွှာ သို့မဟုတ် ဂုဏ်ပြုလွှာကို ဥက္ကဋ္ဌရုံးကသာ ထုတ်ပေးနိုင်သည်။
၂၉။ ဥက္ကဋ္ဌ၊ နာယကအဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များ၏ သီးသန့်ကျေးဇူးတင်လွှာ သို့မဟုတ် ဂုဏ်ပြုလွှာကို အဖွဲ့အစည်းအတွက် ထူးချွန်စွာဆောင်ရွက်ခဲ့သူများ သို့မဟုတ် ထူးခြားသောပံ့ပိုးမှုများပြုလုပ်ခဲ့သူများကို ပေးအပ်ရမည်။
၃၀။ ဥက္ကဋ္ဌ၊ နာယကအဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များ၏ သီးသန့်ကျေးဇူးတင်လွှာ သို့မဟုတ် ဂုဏ်ပြုလွှာတွင် ဂုဏ်ပြုခံရသူ၏အမည်၊ ဂုဏ်ပြုသည့်အကြောင်းအရာ၊ ထုတ်ပေးသည့်ရက်စွဲနှင့် လက်မှတ်မှတ်ပုံတင်အမှတ်စဉ်တို့ ပါဝင်ရမည်။
၃၁။ လက်မှတ်မှတ်ပုံတင်အမှတ်စဉ်မှာ S/PRE/ ထုတ်ပေးသည့်ခရစ်သက္ကရာဇ်၏နောက်ဆုံး ဂဏန်းနှစ်လုံး:မှတ်ပုံတင်အမှတ်စဉ် ဖြစ်သည်။
လက်မှတ်မှတ်ပုံတင်အမှတ်စဉ်နမူနာ - BOAA/CA/YY/XXXX
၃၂။ ဥက္ကဋ္ဌ၊ နာယကအဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များ၏ သီးသန့်ကျေးဇူးတင်လွှာ သို့မဟုတ် ဂုဏ်ပြုလွှာကို Hard Copy ဖြင့်ဖြစ်စေ Soft Copy ဖြင့်ဖြစ်စေ လိုအပ်သလို ထုတ်ပေးနိုင်သည်။
၃၃။ ဥက္ကဋ္ဌ၊ နာယကအဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များ၏ သီးသန့်ကျေးဇူးတင်လွှာ သို့မဟုတ် ဂုဏ်ပြုလွှာ၏ ပုံစံကို ပူတွဲပုံစံ (င-၁) အတိုင်း ထုတ်ပေးရမည်။
အခန်း (၇)
သင်တန်းပြီးမြောက်ကြောင်းလက်မှတ်
၃၄။ သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ကို ပညာရေးနှင့်လေ့ကျင့်ရေးဌာနကသာ ထုတ်ပေးနိုင်သည်။
၃၅။ သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ကို မြန်မာ့သစ်ခွအဖွဲ့မှစီစဉ်သော သင်တန်းများကို အောင်မြင်စွာပြီးဆုံးခဲ့သူတိုင်းကို ပေးအပ်ရမည်။
၃၆။ သင်တန်းပြီးမြောက်ကြောင်းလက်မှတ်တွင် သင်တန်းသား၏အမည်၊ သင်တန်းအမည်၊ သင်တန်းကာလ၊ သင်တန်းပြီးဆုံးသည့်ရက်စွဲနှင့် လက်မှတ်မှတ်ပုံတင်အမှတ်စဉ်တို့ ပါဝင်ရမည်။
၃၇။ လက်မှတ်မှတ်ပုံတင်အမှတ်စဉ်မှာ T/EDU/ သင်တန်းပြီးဆုံးသည့်ခရစ်သက္ကရာဇ်၏နောက်ဆုံး ဂဏန်းနှစ်လုံး:မှတ်ပုံတင်အမှတ်စဉ် ဖြစ်သည်။
လက်မှတ်မှတ်ပုံတင်အမှတ်စဉ်နမူနာ -BOAM/CC/YY/XXXX
၃၈။ သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ကို Hard Copy ဖြင့်ဖြစ်စေ Soft Copy ဖြင့်ဖြစ်စေ လိုအပ်သလို ထုတ်ပေးနိုင်သည်။
BOAM/AT/YY/XXXX
၃၉။ သင်တန်းပြီးမြောက်ကြောင်းလက်မှတ်၏ ပုံစံကို ပူတွဲပုံစံ (စ-၁) အတိုင်း ထုတ်ပေးရမည်။
အခန်း (၈)
အခြားလက်မှတ်များ
၄၀။ ဤမူဝါဒတွင် အတိအကျဖော်ပြထားခြင်းမရှိသော အခြားလက်မှတ်များကို အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနက ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့် ထုတ်ပေးနိုင်သည်။
၄၁။ အခြားလက်မှတ်များအတွက် ထုတ်ပေးခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ပုံစံများနှင့် မှတ်ပုံတင်အမှတ်စဉ်များကို သက်ဆိုင်ရာဌာနက သီးခြားသတ်မှတ်ရမည်။
၄၂။ အခြားလက်မှတ်များထုတ်ပေးရာတွင် ဤမူဝါဒ၏အခြေခံမူများနှင့်အညီဖြစ်စေရမည်။
အခန်း (၉)
အထွေထွေ
၈၅။ ယခင် ဤမူဝါဒကဲ့သို့ တစ်သမတ်းတည်းမရှိခင်က ထုတ်ပေးခဲ့သော အသိအမှတ်ပြုလက်မှတ်နှင့် စာရွက်စာတမ်းများကို ဤမူဝါဒအရ မှတ်ပုံပြန်လည်တင်၍ ဤမူဝါဒပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ ဆက်လက်သုံးစွဲနိုင်သည်။
၈၆။ ဤမူဝါဒပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနသည် စည်းမျဉ်းနှင့် စည်းကမ်းများ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်နိုင်သည်။
မြန်မာ့သစ်ခွ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပုဒ်မ ၃၈၊ ပုဒ်မခွဲ ဆ၊ အရ ကျွန်ုပ်လက်မှတ်ရေးထိုးအတည်ပြုသည်။
အဖွဲ့အစည်းတံဆိပ် | ဥက္ကဋ္ဌ မြန်မာ့သစ်ခွ |

