Skip to Content
  • An Official Website of Burmese Orchid. How to identify?
Burmese Orchid
  • 0
    My Cart
  • Sign in
  • Home
  • Alumni
  • Contact us
  •  My Tasks
Burmese Orchid
  • 0
    • Home
    • Alumni
    • Contact us
  • An Official Website of Burmese Orchid. How to identify?
  • Sign in
  •  My Tasks


Commercial Projects Management Policy


Table of Contents

​ Related Agencies & Policies
​ Related Rules & Procedures
​ The Policy

 Print

Related Agencies & Policies

Enforcing Agencies
  •  
Related Policies
  • Project Management Policy

Related Rules & Procedures

​ Procedures for Investigating a Case
​ Procedures on Taking Actions
​ Conflict Resolution Procedure
​ Procedures for Inspecting and Instructing the Organization's responsible Teams and Individuals​
Procedure for Interpreting Constitutional Principles, Rules and Policies, and Inconsistencies in Policies and Procedures

The Policy

မြန်မာ့သစ်ခွအဖွဲ့

ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့

မူဝါဒအမှတ် (ဈ)

“စီးပွားဖြစ်လုပ်ငန်းများစီမံခန့်ခွဲရေးဆိုင်ရာမူဝါဒ”

၁၃၈၆ ခု တပို့တွဲလပြည့်ကျော် ၁ရက်

၂၄ရက် ဇူလိုင်လ ၂၀၂၃ခုနှစ်


၁။ ဤမူဝါဒကို စီးပွားဖြစ်လုပ်ငန်းများစီမံခန့်ခွဲရေးဆိုင်ရာမူဝါဒ ဟု ခေါ်တွင်စေရမည်။


၂။ မြန်မာ့သစ်ခွအဖွဲ့၏ ဝင်ငွေရသောစီမံကိန်းဆိုင်ရာလုပ်ငန်းများ နှင့်ပက်သက်၍ စည်းကမ်းတကျ ကိုင်တွယ်အုပ်ချုပ်စီမံခန့်ခွဲနိုင်ရန် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ဤစည်ကမ်းသတ်မှတ်ချက်များကို သတ်မှတ်သည်။


၃။ မြန်မာ့သစ်ခွအတွက် ဝင်ငွေရရှိသော မည်သည့် စီမံကိန်း၊ လုပ်ငန်း၊ ပရိုဂရမ်၊ အီဗန့်မဆို စီးပွားဖြစ်လုပ်ငန်းများအဖြစ် ဤမူဝါဒနှင့်အကြုံးဝင်သည်။ 

ခြွင်းချက် ။ ။ အခြားမူဝါဒများမှ ဤမူဝါဒနှင့်မသက်ဆိုင်ဟု ပြဋ္ဌာန်းထားသော စီးပွားဖြစ်လုပ်ငန်းများအတွက် အကြုံးမဝင်ပါ။ 


၄။ အဖွဲ့ဗဟို ရုံး၊ ဌာနများ၏ လက်အောက်ရှိ အချို့စီးပွားဖြစ်လုပ်ငန်းများသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ဗဟိုဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်ရသဖြင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ချမှတ်သော ရည်ရွယ်ချက်၊ မူဘောင်များအတိုင်း အပိုဝင်ငွေ အကျိုးရလဒ်များ ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ရမည်။


၅။ မြန်မာ့သစ်ခွ၏ အချို့စီးပွားဖြစ်လုပ်ငန်းများသည် မိမိ၏ ဘဏ္ဍာငွေအပေါ်ရပ်တည်၍ မိမိ၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် လုပ်ငန်းများကိုဆောင်ရွက်ရသဖြင့် ထိုစီးပွားဖြစ်လုပ်ငန်းများသည် မိမိလုပ်ငန်းများ ဆက်လက်တည်တံ့စေရေးကို အလေးပေး၍ မြန်မာ့သစ်ခွအတွက် အပိုဝင်ငွေ အကျိုးရလဒ်များ ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ရမည်။ 


၆။ စီးပွားဖြစ်လုပ်ငန်းများသည် မိမိဆောင်ရွက်သော ကုန်စည်နှင့်ဝန်ဆောင်မှု၏ အရည်အသွေးကို ကောင်မွန်စေရန် အမြဲတစေ အဆင့်မြှင့်တင်ခြင်းများပြုလုပ်ရမည်။


၇။ မြန်မာ့သစ်ခွ၏ လုပ်ငန်းတစ်ရပ်ရပ်မှ လုပ်ကိုင်ဆောင်ရွက်သော ကုန်စည်နှင့်ဝန်ဆောင်မှု ရောင်းချမှု အ‌ရေအတွက်ကို ၎င်းတို့၏ဝယ်လိုအားအပေါ်မူတည်၍ အရေအတွက်ကန့်သတ်ထုတ်ဝေခြင်း၊ အခါအားလျော်စွာ ဈေးနှုန်းသတ်မှတ်ခြင်းများပြုလုပ်နိုင်သည်။ 


၈။ ဈေးနှုန်းသတ်မှတ်ရာတွင် ၎င်းကုန်စည်နှင့်ဝန်ဆောင်မှု၏ ထုတ်လုပ်မှုကုန်ကျစရိတ်၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်းကို ပေါင်းထည့်သတ်မှတ်ရမည်။


၉။ ၎င်းအထက်ပါဈေးနှုန်းသတ်မှတ်ခြင်းကို စျေးကွက်ပရိုမိုးရှင်းပြုလုပ်ချိန်တွင် အသုံးမပြုဘဲထားနိုင်သည်။ 


၁၀။ ၎င်းလုပ်ငန်းများကို လည်ပတ်စေရာတွင် လိုအပ်သော အရင်းအမြစ် စီမံခန့်ခွဲမှုများကို စီမံရေးနှင့်ထုတ်လုပ်မှုဌာနနှင့် အုပ်ချုပ်ရေးနှင့်လူအရင်းအမြစ်ဌာနတို့မှတာဝန်ယူ စီမံခန့်ခွဲရမည်။ 


၁၁။ အထက်ပါလုပ်ငန်းတာဝန်များကို ထိုလုပ်ငန်းအားတာဝန်ယူရသောသူ သို့မဟုတ် ထိုသူကတာဝန်ပေးအပ်သောသူက တာဝန်ယူဆောင်ရွက်ရမည်။


၁၂။ ဤမူဝါဒပါ စီးပွားဖြစ်လုပ်ငန်းများနှင့် ကိုက်ညီသောလုပ်ငန်းများနှင့် ဤမူဝါဒနှင့် ပက်သက်သော လိုအပ်သောကိစ္စရပ်များအတွက် စီမံရေးနှင့်ထုတ်လုပ်မှုဌာနသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘေတူညီချက်ဖြင့် စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်င်သည်။ 


၂၄ရက် ဇူလိုင်လ ၂၀၂၃ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ အတည်ပြု၍ကြေငြာသည်။ 



ဖြိုးမြတ်မောင်

ဥက္ကဋ္ဌ

မြန်မာ့သစ်ခွ


မြန်မာ့သစ်ခွဖွဲ့စည်းပုံအခြေခံမူအရ အဖွဲ့အတွင်းလိုက်နာရမည့်မူဝါဒအဖြစ် ကြေငြာသည်။


မမူမူဆွေ

အထွေထွေအတွင်းရေးမှူး

မြန်မာ့သစ်ခွ

×
Notice Alert !

Please disable VPN while submitting forms at Burmese Orchid websites.

The Burmese Orchid is youth-led non-profit organisation based in the Republic of the Union of Myanmar. 

One of the Burmese Orchid Official Websites.


Follow us

Contact Us

enquiries@burmeseorchid.org

+95 9 964 512890

  • Home
  • •
  • About us
  • •
  •  
  • Privacy Policy
  • •
  • Forum
Copyright © Burmese Orchid 2022 - 2024
Powered by Odoo - The #1 Open Source eCommerce
Website Logo




Respecting your privacy is our priority.

Allow the use of cookies from this website on this browser?

We use cookies to provide improved experience on this website. You can learn more about our cookies and how we use them in our Cookie Policy.

Allow all cookiesOnly allow essential cookies