Skip to Content
  • An Official Website of Burmese Orchid. How to identify?
Burmese Orchid
  • 0
    My Cart
  • Sign in
  • Home
  • Alumni
  • Contact us
  •  My Tasks
Burmese Orchid
  • 0
    • Home
    • Alumni
    • Contact us
  • An Official Website of Burmese Orchid. How to identify?
  • Sign in
  •  My Tasks


Electronic Management Policy

Table of Contents

​ Related Agencies & Policies
​ Related Rules & Procedures
​ The Policy

 Print

Related Agencies & Policies

Enforcing Agencies
  •  
Related Policies
  • Meetings Manual

Related Rules & Procedures

​ Procedures for Investigating a Case
​ Procedures on Taking Actions
​ Conflict Resolution Procedure
​ Procedures for Inspecting and Instructing the Organization's responsible Teams and Individuals​
Procedure for Interpreting Constitutional Principles, Rules and Policies, and Inconsistencies in Policies and Procedures

The Policy

မြန်မာ့သစ်ခွအဖွဲ့

ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး

မူဝါဒအမှတ် (ဆ)

“အီလက်ထရောနစ် စီမံခန့်ခွဲရေးဆိုင်ရာမူဝါဒ”

၁၃၈၆ ခု တပို့တွဲလပြည့်ကျော် ၁ရက်

၁၃ရက် ဖေဖော်ဝါရီလ ၂၀၂၅ခုနှစ်

၁။ ဤမူဝါဒကို သတင်းအချက်အလက်နည်းပညာအသုံးပြုခြင်းဆိုင်ရာ စီမံခန့်ခွဲရေးမူဝါဒဟု ခေါ်တွင်စေရမည်။ 

၂။ ဤမူဝါဒတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည် -

(က) သတင်းအချက်အလက် ဆိုသည်မှာ အချက်အလက် (Data)၊ မူရင်းစာ (Text)၊ ပုံရိပ်သဏ္ဍာန် (Image)၊ အသံ (Voice)၊ ရုပ်ရှင် ဗီဒီယို (video)၊ သင်္ကေတ (Code)၊ ဆော့ဖ်ဝဲ (Software)၊ အပလီကေးရှင်း (Application) နှင့် အချက်အလက် အစုအဝေး (Database) တို့ကို ဆိုသည်။

(ခ) အီလက်ထရောနစ်မှတ်တမ်း (Electronic record) ဆိုသည်မှာ သတင်းအချက် အလက်စနစ်တစ်ခုတွင် သော်လည်းကောင်း၊ သတင်းအချက်အလက်စနစ်တစ်ခုမှ အခြား စနစ်တစ်ခုသို့ ပေးပို့ရေးအတွက် သော်လည်းကောင်း၊ အီလက်ထရောနစ်နည်းဖြင့် ဖြစ်စေ၊ သံလိုက်ဓါတ်ဖြင့်ဖြစ်စေ၊ အလင်းတန်းဖြတ်သန်းခြင်းနည်း (Optical means) ဖြင့်ဖြစ်စေ၊ အလားတူအခြားနည်းပညာတစ်ရပ်ရပ်ဖြင့်ဖြစ်စေ၊ သတင်းအချက်အလက် တစ်ခုခုကို ဖြစ်ပေါ်စေသော၊ ပေးပို့သော၊ လက်ခံရယူသော သို့မဟုတ် သိုမှီးထိန်းသိမ်းသော အထောက်အထားမှတ်တမ်းကို ဆိုလိုသည်။

(ဂ) အီလက်ထရောနစ် အချက်အလက်သတင်းလွှာ (Electronic data message) ဆိုသည်မှာ အီလက်ထရောနစ် အချက်အလက် အပြန်အလှန် ပို့ဆောင်သည့် အီးဒီအိုင် * (Electronic data interchange) ဖက်စ်၊ အီးမေးလ်၊ ကြေးနန်း၊ တဲလက်စ်နှင့် တယ်လီကော်ပီတို့အပါအဝင် အီလက်ထရောနစ် နည်းဖြင့်ဖြစ်စေ၊ အလင်းတန်း ဖြတ်သန်းခြင်း နည်းဖြင့်ဖြစ်စေ အလားတူ အခြားနည်းပညာ တစ်ရပ်ရပ်ဖြင့်ဖြစ်စေ၊ ဖြစ်ပေါ်စေသော၊ ပေးပို့သော၊ လက်ခံရယူသော သို့မဟုတ် သိုမှီးထိန်းသိမ်းသော သတင်းအချက်အလက်ကို ဆိုသည်။

(ဃ) ကွန်ပျူတာ ဆိုသည်မှာ သတင်းအချက်အလက်နှင့် မှတ်တမ်းများရယူခြင်း၊ ထားရှိခြင်း၊ တစ်နေရာမှ တစ်နေရာသို့ပေးပို့ခြင်း၊ သိုမှီးထိန်းသိမ်းခြင်း၊ လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ခြင်းနှင့် လိုအပ်သောအချိန်၌ ပြန်လည်ဖေါ်ထုတ်၍ အသုံးပြုခြင်းတို့ကို လည်းကောင်း၊ သင်္ချာဆိုင်ရာနှင့် ယုတ္တိဗေဒဆိုင်ရာ နည်းလမ်းများ အသုံးပြုဆောင်ရွက် ခြင်းကိုလည်းကောင်း၊ အီလက်ထရောနစ် နည်းဖြင့်ဖြစ်စေ ၊ သံလိုက်ဓါတ်ဖြင့် ဖြစ်စေ ၊ အလင်းတန်းဖြတ်သန်းခြင်း နည်းဖြင့်ဖြစ်စေ၊ အလားတူအခြား နည်းပညာတစ်ရပ်ရပ်ဖြင့် ဖြစ်စေ၊ ဆောင်ရွက်နိုင်သည့် ပစ္စည်းကိရိယာကို ဆိုသည်။

(င) ကွန်ရက် ဆိုသည်မှာ ဆက်သွယ်ရေးနည်းပညာတစ်ခုခုကို အသုံးပြုပြီး ဆက်သွယ်ရေး ပစ္စည်း၊ ကွန်ပျူတာ၊ ကွန်ပျူတာကဲ့သို့သော အလားတူပစ္စည်း ယင်းတို့နှင့် တွဲဖက် အသုံးပြုနိုင်သည့်စနစ်နှင့် ပစ္စည်းကို ကြိုးဖြင့်ဖြစ်စေ၊ ကြိုးမဲ့ဖြစ်စေ၊ ဂြိုလ်တုမှ တစ်ဆင့်ဖြစ်စေ၊ အခြားနည်းပညာတစ်ရပ်ရပ်မှ တစ်ဆင့်ဖြစ်စေ အချင်းချင်းချိတ်ဆက် အသုံးပြုသောစနစ်ကို ဆိုသည်။

(စ) အချက်အလက် (Data) ဆိုသည်မှာ ကွန်ရက် သို့မဟုတ် ကွန်ပျူတာ စနစ်တစ်ခု အတွင်းတွင် လုပ်ဆောင်ထားသော၊ လုပ်ဆောင်ဆဲနှင့် ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်ထားသော စည်းမျဉ်းစည်းကမ်းတကျ လုပ်ထုံးလုပ်နည်းများဖြင့် ပြင်ဆင် ထားခဲ့ပြီးသော သို့မဟုတ် ပြင်ဆင်နေဆဲဖြစ်သော ညွှန်ကြားချက်၊ ယူဆချက်၊ အချက်အလက်၊ အသိပညာ၊ သတင်းအချက်အလက်တို့အပြင် ကွန်ပျူတာမှတ်ဉာဏ် တွင် ပုံစံအမျိုးမျိုးဖြင့် သိမ်းဆည်းထားနိုင်ခြင်းကို ဆိုသည်။

(ဆ) ကိုယ်ရေးဆိုင်ရာအချက်အလက် ဆိုသည်မှာ လူတစ်ဦးတစ်ယောက်နှင့် ဆက်နွယ် သည့် မည်သူမည်ဝါအဖြစ် အတည်ပြုပြီးသော သို့မဟုတ် အတည်ပြုနိုင်သော မည်သည့် အချက်အလက်ကိုမဆို ဆိုသည်။

(ဇ) စီမံခန့်ခွဲခြင်း ဆိုသည်မှာ အချက်အလက်များကို ကောက်ယူခြင်း၊ ရယူ ခြင်း၊ လွှဲပြောင်းခြင်း၊ ဖြန့်ဝေခြင်း၊ တွဲဖက်ဆောင်ရွက်ခြင်း၊ တားမြစ်ခြင်း၊ ဖျက်ဆီး ခြင်း၊ မှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းခြင်း၊ သိမ်းဆည်းခြင်း၊ ပြောင်းလဲခြင်း၊ သိမ်းဆည်း ထားသည်များအား ပြန်လည်ကောက်ယူခြင်း၊ အကြံပြုခြင်း၊ အသုံးပြုခြင်း၊ ထုတ်ဖော်ခြင်းကို ဆိုသည်။

(ဈ) ဝက်ဘ်ဆိုဒ် (Website) ဆိုသည်မှာ ဒိုမိန်း (Domain) တစ်ခု သို့မဟုတ် ဒိုမိန်းခွဲ (Subdomain) တစ်ခု အပေါ်အခြေပြုတည်‌ေဆာက်ထားသော ဆိုက်ဘာနယ်ပယ် (Cyber Space) တစ်ခုဖြစ်သည်။

(ည) ဆက်သွယ်ရေးပစ္စည်းဆိုသည်မှာ နည်းပညာတစ်ရပ်ရပ်အရ အပြန်အလှန်အားဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်သော ဆက်သွယ်ရေးပစ္စည်းများ၊ ၎င်းတို့၏ အခြေခံအဆောက် အဦများ၊ ဆက်စပ်ပစ္စည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနက သတ်မှတ်ထုတ်ပြန် ထားသည့် ဆက်သွယ်ရေးပစ္စည်းတစ်ခုခုကို ဆိုသည်။

(ဋ) အွန်လိုင်းဆက်သွယ်ရေး ဆိုသည်မှာ လူတစ်ဦးချင်းအနေဖြင့်ဖြစ်စေ၊ လုပ်ငန်း အဖွဲ့အစည်းတစ်ခုအနေဖြင့်ဖြစ်စေ၊ ဆိုက်ဘာအရင်းအမြစ် တစ်ရပ်ရပ်နှင့် သတင်း အချက်အလက် နည်းပညာအရ ချိတ်ဆက်ဆောင်ရွက်နိုင်သော ဆက်စပ်ပစ္စည်း (Internet of Things (IoT)) အားအသုံးပြုပြီး ဆိုက်ဘာနယ်ပယ်အတွင်း၌ အီလက်ထရောနစ်အစိုးရ အခြေခံ အဆောက်အဦ (E-Government Infrastructure), အီလက်ထရောနစ် စီးပွားရေး အခြေခံအဆောက်အဦ (E-commerce Infrastructure), ဖိုရမ် (Forum), ဘလော့ဂ် (Blog) နှင့် လူမှုကွန်ယက် အပါအဝင် အွန်လိုင်း ဆက်သွယ်ဆောင်ရွက်မှုတစ်ခုခုအား ဆက်သွယ်ဆောင်ရွက် အသုံးပြုခြင်းကိုဆိုသည်။

(ဌ) မောလ်ဝဲရ် (Malware) ဆိုသည်မှာ ဆိုက်ဘာအရင်းအမြစ်အား အနှောင့်အယှက် ဖြစ်စေသော၊ အန္တရာယ်ဖြစ်စေသော အဖျက်အမှောင့်ကုဒ် (Malicious Code) များကို ဆိုသည်။

(ဍ) ဒိုမိန်း (Domain) ဆိုသည်မှာ အွန်လိုင်းဆက်သွယ်ရေး သို့မဟုတ် ဆိုက်ဘာနယ်ပယ် (Cyber Space) တည်ဆောက်ပြုလုပ်ရာတွင် အသုံးပြုရသော အမှီခိုကင်းသော မူလရင်းမြစ် အစုဝင်များဖြစ်သည့် ရှာဖွေနိုင်သည့် အမည် သို့မဟုတ် သင်္ကေတကိုဆိုသည်။ ဒိုမိန်းခွဲ (Subdomain) ဆိုသည်မှာ ဒိုမိန်း (Domain) မှတဆင့် နောက်ထပ်အမည် သို့မဟုတ် သင်္ကေတဖြင့် ပြန်လည်ခွဲခြားထားသည့် ဒိုမိန်း (Domain) ကိုဆိုသည်။

(ဎ) ဆိုက်ဘာလုံခြုံရေး ဆိုသည်မှာ သတင်းအချက်အလက်၊ ဆိုက်ဘာ အရင်းအမြစ်၊ အီလက်ထရောနစ်သတင်းအချက်အလက်၊ အရေးကြီးသတင်းအချက်အလက် အခြေခံ အဆောက်အဦတို့ကို ခွင့်ပြုချက်မရှိဘဲ ရယူမှု၊ ဖွင့်ချမှု၊ ပေးပို့မှု၊ ဖြန့်ဝေမှု၊ အသုံးပြုမှု၊ နှောင့်ယှက်မှု၊ ပြုပြင်ပြောင်းလဲမှုနှင့် ဖျက်ဆီးမှုများအား ကာကွယ်ခြင်းကို ဆိုသည်။

(ဏ) ဆိုက်ဘာနယ်ပယ် (Cyber Space) ဆိုသည်မှာ သတင်းအချက်အလက် နည်းပညာ အခြေခံကွန်ရက်စနစ်တွင် ဆိုက်ဘာအရင်းအမြစ်များအား အသုံးပြု၍ သတင်း အချက်အလက်၊ အချက်အလက်အစုအဝေး၊ အီလက်ထရောနစ် သတင်းအချက် အလက်၊ ကွန်ပျူတာပရိုဂရမ်၊ ဆော့ဖ်ဝဲ (Software)၊ အပလီကေးရှင်း (Application) တစ်ခုခုအား အသုံးပြုပြီး အီလက်ထရောနစ် သတင်းအချက်အလက် များအား နည်းပညာကွန်ရက် တစ်ခုအတွင်း ဖြစ်စေ၊ ကွန်ရက် အချင်းချင်းချိတ်ဆက်၍ ဖြစ်စေ၊ အပြန်အလှန်အားဖြင့် ပေးပို့ခြင်း၊ ဆက်သွယ်ခြင်း၊ ဖြန့်ဝေခြင်းနှင့် လက်ခံရယူခြင်းများ ဆောင်ရွက်နိုင်သည့် ဝန်းကျင်နယ်ပယ်ကို ဆိုသည်။

၃။ ဤမူဝါဒသည် မြန်မာ့သစ်ခွ၏ အတွင်းပိုင်း ဝဘ်ပေါ်တယ်သုံးစွဲခွင့်ရရှိထားသည့် အသင်းသားများအားလုံးအပြင် အခြားမြန်မာ့သစ်ခွ၏ ဝက်ဆိုဒ်များကို ကြည့်ရှုသုံးစွဲသူများ အတွက်ပါ အကျုံးဝင်သည်။

၄။ သတင်းအချက်အလက်နည်းပညာဌာန

(က) ဤမူဝါဒအရ သတင်းအချက်အလက်နည်းပညာဌာနကို သီးခြား၍ဖြစ်စေ၊ ပြင်ပဆက်ဆံရေးဌာနနှင့် တွဲဖက်၍ဖြစ်စေ ဖွဲ့စည်းရမည်။

(ခ) သတင်းအချက်အလက်နည်းပညာဌာနသည် ဤမူဝါဒပါကိစ္စရပ်များအားလုံးကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။

၅။ အမှုဆောင်ဆက်သွယ်ရေးရုံးချုပ် (Executive Communications Headquarters - ECHQ)

(က) ဤမူဝါဒအရ အမှုဆောင်ဆက်သွယ်ရေးရုံးချုပ် (Executive Communications Headquarters - ECHQ) ကို အထွေထွေအတွင်းရေးမှူးချုပ်ရုံးက ဆယ်သွယ်ရေးအမှုဆောင်အရာရှိကဦးဆောင်ပြီး အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန၊ ပြင်ပဆက်ဆံရေးဌာနနှင့် သတင်းအချက်အလက်နည်းပညာဌာတို့မှ လူအင်အားအချို့နှင့် ပူပေါင်း၍ ဖွဲ့စည်းရမည်။

(ခ) အမှုဆောင်ဆက်သွယ်ရေးရုံးချုပ်သည်-

(၁) အမှုဆောင်ရုံးများနှင့် ဌာနများ၏ သတင်း၊ ညွှန်ကြားချက်၊ ကြေငြာချက်များကို သက်ဆိုင်သူများထံ ရောက်ရှိအောင်ပို့ဆောင်ရမည်။

(၂) အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကို တာဝန်ယူဆောင်ရွက်ရမည်။

(၃) အများပြည်သူထံတင်ပြသော ကြားခံနယ်များကို တာဝန်ယူ ကိုင်တွယ်ဆောင်ရွက်ရမည်။


ဒိုမိန်းစီမံခန့်ခွဲခြင်း

၆။ မြန်မာ့သစ်ခွ ဒိုမိန်းကို သက်ဆိုင်ရာ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းမှဝယ်ယူငှားရမ်းရမည်။

၇။ မြန်မာ့သစ်ခွ ဒိုမိန်းများသည် အောက်ပါ ပုံစံသဏ္ဍာန်များထဲမှ တစ်ခုခုအတိုင်းသာဖြစ်စေရမည်။

  • burmeseorchid.org
  • burmeseorchid.com
  • burmeseorchid.net
  • burmeseorchid.org.mm
  • burmeseorchid.com.mm
  • burmeseorchid.net.mm
  • burmeseorchid.org.[country tld code]

၈။ မြန်မာ့သစ်ခွ ဒိုမိန်းခွဲများကို လိုအပ်၍တည်ထောင်ပါက တည်ထောင်လိုသည့် ရည်ရွယ်ချက်နှင့်တကွ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ထံတင်ပြ ခွင့်ပြုချက်တောင်းယူရမည်။


ဝက်ဘ်ဆိုဒ်များ

၉။ မြန်မာ့သစ်ခွတွင် ဝက်ဘ်ဆိုဒ်များတည်ဆောက်ရာတွင် အောက်ပါ ဝက်ဘ်ဆိုဒ်များသာရှိစေရမည်။

(က) ပုဒ်မ ၈ အရတည်ထောင်သော ဝက်ဘ်ဆိုဒ်၊

(ခ) ပုဒ်မ ၁၀ အရတည်ထောင်သော ဝက်ဘ်ဆိုဒ်၊

(ဂ) ပုဒ်မ ၈ အရတည်ထောင်သော ဝက်ဘ်ဆိုဒ်၊

(ဃ) ပုဒ်မ ၈ အရတည်ထောင်သော ဝက်ဘ်ဆိုဒ်၊

(င) ပုဒ်မ ၈ အရတည်ထောင်သော ဝက်ဘ်ဆိုဒ်များ။






ဝက်ဘ်ဆိုဒ်များအား လည်ပတ်စေခြင်းနှင့် စီမံခန့်ခွဲခြင်း

၁၀။ (က) ပုဒ်မ ၆၊ ပုဒ်မခွဲ က၊ အရတည်ထောင်သော ဝက်ဘ်ဆိုဒ်သည် မြန်မာ့သစ်ခွ၏ တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်ပြီး မြန်မာ့သစ်ခွအဖွဲ့ဝင်မဟုတ်သော ပြင်ပ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအတွက် မြန်မာ့သစ်ခွ အကြောင်း အချက်အလက်များကို ရှာဖွေကြည့်ရှုနိုင်ရန်ဖြစ်ပါသည်။

(ခ) ဤပုဒ်မ အရတည်ထောင်သော ဝက်ဘ်ဆိုဒ်၏ ဒိုမိန်းအမည်မှာ www.burmeseorchid.org ဖြစ်သည်။

၁၁။ (က) ပုဒ်မ ၆၊ ပုဒ်မခွဲ ခ၊ အရတည်ထောင်သော ဝက်ဘ်ဆိုဒ်ကို မြန်မာ့သစ်ခွအဖွဲ့ဝင်များ၏ အဖွဲ့အစည်းလုပ်ငန်းဆောင်တာများနှင့် ၎င်းတို့၏အဖွဲ့ဝင်ခြင်းနှင့်ပက်သက်သော သတင်းအချက်အလက်များကို ရယူနိုင်ရန်နှင့် အဖွဲ့အစည်း၏ အဖွဲ့ဝင်များအတွက် ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရန်တည်ဆောက်ရမည်။

(ခ) ဤဝက်ဘ်ဆိုဒ်တွင်-

(၁) ဌာနအလိုက်ဝန်ဆောင်မှုများနှင့် အဖွဲ့ဝင်များ၏ အချက်အလက်ဒေတာကို အဖွဲ့လိုက်ဖြစ်စေ တစ်ဦးချင်းဖြစ်စေ လက်လှမ်းမှီကြည့်ရှုနိုင်ရန် ဆောင်ရွက်ရမည်။

(၂) အဖွဲ့ဝင်များအား ၎င်းဝက်ဘ်ဆိုဒ်သုံးစွဲရန် မတူညီသည့် အကောင့်ဝင်မည့် အချက်အလက်များ (Login Credentials) ပေးအပ်ရမည်။

(၃) မည်သူမျှ မိမိ၏ ဝင်ရောက်မှုအချက်အလက်များကို အခြားသူများနှင့် မမျှဝေရ။

(၄) ဝင်ရောက်ခွင့်ကို အဖွဲ့ဝင်များ၏ တာဝန်နှင့် အခန်းကဏ္ဍအပေါ် အခြေခံ၍ ပေးအပ်မည်။

(၅) မလိုလားအပ်သော ဝင်ရောက်မှု၊ လုံခြုံရေး ချို့ယွင်းမှုများ သို့မဟုတ် အကောင့်နှင့် ပတ်သက်သည့် ပြဿနာများကို မည်သူမဆို အကြောင်းကြားရန် လိုအပ်သည်။

(ဂ) ဤပုဒ်မ အရတည်ထောင်သော ဝက်ဘ်ဆိုဒ်၏ ဒိုမိန်းအမည်မှာ workspace.burmeseorchid.org ဖြစ်သည်။

၁၂။ (က) ပုဒ်မ ၆၊ ပုဒ်မခွဲ ဂ၊ အရတည်ထောင်သော ဝက်ဘ်ဆိုဒ်သည် မြန်မာ့သစ်ခွပညာရေးဗဟိုဌာန၏ တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်ပြီးမြန်မာ့သစ်ခွပညာရေးဗဟိုဌာနမှ ဖွင့်လှစ်သော သင်တန်းများအကြောင်း အချက်အလက်များကို ရှာဖွေကြည့်ရှုနိုင်ရန်ဖြစ်ပါသည်။

(ခ) ဤပုဒ်မ အရတည်ထောင်သော ဝက်ဘ်ဆိုဒ်၏ ဒိုမိန်းအမည်မှာ edu.burmeseorchid.org ဖြစ်သည်။

၁၃။ (က) ပုဒ်မ ၆၊ ပုဒ်မခွဲ ဃ၊ အရတည်ထောင်သော ဝက်ဘ်ဆိုဒ်သည် မြန်မာ့သစ်ခွပညာရေးဗဟိုဌာန၏ စာကြည့်တိုက်ဆိုင်ရာ ဝက်ဘ်ဆိုဒ်ဖြစ်ပြီး စာပေအချက်အလက်များကို ရှာဖွေကြည့်ရှုနိုင်ရန်ဖြစ်ပါသည်။

(ခ) ဤပုဒ်မ အရတည်ထောင်သော ဝက်ဘ်ဆိုဒ်၏ ဒိုမိန်းအမည်မှာ lib.burmeseorchid.org ဖြစ်သည်။

၁၄။ (က) ပုဒ်မ ၆၊ ပုဒ်မခွဲ င၊ အရတည်ထောင်သော ဝက်ဘ်ဆိုဒ်များသည် မြန်မာ့သစ်ခွ၏ ကဏ္ဍအလိုက် သီးသန့် ပညာပေးအစီအစဉ် အကြောင်းအရာ အချက်အလက်များကို ဝေမျှနိုင်ရန်ဖြစ်ပါသည်။

(ခ) ဤပုဒ်မ အရတည်ဆောက်သော ဝက်ဘ်ဆိုဒ်များ၏ ဒိုမိန်းအမည်များ တည်ဆောက်ချိတ်ဆက်ရာတွင် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အတည်ပြုချက်ကိုရယူရမည်။


စည်းမျဉ်းစည်းကမ်းချက်များ

၁၅။ မြန်မာ့သစ်ခွ၏ ဝက်ဘ်ဆိုဒ်များမှ သို့တည်းမဟုတ် မြန်မာ့သစ်ခွမှ လုပ်ပိုင်ခွင့်ရှိသူ အရာရှိတစ်ဦးဦးမှ တဆင့် အီလက်ထရောနစ်နည်းအရ ပဋိဉာဉ်များလက်မှတ်ထိုးဆောင်ရွက်ခြင်းသည်-

(က) အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (၂၀၀၄)နှင့် ဆိုက်ဘာလုံခြုံရေးဥပဒေ (၂၀၂၅) တို့အရ တရားဝင်သည်။

(ခ) အခြားအာဏာစတည်သည့် အချိန်မပါရှိသော် လက်မှတ်ထိုးပြီးသည်နှင့်တပြိုင်နက် အတည်ဖြစ်သည်။

၁၆။ မြန်မာ့သစ်ခွ၏ ဆိုက်ဘာနယ်ပယ် ဝက်ဘ်စာမျက်နှာများတွင် ပါဝင်သော သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုကို စနစ်ကြီးထဲတွင်အသုံးမပြုဘဲ အခြားကြားခံနယ်ကိုအသုံးပြု၍ ကျော်လွန်လုပ်ဆောင်ပါက လိုအပ်သလို အရေးယူဆောင်ရွက်နိုင်သည်။

၁၇။ သတင်းအချက်အလက်နည်းပညာဌာနသည် အဖွဲ့အစည်းအတွင်း ဝက်ဘ်ဆိုဒ်များ၊ အွန်လိုင်းဆက်သွယ်ရေး၊ ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်အသုံးပြုခြင်း၊ အပြန်အလှန်ဆက်သွယ်ခြင်းတို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်းချက်များကို သတ်မှတ်ပေးရမည်။


ကိုယ်ရေးဆိုင်ရာအချက်အလက်ကာကွယ်ခြင်း

၁၈။ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို စီမံထိန်းသိမ်းရန် တာဝန်ရှိသူသည်-

(က) မိမိတာဝန်ခံဆောင်ရွက်ရသည့် ကိုယ်ရေးဆိုင်ရာအချက်အလက်များကို အမျိုးအစား၊ လုံခြုံမှုအဆင့်အတန်းအလိုက် မူဝါဒနှင့်အညီ စနစ်တကျ ထိန်းသိမ်းခြင်း၊ ကာကွယ် ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်ရမည်။

(ခ) တည်ဆဲဥပဒေ တစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်အရ ခွင့်ပြုချက် သို့မဟုတ် ကိုယ်ရေးဆိုင်ရာ အချက်အလက် ပိုင်ရှင်၏ ခွင့်ပြုချက်မှအပ မိမိ၏ စီမံခန့်ခွဲမှုအောက်ရှိ ကိုယ်ရေး ဆိုင်ရာ အချက်အလက်များကို အခြားသူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုသို့ ကိုယ်ရေးဆိုင်ရာ အချက်အလက် တစ်စုံတစ်ရာအား စိစစ်ရန် ခွင့်ပြုခြင်း၊ ဖွင့်ချခြင်း၊ အသိပေးခြင်း၊ ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း၊ မိတ္တူကူးပွားခြင်းနှင့် သက်သေခံအဖြစ် တင်သွင်းခြင်း မပြုရ။

(ဂ) ဦးတည်ချက်နှင့် ကိုက်ညီမှန်ကန်မှု မရှိသည့် စီမံခန့်ခွဲခြင်း ကိစ္စရပ်များအတွက် ကိုယ်ရေးဆိုင်ရာအချက်အလက်တို့ကို သုံးစွဲခြင်း မပြုရ။

(ဃ) အချိန်ကာလ အကန့်အသတ်ဖြင့် အသုံးပြုရန် ရည်ရွယ်ကောက်ယူထားသော ကိုယ်ရေး ဆိုင်ရာ အချက်အလက်များကို သတ်မှတ်အချိန်ကာလ ကျော်လွန်ပါက စနစ်တကျ ဖျက်ဆီးရမည်‌။

၁၉။ မူဝါဒတစ်ရပ်ရပ်အရ ကိုယ်ရေးဆိုင်ရာအချက်အလက် အပါအဝင် သတင်းအချက် အလက်များကို လက်ခံရရှိသည့် အဖွဲ့ဌာနတစ်ခုခုသည် လည်းကောင်း၊ ယင်း၏ကိုယ်စား တာဝန်လွှဲအပ်ခြင်းခံရသော သို့မဟုတ် ညွှန်ကြားမှုအောက်တွင်ရှိသော ပုဂ္ဂိုလ်သည် လည်းကောင်း မိမိရရှိထားသည့် သတင်းအချက်အလက်များကို မူဝါဒ သို့မဟုတ် ဥပဒေအရ ထုတ်ဖော်ပြောဆိုရန် တာဝန်ရှိမှုမှတစ်ပါး လျှို့ဝှက်ထားရမည်။

၂၀။ ကိုယ်ရေးဆိုင်ရာအချက်အလက် စီမံခန့်ခွဲခြင်း ကိစ္စရပ်များတွင် ပြည်ထောင်စု၏ ဆိုက်ဘာလုံခြုံရေးဥပဒေပါ ခွင့်ပြုထားသည့် ကိစ္စရပ်များနှင့် သက်ဆိုင်ခြင်း မရှိစေရ။


သတင်းအချက်အလက်ထိန်းသိမ်းခြင်း

၂၁။ အရေးကြီး သတင်းအချက်အလက်ကို စီမံထိန်းသိမ်းရန် တာဝန်ရှိသူသည်-

(က) အရေးကြီးသတင်းအချက်အလက်နှင့် သက်ဆိုင်သော သတင်း အချက်အလက်များကို သတင်းအချက်အလက်နည်းပညာဌာနက သတ်မှတ်ခွင့်ပြုသည့်နေရာတွင် သိမ်းဆည်း ရမည်။

(ခ) အရေးကြီးသတင်းအချက်အလက်များ ဖြန့်ဝေခြင်း၊ ထုတ်ပြန်ခြင်း၊ ပေးပို့ခြင်း၊ လက်ခံခြင်းနှင့် သိမ်းဆည်း ခြင်းများကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။

၂၂။ သတင်းအချက်အလက်နည်းပညာဌာနသည် အဖွဲ့အစည်း၏ ဆိုက်ဘာအခြေခံအဆောက်အဦ ကာကွယ်မှုများ ဆောင်ရွက်ရန် သက်ဆိုင်ရာ ဆိုက်ဘာလုံခြုံရေးကျိုးပေါက်မှု တုံ့ပြန်ရေး ကိစ္စများကို ညှိနှိုင်း ဆောင်ရွက်ရမည်။

၂၃။ အောက်ပါ အချက်အလက်များကို ဝန်ဆောင်မှုစတင်အသုံးပြုသည့် နေ့မှစ၍ သုံးနှစ် အထိ ထိန်းသိမ်း ထားရမည်-

(က) ဝန်ဆောင်မှုသုံးစွဲသူ၏ အမည်နှင့် အင်တာနက်ပရိုတိုကောလ်လိပ်စာ (Internet Protocol (IP) Address) ၊ ဖုန်းနံပါတ်၊ စိစစ်ရေးကဒ်အမှတ်၊ နေရပ်လိပ်စာ၊

(ခ) ဝန်ဆောင်မှုသုံးစွဲသူ၏ အသုံးပြုမှုမှတ်တမ်း၊

(ဂ) ဗဟိုအလုပ်အမှုဆာင်ဘုတ်အဖွဲ့က အခြားညွှန်ကြားထားသောအချက်အလက်များ။

၂၄။ မြန်မာ့သစ်ခွ၏ ဆိုက်ဘာနယ်ပယ်ရှိ အောက်ဖော်ပြပါ အချက်တစ်ရပ်ရပ်ကို ဖြစ်ပေါ်ကြောင်း ကြားသိသည့်အခါ ၎င်းတို့ကို တားဆီးခြင်း၊ ဖယ်ရှားခြင်း၊ ဖျက်ဆီးခြင်းနှင့် ရပ်ဆိုင်းခြင်းနှင့် အရေးယူခြင်းတို့ကို သတ်မှတ်ချက်များ နှင့်အညီ သတင်းအချက်အလက်နည်းပညာဌာနက အချိန်မီဆောင်ရွက်ရမည်-

(က) အမုန်းတရားဖြစ်စေသော၊ အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေသော၊ တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေသော စကား၊ စာသား၊ ရုပ်ပုံ၊ ဗီဒီယိုဖိုင်၊ အသံဖိုင်၊ သင်္ကေတ သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ဖော်ပြမှုများ၊

(ခ) မမှန်သတင်းများ သို့မဟုတ် ကောလာဟလသတင်းများ၊

(ဂ) လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်ဖြင့်ဖော်ပြသော ကလေးသူငယ်၏ ညစ်ညမ်းပုံ၊ ညစ်ညမ်း ဗီဒီယို၊ စာသားများ၊ သင်္ကေတများနှင့် အခြားတစ်နည်းနည်းဖြင့် ဖော်ပြမှုများ၊

(ဃ) မြန်မာ့သစ်ခွ၏ မူဝါဒတစ်ရပ်ရပ်နှင့် ဆန့်ကျင်သည့် ရေးသား၊ ပြောဆို၊ ဖော်ပြချက်များ၊

၂၅။ သတင်းအချက်အလက်နည်းပညာဌာနသည် အဖွဲ့အစည်းအကျိုးအတွက်ဆောင်ရွက်ရန် အခြေအနေပေါ်ပေါက်သည့် အခါ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏သဘောတူညီချက်ဖြင့် ဝက်ဘ်ဆိုဒ် သို့မဟုတ် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအား ယာယီရပ်ဆိုင်းရေး၊ ဆက်သွယ်မှု အမျိုးအစားတစ်ရပ်ရပ်ကို မပြုလုပ်ရေး၊ တားဆီးထိန်းသိမ်းထားရှိရေး၊ လိုအပ် သည့် သတင်းအချက်အလက်နှင့် ဆက်သွယ်မှုများကိုရရှိနိုင်ရေးနှင့် ယာယီထိန်းချုပ် သုံးစွဲရေးတို့အတွက် ညွှန်ကြားနိုင်သည်။

၂၆။ ပြည်ထောင်စု ဥပဒေတစ်ရပ်ရပ်အရ မြန်မာ့သစ်ခွတွင် မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့အကြား ဆက်သွယ်ဆောင်ရွက်သည့် သတင်းအချက် အလက်၊ အီလက်ထရောနစ်မှတ်တမ်း၊ အီလက်ထရောနစ် အချက်အလက်သတင်းလွှာ၊ အီလက်ထရောနစ် ထိုးမြဲလက်မှတ်နှင့် အခြားစာတမ်း အမှတ်အသားများကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ထားသည်ဆိုသည့် အကြောင်းပြချက်တစ်ခုတည်းဖြင့် ဥပဒေအရအကျိုး သက်ရောက်မှု၊ တရားဝင်မှုသို့မဟုတ် အတည်ဖြစ်မှုကို ငြင်းပယ်ခြင်းမပြုရ။ 

၂၇။ အီလက်ထရောနစ် နည်းပညာဖြင့် ဆက်သွယ်ဆောင်ရွက်သူများသည် အီလက်ထရောနစ် မှတ်တမ်းနှင့် အီလက်ထရောနစ် အချက်အလက် သတင်းလွှာတို့၏လိုအပ်သည့် လုံခြုံမှုအမျိုးအစား နှင့်အဆင့်တို့ကို သတ်မှတ်ပြီး မိမိတို့၏လိုအပ်ချက်နှင့် ကိုက်ညီသည့် နည်းလမ်းများကို ရွေးချယ် အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။


အထွေထွေ

၂၈။ သတင်းအချက်အလက်နည်းပညာဌာနသည် ဤမူဝါဒပါ နည်းပညာပိုင်းဆိုင်ရာ စကားရပ်တစ်ခုခု၏ အဓိပ္ပါယ်ကို ရှင်းလင်းပေးရန် လိုအပ်လျှင် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် ညွှန်ကြားချက် ထုတ်ပြန်၍ ရှင်းလင်းပေးနိုင်သည်။

၂၉။ မူဝါဒတစ်ရပ်ရပ်တွင် မည်သို့ပင် ပြဌာန်းပါရှိစေကာမူ ဤမူဝါဒပါ ပြဌာန်းချက် တစ်ရပ်ရပ်နှင့် ညီညွတ်မှုမရှိသော သို့မဟုတ် ဆန့်ကျင်ကွဲလွဲသော ပြဌာန်းချက်များကို ဤမူဝါဒပါ ပြဌာန်းချက်များက လွှမ်းမိုးစေရမည်။

၃၀။ ဤမူဝါဒပါ ပြဌာန်းချက်များကို အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် သတင်းအချက်အလက်နည်းပညာဌာနသည် လိုအပ်သော ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

၃၁။ ဤမူဝါဒ အာဏာမတည်မီက ထုတ်ပြန်ခဲ့သော ဤမူဝါဒပါ ပြဌာန်းချက်များနှင့် သက်ဆိုင် သည့် စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများသည် ဤမူဝါဒပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ ဆက်လက် ကျင့်သုံးနိုင်သည်။

၃၂။ ယခင်တည်ရှိခဲ့သော “အီလက်ထရောနစ်အဖွဲ့အစည်းစနစ် (e-Organisation) စီမံခန့်ခွဲရေးဆိုင်ရာမူဝါဒ” ကို ဤမူဝါဒ စည်းမျဉ်းဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။


ဤမူဝါဒကို မြန်မာ့သစ်ခွ နာယကအဖွဲ့၏ အကြံပြုချက်နှင့် သဘောတူညီချက်ဖြင့် ကျွန်ုပ်ကိုယ်တိုင် အတည်ပြု၍ ချမှတ်လိုက်သည်။

×
Notice Alert !

Please disable VPN while submitting forms at Burmese Orchid websites.

The Burmese Orchid is youth-led non-profit organisation based in the Republic of the Union of Myanmar. 

One of the Burmese Orchid Official Websites.


Follow us

Contact Us

enquiries@burmeseorchid.org

+95 9 964 512890

  • Home
  • •
  • About us
  • •
  •  
  • Privacy Policy
  • •
  • Forum
Copyright © Burmese Orchid 2022 - 2024
Powered by Odoo - The #1 Open Source eCommerce
Website Logo




Respecting your privacy is our priority.

Allow the use of cookies from this website on this browser?

We use cookies to provide improved experience on this website. You can learn more about our cookies and how we use them in our Cookie Policy.

Allow all cookiesOnly allow essential cookies