Table of Contents
Related Agencies & Policies
Enforcing Agencies
Related Policies
- Membership Policy
Related Rules & Procedures
The Policy
မြန်မာ့သစ်ခွအဖွဲ့
ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး
မူဝါဒအမှတ် ( င )
“ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းမူဝါ ”
၄ရက် ဩဂုတ်လ ၂၀၂၄ခုနှစ်
အခန်း (၁) - အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်
၁။ အမည်
ဤမူဝါဒကို ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းမူဝါဒ ဟု ခေါ်တွင်စေရမည်။
၂။ မိတ်ဆက်
မြန်မာ့သစ်ခွအဖွဲ့၏ ဘဏ္ဍာရေးနှင့် ငွေကြေးစီးဆင်းမှုများအား အများယုံကြည်ကာ ပွင့်လင်းမြင်သာမှုရှိသော ငွေကြေးစီးဆင်မှုများဖြစ်စေရန်၊ ငွေကြေးစီမံခန့်ခွဲမှုကို စည်းကမ်းတကျ ဖြစ်စေရန်နှင့် တရားမဝင်ငွေကြေးခဝါချမှုများအားကာကွယ်ရန် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ဤမူဝါဒ စည်ကမ်းသတ်မှတ်ချက်များကို သတ်မှတ်သည်။
၃။ အဖွဲ့အခြေခံငွေကြေးနှင် ဘဏ္ဍာရေးကာလ
အဖွဲ့၏ငွေစာရင်းများအားလုံးကို မြန်မာ ‘ကျပ်’ ငွေဖြင့်သာ စာရင်းရေးသွင်းရမည်။ လတစ်လ၏ဘဏ္ဍာရေးပိတ်ရက်သည် ထိုလ၏နောက်ဆုံးရက်ဖြစ်ပြီး ဂရီဂေါရီးယန်းပြက္ခဒိန်၏ နှစ်တစ်နှစ်အဆုံးတွင် အဖွဲ့၏ ဘဏ္ဍာရေးကာလ ကုန်ဆုံးသည်။ အစိုးရဘဏ္ဍာရေးကာလကုန်ဆုံးသော အခါ တွင်လည်း နှစ်ဝက်ဘဏ္ဍာရေးနှစ်အစီရင်ခံစာကို ပြုလုပ်ရမည်။
အခန်း (၂) - ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၄။ အဖွဲ့ဝင်များ၏တာဝန်များ
မြန်မာ့သစ်ခွ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် မိမိနှင့်တကွ မိမိလက်အောက်ရှိ ဗော်လန်တီယာများအား ဤစည်းမျဉ်းကို လိုက်နာစေရန် စီမံဆောင်ရွက်ရမည်။ အဖွဲ့ဝင်များအားလုံးသည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ဤစည်းမျဉ်းနှင့် ဆက်နွှယ်နေသော အခြားပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်ရမည်။ ဘဏ္ဍာရေးဌာနနှင့် အဖွဲ့စာရင်းစစ်ရုံးမှ လိုအပ်၍ ဤမူဝါဒရ ထုတ်ပြန်သော စည်းမျဉ်း၊ ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်ရမည်။
၅။ ဘဏ္ဍာရေးဌာန၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ
အဖွဲ့ဘဏ္ဍာရေးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ-
၁။ အဖွဲ့၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာငွေစာရင်းရေးဆွဲခြင်း၊ အဖွဲ့၏ ဘဏ္ဍာရေးနှင့်သက်ဆိုင်သည် မူဝါဒများတင်ပြခြင်း၊၊ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက် များ ထုတ်ပေးခြင်း၊
၂။ အဖွဲ့ပိုင်ပစ္စည်းများ၊ ပုံသေပိုင်ပစ္စည်းများ၊ ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင်မှုများနှင့် ရရန်ပိုင်ခွင့်များ၊ အဖွဲ့ကြွေးမြီများ၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့တာဝန်ခံထားမှုများနှင့်ယင်းတို့မှ ဖြစ်ပေါ်လာနိုင်ခြေရှိသည့် ပေးရန်တာဝန် များကိုဤစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ စီမံထိန်းသိမ်းနိုင်ရန် ညွှန်ကြားချက်များ ထုတ်ပေးခြင်း၊
၃။ အဖွဲ့ဘဏ္ဍာအရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ စီမံဆောင်ရွက်ခြင်း၊ ယင်းသို့ ဆောင်ရွက် ရာတွင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၊ ဌာန၊အဖွဲ့အစည်းများ၏ ရငွေ၊ သုံးငွေများကို စီမံကြီးကြပ်ခြင်း၊ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းအကောင်အထည်ဖော်မှုအခြေအနေကို စောင့်ကြည့်သုံးသပ်ခြင်း၊
၄။ အဖွဲ့၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာငွေစာရင်းနှင့်စပ်လျဉ်း၍ ခြောက်လပတ်နှင့် နှစ်ပတ်လည် အစီရင်ခံစာကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှတစ်ဆင့် အဖွဲ့အထွေထွေအစည်းအဝေးသို့ တင်ပြခြင်း၊
၅။ ချေးငွေ၊ အကူအညီရငွေနှင့်သက်ဆိုင်သည့် ငွေကြေးဆက်စပ်ဆောင်ရွက်မှု များကို စီမံကြီးကြပ်ခြင်း၊
၆။ မြန်မာ့သစ်ခွ၏ အဖွဲ့တွင်း ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှုများကို စီမံကြီးကြပ်ခြင်း၊
၇။ ဤစည်းမျဉ်းနှင့်အညီ ဆောင်ရွက်ရာတွင် လိုအပ်သော ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊
၈။ ဘဏ္ဍာရေးနှင့်သက်ဆိုင်သော လုပ်ငန်းကိစ္စများအတွက် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ကိုယ်စား ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ သဘောတူညီမှုများပြုလုပ်ခြင်း။
၉။ ဤစည်းမျဉ်းပါ ပြဋ္ဌာန်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ အပြင် အဖွဲ့ဘဏ္ဍာငွေစီမံခန့်ခွဲမှုစနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းများ ကိုလည်း အဖွဲ့ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တာဝန်ခံ တင်ပြရမည်။
၁၀။ အဖွဲ့၏ ဤဘဏ္ဍာရေးမူဝါဒနှင့်အညီ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းများ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများထုတ်ပြန်နိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြခြင်း၊
၁၁။ ဌာန၊ အဖွဲ့အစည်းအသီးသီးသည် ခွဲဝေချထားငွေဖြင့် မလုံလောက်ပါက သက်ဆိုင်ရာဘဏ္ဍာငွေ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ညွှန်ကြားချက်များနှင့် အညီပိုလျှံရန်ပုံငွေမှ လွှဲပြောင်းသုံးစွဲရန် ခွင့်ပြုခြင်း၊
၁၂။ အဖွဲ့ဘဏ္ဍာအရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ ခွဲဝေချထားပေးခြင်း၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ရငွေ၊ သုံးငွေဆိုင်ရာကိန်းဂဏန်းအချက်အလက်များနှင့် အကောင်အထည်ဖော်မှု အခြေအနေများအပေါ် သုံးသပ်ပြီး ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တာဝန်ခံ တင်ပြခြင်း၊
၁၃။ ငွေစာရင်းများစုစည်းခြင်း၊ ဘဏ်စာရင်းကိုက်ညှိခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံခြင်း တို့ကို ဆောင်ရွက်ခြင်း၊
၁၄။ ပြည်ပအကူအညီရငွေနှင့် ထောက်ပံ့ငွေများကို စာရင်းပြုစုထားရှိခြင်း၊
၁၅။ အဖွဲ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအတွက် ခေတ်မီသတင်းအချက်အလက်နည်းပညာစနစ်များဖြင့် ဆောင်ရွက်ခြင်း၊
(တ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က အခါအားလျော်စွာပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ခြင်း။
၆။ ဘဏ္ဍာရေးမှူး၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ
ဘဏ္ဍာရေးမှူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ-
၁။ ဌာနာဆိုင်ရာများ၊ ကောင်စီနှင့် ကော်မတီများ၏ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်များကို ဘဏ္ဍာရေးမှူးက စိစစ်ပြီး စီမံကိန်းများကို ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ထံ တင်ပြခြင်း၊
၂။ စာပိုဒ် (၆၅) ပါ ဘဏ္ဍာရေးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင်းသုံး၊ ကြီးကြပ်၊ စီမံ၊ ကွပ်ကဲခြင်း၊
၃။ ငွေကြေးကိစ္စများ အကြံဉာဏ်ပေးခြင်း၊
၄။ ခိုင်မာသောဘဏ္ဍာရေးစနစ် ထူထောင်ရန် ကြီးကြပ်ခြင်း၊
၅။ လိုအပ်ပါက အဖွဲ့အစည်း၏ အဆိုပြုချက် ငွေစာရင်းများကို ကြည့်ကြပ်ခြင်း၊
၆။ လိုအပ်ပါက ဘဏ္ဍာရေးကျွမ်းကျင်သူများ၏ အကြံဉာဏ်ကို ရယူခြင်း၊
၇။ ဘဏ္ဍာရေးမှူးသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် အဖွဲ့အစည်း၏ဘဏ္ဍာရေးနှင့် ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။
အခန်း (၃) - ဗဟိုဘဏ္ဍာရန်ပုံငွေ၊ ဌာနဆိုင်ရာများနှင့် လက်အောက်ခံအဖွဲ့အစည်းခွဲများ၏ ရန်ပုံငွေ အစီအစဉ်များ
၇။ အဖွဲ့ဗဟိုဘဏ္ဍာရန်ပုံငွေ၊ လက်အောက်ခံအဖွဲ့အစည်းများ ဘဏ္ဍာရန်ပုံငွေ အစီအစဉ်
၁။ မြန်မာ့သစ်ခွအဖွဲ့ ဖွဲ့စည်းပုံအခြေခံမူအရ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ လက်အောက်ရှိ အဖွဲ့အဆင့်ဌာန၊ အဖွဲ့အစည်းများ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဖွဲ့ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့်လည်းကောင်း၊ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများအလုပ်အမှုဆောင်ဘုတ်အဖွဲ့ လက်အောက်ရှိ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လည်းကောင်း ငွေကြေးကိစ္စများကို ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်များ၌ တာဝန်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်အသီးသီးက တာဝန်ယူဆောင်ရွက်ရမည်။
၂။ အဖွဲ့ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများသည် ရငွေများကို အဖွဲ့ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းပြီး သုံးငွေများကိုလည်း အရအသုံးခန့်မှန်းခြေငွေစာရင်း ခွင့်ပြုငွေအတွင်း တည်ဆဲဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရန် ဖြစ်သည်။
၃။ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ သည် ရငွေများကို မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ၏ ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းပြီး သုံးငွေများကိုလည်း အရအသုံးခန့်မှန်းခြေငွေစာရင်း ခွင့်ပြုငွေအတွင်း တည်ဆဲဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရန် ဖြစ်သည်။
ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သည့် ဌာန၊ အဖွဲ့အစည်းများ
၄။ အဖွဲ့ဗဟို ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် အဖွဲ့အဆင့်ဗဟိုအဖွဲ့အစည်းများ၊ ဌာနများ၊ ကော်မတီများ အဖွဲ့ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်လျက် ရှိသည့် အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများပါဝင်သည်။
၅။ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ၏၊ ဌာနများ၊ စီးပွာေရးလုပ်ငန်းများ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ပါဝင်သည်။
၆။ ဘဏ္ဍာရန်ပုံငွေများတွင် ဌာန၊ အဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ ရငွေ၊ သုံးငွေများ၊ ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သည့် ကြွေးမြီ၊ အပ်ငွေ၊ ယာယီစသည့် စာရင်းဆိုင်ရာ ပေးသွင်းငွေ၊ ထုတ်ပေးငွေများ ပါဝင်သည်။
၇။ အဖွဲ့ဗဟိုဘဏ္ဍာရန်ပုံငွေစာရင်းနှင့် မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေစာရင်း များကို သီးခြားထားရှိရမည်။ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေတစ်ခုမှ အခြား မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေတစ်ခုသို့ လွှဲပြောင်းသုံးစွဲခြင်း မပြုရ။ အဖွဲ့ဗဟို ဘဏ္ဍာရေးဌာနသည် မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေတစ်ခုမှ အဖွဲ့ဗဟိုဘဏ္ဍာရန်ပုံငွေစာရင်းသို့ ညွှန်ကြားချက်ဖြင့်လွှဲယူ သုံးစွဲနိုင်သည်။
၈။ ဘဏ္ဍာရန်ပုံငွေ
၁။ ဘဏ္ဍာရန်ပုံငွေများတွင် မြန်မာ့သစ်ခွလက်အောက်ရှိ ဌာန၊ အဖွဲ့အစည်းများ၏ ငွေစာရင်းဆိုင်ရာ ရငွေ၊ သုံးငွေများ၊ ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သည့် ကြွေးမြီ၊ အပ်ငွေ၊ ယာယီထားရှိငွေ စသည့် စာရင်းဆိုင်ရာ ပေးသွင်းငွေ၊ ထုတ်ပေးငွေများ ပါဝင်သည်။
၂။ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေစာရင်းများကို သီးခြားထားရှိရမည်။ ဘဏ္ဍာရန်ပုံငွေတစ်ခုမှ အခြား ဘဏ္ဍာရန်ပုံငွေတစ်ခုသို့ လွှဲပြောင်းသုံးစွဲခြင်း မပြုရ။ ဘဏ္ဍာရေးဌာနသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဘဏ္ဍာရန်ပုံငွေတစ်ခုခုမှ (ဥက္ကဋ္ဌ၏ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေမှလွဲ၍) အဖွဲ့ဗဟိုဘဏ္ဍာရန်ပုံငွေစာရင်းသို့ ညွှန်ကြားချက်ဖြင့်လွှဲယူ သုံးစွဲနိုင်သည်။
၉။ အဖွဲ့ဗဟိုဘဏ္ဍာရန်ပုံငွေ
၁။ ဗဟိုဘဏ္ဍာရန်ပုံငွေကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ကသာ စီမံခန့်ခွဲခွင့်ရှိသည်။ ၎င်းရန်ပုံငွေကို အထွေထွေအစည်းအဝေး၊ ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး၊ အလုပ်အမှုဆောင်ဒါရိုက်ရုံး၊ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၊ ဗဟိုအကြံပေးဘုတ်အဖွဲ့၊ အခါအားလျော်စွာဖွဲ့စည်းသော ဌာနများ၊ ကောင်စီ၊ ရုံး၊ ကော်မတီများအတွက် သုံးစွဲခြင်းပြုရမည်။ ဘဏ္ဍာရေးဌာနသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ကိုယ်စား အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် စီမံခန့်ခွဲခွင့်ရှိသည်။
၂။ အဖွဲ့ဗဟိုဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများသည် ရငွေများကို အဖွဲ့ဗဟိုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းပြီး သုံးငွေများကိုလည်း ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်၏ ခွင့်ပြုငွေအတွင်း တည်ဆဲဘဏ္ဍာရေးမူဝါဒ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဗဟိုဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်ဖြစ်သည်။
၁၀။ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေ
၁။ အဖွဲ့ပိုင်စီးပွားရေးလုပ်ငန်းများကို အဖွဲ့အစည်း၏ဘဏ္ဍာငွေမြှင့်တင်ရန် ဖွဲ့စည်းနိုင်သည်။
၂။ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေ ဆိုသည်မှာ အဖွဲ့ပိုင်စီးပွားရေးလုပ်ငန်းများက လုပ်ငန်းဆောင်ရွက်ခြင်းမှ အမြတ်ရငွေများကို စီမံကြီးကြပ်ထိန်းသိမ်းထားရှိပြီး လုပ်ငန်းသုံးရင်းနှီးငွေ အဖြစ် ထုတ်ယူသုံးစွဲခွင့်ရှိသော ရန်ပုံငွေကို ဆိုသည်။
၁၁။ အရေးပေါ်ရန်ပုံငွေ
၁။ အရေးပေါ်ရန်ပုံငွေ ဆိုသည်မှာ အလုပ်အမှုဆောင်ဘုတ်အဖွဲ့က မသုံးစွဲလျှင် မဖြစ်သည့် အရေးပေါ်ကိစ္စရပ်အတွက် အသုံးစရိတ်ဖြစ်ပြီး အရေးပေါ်အခြေအနေမျိုးတွင်သာ သုံးစွဲနိုင်ရန် သိမ်းဆည်း၊ ထည့်သွင်းလျာထားသည့်ငွေရပ်ကို ဆိုသည်။
၂။ အဖွဲ့အစည်းသည် အရေးပေါ်ရန်ပုံငွေများကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် လစဉ်ရာခိုင်နှုန်းအလိုက် အမြဲသိမ်းဆည်းထားရမည်။
၃။ အရေးပေါ်အခြေအနေမျိုးတွင် အရေးပေါ်ရန်ပုံငွေကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ (သို့မဟုတ်) ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့် ထုတ်ယူသုံးစွဲနိုင်သည်။
၄။ အရေးပေါ်ရန်ပုံငွေကို မြန်မာ့သစ်ခွအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးရန်ပုံငွေ ငွေစာရင်းတွင် မပါဝင်သည့် အသုံးစရိတ်များအတွက်သာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ၎င်း အရေးပေါ်အသုံးစရိတ် လိုအပ်ချက်များကို တစ်လအတွင်း ဆောင်ရွက်ပေးနိုင်ရမည်။
၅။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ၊ ကော်မတီ၊ ဌာနများနှင့် ကောင်စီများ၊ စီပွားရေးလုပ်ငန်းများသည် အရေးပေါ်ရန်ပုံငွေမှ စာပိုဒ်ခွဲ (၃) အရ သုံးစွဲရသည့် အကြောင်းအရင်းများကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ၏ နောက်တစ်ကြိမ်ကျင်းပသည့် အစည်းအဝေးသို့ အကြောင်းအရာနှင့် အကြောင်းပြချက်များနှင့်အတူ ဖြစ်ရပ်အလိုက် တင်ပြရမည်။
၆။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ သည် စာပိုဒ်ခွဲ (၃) နှင့် (၅) အရ အရေးပေါ်ရန်ပုံငွေမှ သုံးစွဲရသည့်ကိစ္စရပ်များကို အကြောင်းအရာနှင့် အကြောင်းရင်းများနှင့်အတူ အထွေထွေအစည်းအဝေးသို့ အကြောင်းကြားရမည်။
၁၂။ ဥက္ကဋ္ဌ၏ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေ
ဥက္ကဋ္ဌ၏ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေ ဆိုသည်မှာ ဥက္ကဋ္ဌမှ ကိုယ်ပိုင်လှူဒါန်း၍စုထားသော ရန်ပုံငွေများနှင့် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံးအတွက် ခွင့်ပြုထားသော မသုံးစွဲဖြစ်သည့် ပိုလျှံသည့် ရန်ပုံငွေကိုစု၍ မတည်ထားသော ရန်ပုံငွေဖြစ်သည်။ ဥက္ကဋ္ဌ၏ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေကို ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် လိုအပ်သောနေရာများတွင် သုံးစွဲနိုင်သည်။ သုံးစွဲမှုများကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့နှင့် ဘဏ္ဍာရေးဌာနသို့ အသိပေးရမည်။
၁၃။ ပိုလျှံရန်ပုံငွေ
ပိုလျှံရန်ပုံငွေ ဆိုသည်မှာ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ (ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံးမှလွဲ၍) အခြား လက်အောက်ခံအဖွဲ့အစည်းများအတွက် ခွင့်ပြုထားသော မသုံးစွဲဖြစ်သည့် ပိုလျှံ၍ပြန်လည်အပ်နှံရသည့် ရန်ပုံငွေကိုဆိုသည်။ ဤရန်ပုံငွေကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရာခိုင်နှုန်းအလိုက် အခြားရန်ပုံငွေများထံ လွှဲပြောင်းပေးရမည်။
အခန်း (၄) - အရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲခြင်းနှင့် ခွင့်ပြုခြင်း
၁၄။ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက် ရေးဆွဲခြင်း
၁။ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ ကိုယ်စား ဘဏ္ဍာရေးဌာနသည် ဘဏ္ဍာငွေအရအသုံးဆိုင်ရာငွေစာရင်းမူကြမ်းကို ရေးဆွဲရမည်။
၂။ ဘဏ္ဍာငွေအရအသုံးဆိုင်ရာငွေစာရင်းမူကြမ်းတွင်ပါရှိသော-
(၁) ဖွဲ့စည်းပုံအခြေခံမူအရ ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၏ အသုံးစရိတ်များ၊
(၂) အဖွဲ့အစည်းက ပေးဆပ်ရန်တာဝန်ရှိသော ကြွေးမြီများ၊ ယင်းကြွေးမြီများနှင့် ဆက်နွှယ်သော ကုန်ကျစရိတ်များ၊ အဖွဲ့အစည်းက ချေးယူငွေများနှင့်ဆက်နွှယ်သော အခြားကုန်ကျစရိတ်များ၊
(၃) အဖွဲ့ပိုင်စီးပွားရေးလုပ်ငန်းများ၏ အသုံးစရိတ်များ၊
(၄) မူဝါဒ တစ်ရပ်ရပ်အရဖြစ်စေ၊ သဘောတူညီချက်တစ်ခုခုအရ ဖြစ်စေကျခံရမည့် အခြား အသုံးစရိတ်များနှင့် စပ်လျဉ်း၍ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့တွင် ဆွေးနွေးပိုင်ခွင့်ရှိသည်။ သို့သော် ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်း မပြုရ။
၃။ စာပိုဒ်ခွဲငယ် (၂) ပါ အသုံးစရိတ်များမှအပ အခြားအသုံးစရိတ်များ အတွက်ကိုမူ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က သဘောတူ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့် အညီ ဆောင်ရွက်ရမည်၊
၄။ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ပြဋ္ဌာန်းသည့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက် ပါအတိုင်း ဘဏ္ဍာရေးဌာနနှင့် အဖွဲ့ပိုင်စီးပွားရေးလုပ်ငန်းများက လိုအပ်သလိုဆောင်ရွက်ရမည်၊
၅။ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ပြဋ္ဌာန်းသည့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေပါအတိုင်း ဘဏ္ဍာရေးဌာနနှင့် အဖွဲ့ပိုင်စီးပွားရေးလုပ်ငန်းများက လိုအပ်သလိုဆောင်ရွက်ရမည်။
၆။ ဘဏ္ဍာရေးဌာနသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက် ပြုစုရေးဆွဲရေးအတွက် လိုအပ်သော ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များကို အခါအား လျော်စွာ ထုတ်ပြန်နိုင်သည်။
၇။ ဌာန၊ အဖွဲ့အစည်းများသည် ဘဏ္ဍာရေးဌာနမှ အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များအတိုင်း ရငွေ၊ သုံးငွေ ခန့်မှန်းချက်များကိုရေးဆွဲ၍ အဖွဲ့ဘဏ္ဍာရေးဌာနသို့ သတ်မှတ်ထားသည့် နေ့ရက်အတွင်း ပေးပို့ရမည်။
၈။ ဘဏ္ဍာရေးဌာနသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ အဆိုပြုလာသော ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်များကို အဖွဲ့၏ မူဝါဒ၊ စီမံကိန်း၊ ငွေရေးကြေးရေးမူဘောင်စံညွှန်းများနှင့်အညီ တိုက်ဆိုင်စစ်ဆေးပြီး ကိုက်ညီမှုရှိပါက အဖွဲ့အစည်း၏ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်အဖြစ် စုစည်းပေါင်းချုပ်၍ အဖွဲ့၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ခွင့်ပြုချက်မူကြမ်းကို စုစည်းရေးဆွဲရမည်။ အဆိုပြုလာသော ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်များသည် ဘဏ္ဍာရေးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်မူဘောင်စသည်များနှင့် ကိုက်ညီမှု မရှိကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးပြီး လိုအပ်သည်များကို ပြင်ဆင်ပြောင်းလဲနိုင်ရန် လမ်းညွှန်ပေးရမည်။
၉။ အဖွဲ့ဘဏ္ဍာရေးဌာနသည် အဖွဲ့၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ခွင့်ပြုချက်မူကြမ်းကို ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်နှင့်တကွ အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ သတ်မှတ် ထားသောရက်အတွင်း တင်ပြရမည်။
၁၀။ အဖွဲ့၏ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်ကို အတည်ပြုပြီးပါက အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ သက်ဆိုင်ရာမြန်မာ့သစ်ခွလက်အောက်ခံအဖွဲ့အစည်းများသို့ ယင်းတို့နှင့်သက်ဆိုင်သည့် အဖွဲ့ ထောက်ပံ့ငွေများကို အကြောင်းကြားပေးရမည်။
၁၁။ သက်ဆိုင်ရာမြန်မာ့သစ်ခွလက်အောက်ခံအဖွဲ့အစည်းများသည် အဖွဲ့ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ရုံးမှ ပေးပို့လာသော အဖွဲ့ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ငွေများကို ခွင့်ပြုထားသော မူလဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက် နှင့် တိုက်ဆိုင်စစ်ဆေးရမည်။
၁၅။ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်ထုတ်ပေးခြင်း
မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်မူကြမ်း ပါခွင့်ပြုငွေများကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့က ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက် ထုတ်ပေးပြီးမှသာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ခွင့်ပြုလျာထားငွေများကို ကျခံသုံးစွဲခွင့်ရှိသည်။ ထိုသို့သုံးစွဲရာတွင် ငွေလုံးငွေရင်းအသုံးစရိတ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းအကြီးအကဲ၏ ခွင့်ပြုချက်ကို ဦးစွာရယူ ပြီးမှသုံးစွဲရမည်။
အခန်း (၅) - ခွင့်ပြုလျာထားငွေများကို စီမံခန့်ခွဲခြင်း
၁၆။ ခွင့်ပြုလျာထားငွေများကို စီမံခန့်ခွဲခြင်း
၁။ အဖွဲ့ဗဟိုဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ အတည်ပြုထားသည့် အဖွဲ့၏ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်အရ ခွင့်ပြုထားသောသုံးငွေများကို အဖွဲ့ဗဟိုဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။
၂။ အဖွဲ့ပိုင်စီးပွာရေးလုပ်ငန်းများ၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သောဌာန၊ အဖွဲ့အစည်းများသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ အတည်ပြုထားသည့် အဖွဲ့ပိုင်စီးပွာရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်အရ ခွင့်ပြုထားသော သုံးငွေများကို သက်ဆိုင်ရာအဖွဲ့ပိုင်စီးပွာရေးလုပ်ငန်းများ၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။
၁။ အဖွဲ့ဗဟိုဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ အတည်ပြုထားသည့် အဖွဲ့၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်အရ ခွင့်ပြုထားသောသုံးငွေများကို အဖွဲ့ဗဟိုဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။
၂။ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သောဌာန၊ အဖွဲ့အစည်းများ သည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ အတည်ပြုထားသည့် မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်အရ ခွင့်ပြုထားသော သုံးငွေများကို သက်ဆိုင်ရာမြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။
၃။ ဘဏ္ဍာရေးကာလ တစ်ခုအတွက် ခွင့်ပြုထားသည့်သုံးငွေများကို သက်ဆိုင်ရာဘဏ္ဍာရေးကာလအတွင်းသာ သုံးစွဲခွင့်ရှိပြီး ထိုဘဏ္ဍာရေးကာလကုန်ဆုံးပြီးနောက် မည်သည့်နည်းနှင့်မျှ သုံးစွဲခွင့်မရှိ။
၄။ သက်ဆိုင်ရာ ဘဏ္ဍာရေးကာလ၏ မူလအရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်းလျာထားခြင်းမရှိ သော်လည်း မဖြစ်မနေကျခံသုံးစွဲရန် လိုအပ်သော ကိစ္စရပ်များကို ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံခြင်း၊ အထွေထွေပိုလျှံရန်ပုံငွေနှင့် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်း နည်းလမ်းများ ဖြင့် သုံးစွဲနိုင်သည်။
အဖွဲ့ဗဟိုအဖွဲ့အစည်းများ၊ အဖွဲ့ဌာနများနှင့် ဦးစီးဌာနများတွင် ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်း
၅။ အဖွဲ့ ဗဟိုအဖွဲ့အစည်းများ၊ အဖွဲ့ဌာနများသည် ငွေစာရင်းခေါင်းစဉ်တစ်ခုရှိ ခွင့်ပြုရန်ပုံငွေမလုံလောက်၍ အခြားခေါင်းစဉ်တစ်ခုမှ ပိုလျှံသောရန်ပုံငွေကို လွှဲပြောင်းသုံးစွဲရန် လိုအပ်လျှင်ဖြစ်စေ၊ ဌာနတစ်ခုမှ ပိုလျှံငွေကို အခြားဌာနတစ်ခုသို့ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲရန် လိုအပ်လျှင်ဖြစ်စေ ဘဏ္ဍာရေးဌာနမှချမှတ်သော ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းဆိုင်ရာ နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်။
၆။ အသင်းများ၏တာဝန်နှင့်လုပ်ပိုင်ခွင့်။ ဌာနဝင်အသင်းများသည် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည်-
(က) အသင်း၏ အရာရှိသည် မိမိအသင်း၏ အရအသုံးခန့်မှန်းခြေငွေစာရင်း တွင် ပါဝင်သော သာမန်အသုံးစရိတ် ငွေစာရင်းခေါင်းစဉ်တစ်ခုမှ ပိုလျှံသောငွေကို အခြားသာမန်အသုံးစရိတ် ငွေစာရင်းခေါင်းစဉ်တစ်ခုသို့ လွှဲပြောင်းသုံးစွဲခွင့်ပြုနိုင်သည်၊
(ခ) ငွေလုံးငွေရင်းအသုံးစရိတ်အတွင်း ငွေစာရင်းခေါင်းစဉ်တစ်ခုမှ အခြားငွေစာရင်းခေါင်းစဉ်တစ်ခုသို့ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့် မပြုနိုင်၊
(ဂ) ငွေလုံးငွေရင်းအသုံးစရိတ်မှ သာမန်အသုံးစရိတ်သို့လည်းကောင်း၊ သာမန်အသုံးစရိတ်မှ ငွေလုံး ငွေရင်း အသုံးစရိတ်သို့လည်းကောင်း ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့် မပြုနိုင်၊
(ဃ) ထောက်ပံ့ငွေ၊ ရင်းနှီးငွေ၊ အတိုးနှင့် ကြွေးမြီစာရင်းခေါင်းစဉ်များမှ အခြားငွေစာရင်းခေါင်းစဉ် တစ်ခုခုသို့ဖြစ်စေ၊ အခြားငွေစာရင်းခေါင်းစဉ်တစ်ခုခုမှ ထိုခေါင်းစဉ်တစ်ခုခုသို့ဖြစ်စေ ရန်ပုံငွေလွှဲပြောင်း သုံးစွဲခွင့်မပြုနိုင်၊
(င) အသစ်ဖြစ်သော အသုံးစရိတ်များအတွက် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့်မပြုနိုင်၊
(စ) အဖွဲ့၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်အရ ခွင့်ပြုထားသောရန်ပုံငွေများအတွင်း ငွေစာရင်း ခေါင်းစဉ် လွှဲပြောင်းသုံးစွဲသည့် အသုံးစရိတ်များနှင့်စပ်လျဉ်း၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြသော ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန် နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
၇။ ဗဟိုအဖွဲ့အစည်း၊ ဌာန၏တာဝန်နှင့်လုပ်ပိုင်ခွင့်။ ဗဟိုအဖွဲ့အစည်း၊ ဌာနသည် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည်-
(က) မိမိလက်အောက်ရှိ အသင်း သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ သာမန်အသုံးစရိတ်မှ ပိုလျှံငွေများကို မိမိလက်အောက်ရှိ အခြားအသင်း သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ သာမန်အသုံးစရိတ် လိုငွေအတွက် အဖွဲ့ဘဏ္ဍာရေးဌာနမှ ထုတ်ပြန်သည့် ညွှန်ကြားချက်များပါ စည်းကမ်းများ နှင့် အညီသာ ဆောင်ရွက်ရမည်၊
(ခ) ငွေလုံးငွေရင်းအသုံးစရိတ်မှ သာမန်အသုံးစရိတ်သို့လည်းကောင်း၊ သာမန်အသုံးစရိတ်မှ ငွေလုံး ငွေရင်းအသုံးစရိတ်သို့လည်းကောင်း ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့် မပြုနိုင်၊
(ဂ) ထောက်ပံ့ငွေ၊ အဖွဲ့အစည်းများတွင် ရင်းနှီးငွေ၊ အတိုးနှင့် ကြွေးမြီ၊ ငွေစာရင်းခေါင်းစဉ်များမှ အခြားငွေ စာရင်းခေါင်းစဉ်တစ်ခုခုသို့ဖြစ်စေ၊ အခြားငွေစာရင်းခေါင်းစဉ်တစ်ခုခုမှ ထိုငွေစာရင်းခေါင်းစဉ် များသို့ဖြစ်စေ၊ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့် မပြုနိုင်၊
(ဃ) အသစ်ဖြစ်သော အသုံးစရိတ်များအတွက် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့်မပြုနိုင်၊
(င) အဖွဲ့၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်အရ ခွင့်ပြုထားသော ရန်ပုံငွေများအတွင်း ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲသည့် အသုံးစရိတ်များနှင့်စပ်လျဉ်း၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြသော ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သောပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
၈။ အဖွဲ့ဘဏ္ဍာရေးဌာန၏လုပ်ပိုင်ခွင့်။ အဖွဲ့ဘဏ္ဍာရေးဌာနသည် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက် ခွင့်ရှိသည်-
(က) အဖွဲ့ဗဟိုအဖွဲ့အစည်းများ၊ အဖွဲ့ဌာနများ၏ လက်အောက်ရှိ အသင်း၊ အဖွဲ့အစည်းတစ်ခု၏ သာမန်အသုံးစရိတ်မှ ပိုလျှံငွေကို အခြားအဖွဲ့ ဗဟို အဖွဲ့အစည်းများ၊ အဖွဲ့ဌာနများ၏ လက်အောက်ရှိအသင်း၊ အဖွဲ့အစည်းတစ်ခု၏ သာမန် အသုံးစရိတ်လိုငွေအတွက် ရန်ပုံငွေလွှဲပြောင်း သုံးစွဲခွင့်ပြုနိုင်သည်၊
(ခ) အဖွဲ့အဆင့်ဗဟိုအဖွဲ့အစည်းများ၊ အဖွဲ့ဌာနများ၏ လက်အောက်ရှိ အသင်းတစ်ခုအတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ငွေစာရင်းခေါင်းစဉ်တစ်ခုမှ ပိုငွေကို အခြားငွေလုံးငွေရင်း အသုံးစရိတ်ငွေစာရင်းခေါင်းစဉ်တစ်ခု၏ လိုငွေအတွက် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့်ပြုနိုင်သည်။ သို့ရာတွင် ဘဏ္ဍာရေးကော်မတီ၏ သဘောထားမှတ်ချက်များ ရယူရန် လိုအပ်သည်၊
(ဂ) အဖွဲ့ ဗဟိုအဖွဲ့အစည်းများ၊ အဖွဲ့ဌာနများ၏ လက်အောက်ရှိ အသင်း တစ်ခု၏ သာမန် (ထောက်ပံ့ငွေ၊ အတိုးပေးငွေ အပါအဝင်)၊ ငွေလုံးငွေရင်း၊ ကြွေးမြီအသုံးစရိတ် ငွေစာရင်းခေါင်းစဉ်တစ်ခုခုမှ ပိုငွေကို အထွေထွေပိုလျှံရန်ပုံငွေသို့ ပြန်လည်အပ်နှံ၍ အဆိုပါ ပြန်လည် အပ်နှံငွေမှ အခြားအသင်းတစ်ခု၏ သာမန် (ထောက်ပံ့ငွေ၊ အတိုးပေးငွေအပါအဝင်)၊ ငွေလုံးငွေရင်း၊ ကြွေးမြီ အသုံးစရိတ် ငွေစာရင်းခေါင်းစဉ်တစ်ခုခုသို့ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခွင့် ပြုနိုင်သည်၊
(ဃ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးသည့် အသစ်ဖြစ်သော အသုံးစရိတ်များကျခံနိုင်ရန် ရန်ပုံငွေလွှဲပြောင်း သုံးစွဲခွင့်ပြုနိုင်သည်။ သို့ရာတွင် ငွေလုံးငွေရင်းအသုံးစရိတ်ဖြစ်ပါက သက်ဆိုင်ရာ ဘဏ္ဍာရေးကာလ၏ စီမံကိန်းတွင် ပါဝင်ပြီးဖြစ်ရမည်။
အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းများတွင် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း
၉။ အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများသည် ငွေစာရင်းခေါင်းစဉ်တစ်ခုရှိ
ခွင့်ပြုရန်ပုံငွေမလုံလောက်၍ အခြားငွေစာရင်းခေါင်းစဉ်တစ်ခုမှ ပိုငွေကိုလွှဲပြောင်းသုံးစွဲရာတွင် ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်းဆိုင်ရာ နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်။
၁၀။ အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏လုပ်ပိုင်ခွင့်။ အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းတစ်ခု ၏ အရာရှိသည် အဆိုပါအဖွဲ့အစည်း၏ အရအသုံးခန့်မှန်းခြေငွေစာရင်းတွင်ပါဝင်သော သာမန်အသုံးစရိတ်ငွေစာရင်းခေါင်းစဉ်တစ်ခုအတွင်း ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့်ပြုနိုင်သည်။
၁၁။ အဖွဲ့ဘဏ္ဍာရေးဌာန၏လုပ်ပိုင်ခွင့်။ အဖွဲ့ဘဏ္ဍာရေးဌာနသည် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက် ခွင့်ရှိသည်-
(က) အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ သာမန်အသုံးစရိတ်အတွင်း ငွေစာရင်းခေါင်းစဉ်တစ်ခုမှ အခြားငွေစာရင်းခေါင်းစဉ်တစ်ခုသို့ ရန်ပုံငွေလွှဲပြောင်း သုံးစွဲခွင့်ပြုနိုင်သည်၊
(ခ) အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ငွေလုံးငွေရင်းအသုံးစရိတ်တွင် တည်ဆောက်ရေး လုပ်ငန်းများအတွက် မူလခွင့်ပြုငွေအတွင်း အတိုင်းအတာပြောင်းလဲဆောက်လုပ်ခြင်းနှင့် ပစ္စည်းများ ဝယ်ယူရေးအတွက် မူလခွင့်ပြုငွေအတွင်း အမျိုးအစား၊ အရေအတွက်နှင့် ဈေးနှုန်းများပြောင်းလဲခြင်းများ ကို သတ်မှတ်ချက်များနှင့်အညီ ရန်ပုံငွေလွှဲပြောင်း သုံးစွဲခွင့်ပြုနိုင်သည်။ ရန်ပုံငွေလွှဲပြောင်းသုံးစွဲရာတွင် ဘဏ္ဍာရေးကော်မတီ၏ သဘောထားမှတ်ချက်များ ရယူရန်လိုအပ်ပါသည်။
အဖွဲ့ဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော ဌာန၊ အဖွဲ့အစည်းများတွင် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း
၁၂။ အဖွဲ့၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်ပါ ပြဋ္ဌာန်းချက်များ၊ အဖွဲ့ဘဏ္ဍာရေးဌာနမှထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်။
မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများအဆင့် ဌာန၊ အဖွဲ့အစည်းများတွင် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း
၁၃။ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများအဆင့် ဌာန၊ အဖွဲ့အစည်းများသည် ရန်ပုံငွေလွှဲပြောင်း သုံးစွဲခြင်း နှင့် စပ်လျဉ်း၍ အောက်ပါအတိုင်းဆောင်ရွက်ရမည်-
(က) မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများအဆင့် ဌာန၊ အဖွဲ့အစည်းများသည် ဌာန၊ အဖွဲ့အစည်းတစ်ခု အတွင်း ငွေစာရင်းခေါင်းစဉ်တစ်ခုမှ အခြားခေါင်းစဉ်တစ်ခုသို့ ရန်ပုံငွေလွှဲပြောင်းသုံးစွဲရန်လိုအပ်လျှင် သက်ဆိုင်ရာဌာနအကြီးအကဲနှင့် ဘဏ္ဍာရေးဌာနတို့၏ သဘောထားမှတ်ချက်ရယူပြီး ဆောင်ရွက်ရမည်၊
(ခ) ငွေလုံးငွေရင်းအသုံးစရိတ်အတွက် ရန်ပုံငွေလွှဲပြောင်းသုံးစွဲလိုပါက ဘဏ္ဍာရေးကော်မတီ သို့မဟုတ် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏သဘောထားမှတ်ချက်များ ရယူရမည်၊
(ဂ) ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းများနှင့်စပ်လျဉ်း၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြသော ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းများတင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်း
၁၄။ ဌာန၊ အဖွဲ့အစည်းများအနေနှင့် သက်ဆိုင်ရာ ဘဏ္ဍာရေးကာလအတွင်း မဖြစ်မနေ ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စီမံကိန်းများအတွက် အသုံးစရိတ်များကို ကျခံသုံးစွဲနိုင်ရန် မူလခွင့်ပြု ငွေဖြင့် မလုံလောက်လျှင်သော်လည်းကောင်း၊ ရန်ပုံငွေလွှဲပြောင်းကျခံသုံးစွဲရန် မဖြစ်နိုင်လျှင်သော် လည်းကောင်း ထပ်မံလိုငွေကို သတ်မှတ်ထားသည့် အချိန်ကာလတွင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တင်ပြတောင်းခံနိုင်သည်။ အဆိုပါ ဖြည့်စွက်ခွင့်ပြုငွေကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးခွင့်ပြုချက်ဖြင့် အတည်ပြုပြဋ္ဌာန်းပြီးမှသာ သုံးစွဲရမည်။ ဖြည့်စွက်ခွင့်ပြုငွေများကို ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း မပြုရ။
အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်း
၁၅။ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းများအတွက် အောက်ပါအတိုင်းဆောင်ရွက်ရမည်-
(က) အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ဘဏ္ဍာရေးကာလအတွင်း အလုပ်အမှုဆောင်ဘုတ်အဖွဲ့က မသုံးစွဲလျှင် မဖြစ်သည့် အရေးပေါ်ကိစ္စရပ်အတွက် အသုံးစရိတ်ဖြစ်ပြီး အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက် တွင် ပါဝင်ခြင်းမရှိသော အသုံးစရိတ်အတွက်သာ ဆောင်ရွက်ခွင့်ရှိသည်၊
(ခ) အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဆုံးဖြတ်ချက်အရသာ ခွင့်ပြုရမည်၊
(ဂ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း ကျိုးကြောင်းဖော်ပြချက်များနှင့်အတူ ဘဏ္ဍာရေးအစီအရင်ခံစာတွင် တင်ပြရမည်။
ပိုလျှံရန်ပုံငွေ
၁၆။ အရအသုံးခန့်မှန်းခြေငွေစာရင်းကို ဘဏ္ဍာရေးကာလတစ်ခုအတွက်သာ ခွင့်ပြုခြင်းဖြစ်သဖြင့် ဘဏ္ဍာရေးကာလအတွင်း မသုံးစွဲနိုင်သည့်ရန်ပုံငွေများကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ရုံးက သတ်မှတ်ထားသည့် နေ့ရက်တွင် ပြန်လည်အပ်နှံရမည်။
၁၇။ အဖွဲ့ဗဟို ဌာန၊ အဖွဲ့အစည်းများမှ ပိုလျှံရန်ပုံငွေများကို အဖွဲ့ဘဏ္ဍာရေးဌာနသို့ ပြန်လည်အပ်နှံရန် အဖွဲ့ဘဏ္ဍာရေးဌာန၏ ညွှန်ကြားချက်ပါအတိုင်း ဆောင်ရွက်ရမည်။
၁၈။ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများအဆင့် ဌာန၊ အဖွဲ့အစည်းများမှ ပိုလျှံရန်ပုံငွေများကို အဖွဲ့ဘဏ္ဍာရေးဌာနသို့ ပြန်လည်အပ်နှံရန် အဖွဲ့ဘဏ္ဍာရေးဌာန၏ ညွှန်ကြားချက်ပါအတိုင်း ဆောင်ရွက်ရမည်။
အခန်း (၆) - ဘဏ္ဍာရန်ပုံငွေလွှဲပြောင်းပေးမှုများ
၁။ ဖွဲ့စည်းပုံအခြေခံမူအရ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများသည် အဖွဲ့ဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့ငွေ၊ ချေးငွေရယူခြင်းကို ဆောင်ရွက်နိုင်သည်။
၂။ ထိုသို့ ထောက်ပံ့ငွေကို မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများအရအသုံးခန့်မှန်းခြေ ငွေစာရင်း လိုငွေဖြည့်ဆည်းရန်သော်လည်းကောင်း၊ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများများ၏ အထူးကိစ္စရပ်များအတွက်သော်လည်းကောင်း ဆောင်ရွက်နိုင်သည်။
၃။ အဖွဲ့ဘဏ္ဍာရန်ပုံငွေမှ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေသို့ ထောက်ပံ့ခြင်း နှင့် ထုတ်ချေးခြင်းများကို သက်ဆိုင်ရာဘဏ္ဍာရေးကာလ အဖွဲ့၏ အရအသုံးခန့်မှန်းခြေငွေစာရင်း တွင် သုံးငွေအဖြစ် ထည့်သွင်းလျာထားရမည်။
၄။ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများများအနေဖြင့် အရအသုံးခန့်မှန်းခြေငွေစာရင်း လိုငွေအတွက် အဖွဲ့ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ငွေရယူခြင်းကို သက်ဆိုင်ရာဘဏ္ဍာရေးကာလ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ရငွေအဖြစ်လည်းကောင်း၊ အထူးကိစ္စရပ်များ အတွက် ထောက်ပံ့ခြင်းကို သက်ဆိုင်ရာဘဏ္ဍာရေးကာလ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင် ရငွေနှင့် သုံးငွေအဖြစ်လည်းကောင်း ထည့်သွင်းလျာထားရမည်။
၅။ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများအနေဖြင့် အဖွဲ့ဘဏ္ဍာရန်ပုံငွေမှ ရယူထားသည့် ချေးငွေအပေါ် အရင်း၊ အတိုးပေးဆပ်ခြင်းကို အဖွဲ့ဘဏ္ဍာရေးဌာနက သတ်မှတ်သည့်အတိုင်း အဖွဲ့ဘဏ္ဍာရန်ပုံငွေသို့ အချိန်မီ လွှဲပြောင်းပေးရမည်။
အခန်း (၇) - တာဝန်ယူမှုနှင့် ဌာနတွင်းကြီးကြပ်မှု
၁။ အဖွဲ့၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်အရ အဖွဲ့ဌာန၊ အဖွဲ့အစည်းများ၏ ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းအတွက် အဖွဲ့အလုပ်အမှုဆောင်ဒါရိုက်တာက ဥက္ကဋ္ဌမှတဆင့် တာဝန်ခံရမည်။ ဥက္ကဋ္ဌက မိမိအား အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို အဖွဲ့အလုပ်အမှုဆောင်ဒါရိုက်တာ၏ အကြံပြချက်ဖြင့် အဖွဲ့ဌာန၊ အဖွဲ့အစည်းများရှိ သက်ဆိုင်ရာအကြီးအမှူးများနှင့် ဒါရိုက်တာများ လွှဲအပ်၍ ၎င်းလက်အောက်ရှိ ဌာနအကြီးအကဲများကို ထပ်ဆင့်လွှဲအပ်ဆောင်ရွက်စေရမည်။
၂။ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်အရ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေ တို့ကို စီမံခန့်ခွဲခြင်းအတွက် သက်ဆိုင်ရာ အကြီးအကဲက တာဝန်ခံရမည်။ သက်ဆိုင်ရာ အကြီးအကဲက မိမိအား အပ်နှင်း ထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ ဌာနတာဝန်ခံများကို လွှဲအပ် ဆောင်ရွက်စေရမည်။
ကြီးကြပ်သူအရာရှိ၏ တာဝန်ဝတ္တရားများ
၃။ ကြီးကြပ်သူအရာရှိသည် ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်အရ သက်ဆိုင်ရာဒါရိုက်တာ ကိုယ်စား မိမိဌာန၊ အဖွဲ့အစည်းအတွက် တာဝန်ရှိသည်။
၄။ အသင်း၊ အဖွဲ့အစည်းတစ်ခုကို စီမံကြီးကြပ်ရန် တာဝန်ပေးအပ်ခြင်းခံရသော အသင်း အရာရှိ အကြီးအမှူး/ အသင်းအကြီးအကဲသည် ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးကြီးကြပ်မှုများနှင့်ပတ်သက်၍လည်း တာဝန်ရှိသူ ဖြစ်သည်။ ဌာန၊ အဖွဲ့အစည်း၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးကြီးကြပ်မှုပြုလုပ်ရသည့်အတွက် ဌာန၊ အဖွဲ့အစည်း၏ ငွေစာရင်း လုပ်ငန်းတွင်လည်း ကြီးကြပ်ကွပ်ကဲမှု မလစ်ဟင်းအောင် ဆောင်ရွက်ရန်တာဝန်ရှိသည်။
၅။ ကြီးကြပ်သူအရာရှိတိုင်းသည် လက်အောက်ခံငွေကောက်ခံရန် တာဝန်ရှိသူအရာရှိအားလုံး၏ လုပ်ဆောင်ချက်များကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိသည့်အပြင် ဌာန၊ အဖွဲ့အစည်း၏ ရရန်ငွေများကို ကောက်ခံရာ၌ ပျက်ကွက်မှု၊ ချန်လှပ်မှု၊ နှောင့်နှေးကြန့်ကြာမှုမရှိစေရန် အမြဲတစေစောင့်ကြည့်ရန် တာဝန်ရှိသည်။ ကြီးကြပ်သူအရာရှိသည် ဌာန၊ အဖွဲ့အစည်းတစ်ခု၏ ရငွေအားလုံးကို အပြည့်အဝ ကောက်ခံရရှိရန်နှင့် ကောက်ခံရရှိငွေများကို သက်ဆိုင်ရာသို့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အပြည့်အဝပေးသွင်း စေရန်အတွက် လုံးဝတာဝန်ရှိသည်။
၆။ သက်ဆိုင်ရာ ဘဏ္ဍာရေးကာလအတွက် ခွင့်ပြုထားသော လျာထားချက်များမှ အသုံးစရိတ်ဆိုင်ရာ ဘဏ္ဍာရေးကိစ္စအဝဝကို ကြီးကြပ်ရန် တာဝန်ရှိသည့်ကြီးကြပ်သူအရာရှိများသည် အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်ရမည်-
(က) ခွင့်ပြုလျာထားငွေထက် ပိုမိုမသုံးစွဲရ၊
(ခ) အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲရာတွင် ပါဝင်ပြီးဖြစ်သော သုံးစွဲရန်ရည်ရွယ်ထားသည့် ကိစ္စရပ်များအတွက်သာ သုံးစွဲရမည်၊
(ဂ) အများ/အဖွဲ့အကျိုးအတွက် ရည်ရွယ်သော အသုံးစရိတ် ဖြစ်ရမည်၊
(ဃ) မိမိရုံးနှင့် လက်အောက်ခံရုံးများ၏ ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်မှုများသည် မှန်ကန်မှုရှိစေရေး၊ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းများနှင့် ညီညွတ်မှုရှိစေရေး၊ ရန်ပုံငွေများကို လျော်ကန်သင့်မြတ်စွာသုံးစွဲရေး နှင့် ပြုန်းတီးမှုမရှိစေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ရမည်။
၇။ ဌာန၊ အဖွဲ့အစည်းများသည် သက်ဆိုင်ရာ ဘဏ္ဍာရေးကာလ တစ်ခုအတွက်ခွင့်ပြုထားသည့် အသုံးစရိတ်လျာထားငွေထက် မည်သည့်အသုံးစရိတ်ကိုမျှ ပိုမိုသုံးစွဲခြင်းမပြုရ။
တာဝန်ခွဲဝေပေးအပ်ခြင်း
၈။ ကြီးကြပ်သူအရာရှိသည် ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ကြီးကြပ်ကွပ်ကဲမှု လုပ်ဆောင်ပိုင်ခွင့်များကို ဗော်လန်တီယာတစ်ဦးဦးကို သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်မရှိဘဲ လွှဲအပ်ခြင်းမပြုရ။ ထိုသို့ တစ်ဆင့်လွှဲအပ်ဆောင်ရွက်စေခြင်းဖြင့် လွှဲအပ်သူသည် မိမိ၌ အနည်းငယ်မျှ တာဝန်လျော့ပေါ့သွားခြင်း မရှိကြောင်း သတိချပ်ရမည်။ ကြီးကြပ်သူအရာရှိအနေဖြင့် ငွေထုတ်သူအရာရှိ တစ်ဦး သို့မဟုတ် တစ်ဦးထက် ပို၍ ခန့်အပ်နိုင်သည်။ အခြားဌာန၊ အဖွဲ့အစည်းများမှ ဗော်လန်တီယာများကို မိမိ၏ဌာန၊ အဖွဲ့အစည်းအတွက် ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ကြီးကြပ်ကွပ်ကဲမှု လုပ်ဆောင်ပိုင်ခွင့်များ ပူးတွဲတာဝန်ပေးသည့်ကိစ္စများတွင် သက်ဆိုင်ရာဌာနများ၏ ကြိုတင်သဘောတူညီချက် ရရှိထားရမည်။
ငွေထုတ်သူအရာရှိ၏ တာဝန်ဝတ္တရားများ
၉။ ငွေထုတ်သူအရာရှိတိုင်းသည်-
(က) မိမိအား ခွဲဝေသတ်မှတ်ပေးထားသော ရန်ပုံငွေများထက် ပိုမိုသုံးစွဲခြင်းမပြုရ၊
(ခ) အသုံးစရိတ်တိုးတက်မှုစာရင်းကို လျာထားရန်ပုံငွေနှင့် ယှဉ်၍ ထိန်းသိမ်းထားရှိပြီး စောင့်ကြည့် စစ်ဆေးနေရမည်။ စာရင်းညှိနှိုင်းမှုအရအသုံးစရိတ်များ၊ အချိန်တန်လျှင် ပေးချေရမည့် ပေးရန်တာဝန် များနှင့် အခြားအခြေအနေများကို အမြဲတစေလေ့လာသိရှိနေရမည်၊
(ဂ) ရန်ပုံငွေများကို သုံးစွဲရန်ရည်ရွယ်ထားသည့်ကိစ္စရပ်များအတွက်သာ သုံးစွဲရမည်၊
(ဃ) အသုံးစရိတ်အတွက် ဘဏ္ဍာရေးဆိုင်ရာ အခြေခံရမည့်အချက်များနှင့် ကိုက်ညီရမည်၊
(င) ခွဲဝေချထားငွေများတွင် ပိုသုံးငွေသော်လည်းကောင်း၊ ပိုလျှံငွေသော်လည်းကောင်း ဖြစ်ပေါ်မည်ဟု သိရှိသည်နှင့်တစ်ပြိုင်နက် ရန်ပုံငွေများကိုညှိနှိုင်းဆောင်ရွက်သွားရန်အလို့ငှာ ကြီးကြပ်သူအရာရှိထံ အချိန်မီ တင်ပြအကြောင်းကြားရမည်၊
(စ) ဘဏ္ဍာရေးကျင့်စဉ်ကြီးများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်၊
(ဆ) မိမိဌာန၊ အဖွဲ့အစည်းမှ ရရန်ရှိသောငွေများကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အပြည့်အဝကောက်ခံ ရရှိရန်နှင့် သက်ဆိုင်ရာသို့ချက်ချင်း အပြည့်အဝပေးသွင်းရမည်။
ငွေကိုင်နှင့် ငွေကောက်ခံသူတို့၏ တာဝန်ဝတ္တရားများ
၁၀။ ကြီးကြပ်သူအရာရှိအနေဖြင့် ငွေကိုင်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ ခန့်အပ်နိုင်သည်။ ငွေကိုင်သူ သည် တစ်နေ့တာ ငွေကြေးလုပ်ငန်းဆောင်ရွက်ရာ၌ ငွေမည်မျှအထိသာ ထိုသူ၏လက်ဝယ်ထားရှိ ကိုင်ဆောင်နိုင်ကြောင်းကို ဌာန၊ အဖွဲ့အစည်းအကြီးအကဲက ကန့်သတ်ပေးထားရမည်ဖြစ်ပြီး လက်ခံ ရရှိငွေသည် ယင်းကန့်သတ်ချက်ထက် ကျော်လွန်ပါက ငွေကိုင်သူသည် တာဝန်ရှိသူအရာရှိအား ပေးအပ်ရမည်။ လက်ခံရရှိသော ငွေများကို နေ့စဉ် သတ်မှတ်ထားသောအချိန်အတွင်း သက်ဆိုင်ရာသို့ ပေးသွင်းရမည်။
၁၁။ ငွေကောက်ခံရန် တာဝန်ရှိသူအရာရှိတိုင်းသည် ဌာန၊ အဖွဲ့အစည်းက ရရန်ရှိသောငွေအားလုံးကို တောင်းခံခြင်း၊ ရယူခြင်း၊ အဖွဲ့ဘဏ္ဍာရန်ပုံငွေ သို့မဟုတ် သက်ဆိုင်ရာ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေသို့ အပြည့်အဝပေးသွင်းခြင်းလုပ်ငန်းများကို တိကျစွာ ဆောင်ရွက်ရမည်။ တောင်းခံခြင်းနှင့်စပ်လျဉ်း၍ တောင်းခံသည့် မှတ်ပုံတင်စာရင်းစာအုပ်များကို အချက်အလက် ပြည့်စုံစွာ ဖော်ပြ၍ အလွဲသုံးစားမှုနှင့် လိမ်လည်မှုများကို ဟန့်တားနိုင်အောင်လည်း အထူးဂရုပြုထိန်းချုပ် ဆောင်ရွက်ရမည်။
ဌာနတွင်းကြီးကြပ်ခြင်း
၁၂။ ကြီးကြပ်သူအရာရှိအနေဖြင့် ဌာန၊ အဖွဲ့အစည်းတစ်ခုရှိ ဌာနတွင်းကြီးကြပ်ရေးပုံစံဖွဲ့စည်းရာ၌ ညီညွတ်မျှတပြီး သင့်လျော်သည့် တာဝန်ခွဲဝေမှုများကို လုပ်ဆောင်ရမည်။ လုပ်ငန်းစဉ်တစ်ခု၏ အစမှ အဆုံးအထိ တစ်ဦးတစ်ယောက်တည်းကသာ အပြည့်အဝထိန်းချုပ်နေခြင်းမျိုး မရှိစေရန်၊ လုပ်ငန်းစဉ် တစ်ခုကို စတင်ခြင်း၊ စာရင်းသွင်းခြင်း၊ လုပ်ပိုင်ခွင့်ပေးခြင်းနှင့် ညှိနှိုင်းခြင်းတို့ကို လူတစ်ဦးတစ်ယောက် တည်းကသာ လုပ်ဆောင်ခြင်းမျိုးမရှိစေရန်သတိပြုရမည်။
၁၃။ သတ်မှတ်ထားသည့် တာဝန်များကို ကြီးကြပ်သူအရာရှိက ခွဲဝေပေးရာတွင် အခြေခံအားဖြင့် အောက်ပါအတိုင်းဖြစ်သည်-
(က) ပိုင်ဆိုင်မှုပစ္စည်းများအား ထိန်းသိမ်းခြင်း၊
(ခ) လုပ်ငန်းစဉ်များအား စာရင်းသွင်းမှတ်သားခြင်း၊
(ဂ) စာရင်းကိုက်ညှိခြင်းနှင့် ထိန်းချုပ်ခြင်း။
၁၄။ ကြီးကြပ်သူအရာရှိအနေဖြင့် လုပ်ငန်းနှင့် ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှုမဖြစ်စေရန်နှင့် အကယ်၍ ဖြစ်ပေါ်လာပါက ထိခိုက်ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်စေရန် ကြိုတင်စီမံဆောင်ရွက်ထားရမည်။
၁၅။ ကြီးကြပ်သူအရာရှိအနေဖြင့် ဗော်လန်တီယာများသည် မိမိလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်စွာဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းလိုအပ်ချက်အရ တစ်ဦး၏ လုပ်ငန်းကို တစ်ဦးက စစ်ဆေးကူညီနိုင်ရန် ရည်ရွယ်၍ ဌာနတွင်းကြီးကြပ်ရေးဆိုင်ရာ နည်းလမ်းများကို ချမှတ်ရမည်။
၁၆။ အသင်းတစ်ခုအတွင်း၌ တာဝန်များကို ခွဲခြားသတ်မှတ်နိုင်ခြင်းမရှိပါက ကြီးကြပ်သူအရာရှိ အနေဖြင့် အထက်အပိုဒ်များတွင် ဖော်ပြထားသည့် လုပ်ငန်းစဉ်များကို ကိုယ်တိုင်ဆောင်ရွက်ရမည်။
အခန်း (၈) - အမြတ်ငွေများ၊ အလှူနှင့် အခြားဘဏ္ဍာငွေများအားကောက်ခံရရှိခြင်း
ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံရန်တာဝန်
၁။ အဖွဲ့ဌာန၊ အဖွဲ့အစည်းများအနေဖြင့် အဖွဲ့၏ ရငွေများနှင့် အခြားသာမန်ရငွေများကို အပြည့်အဝကောက်ခံပြီး အဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ သို့ အချိန်မီ အပြည့်အဝပေးသွင်းရမည်။
၂။ အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းများမှ ရရှိသည့် ရငွေများအားလုံးကို အဖွဲ့ဘဏ္ဍာရေးဌာနက ထုတ်ပြန်သည့် လမ်းညွှန်ချက်များနှင့်အညီ အဖွဲ့ဘဏ္ဍာရန်ပုံငွေ သို့မဟုတ် သက်ဆိုင်ရာမြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေသို့ အချိန်မီ ထည့်သွင်းရမည်။
၃။ ပြည်ပတွင် ကောက်ခံရရှိသောငွေများကို အဖွဲ့ဘဏ္ဍာရေးဌာနမှ အခါ အားလျော်စွာ ထုတ်ပြန်သော ညွှန်ကြားချက်များ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံ ဆောင်ရွက်ရမည်။
၄။ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများအဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများများမှ ကောက်ခံရမည့် ရငွေများနှင့် အခြားသာမန်ရငွေများကို အပြည့်အဝကောက်ခံပြီး မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေသို့ အချိန်မီ အပြည့်အဝပေးသွင်းရမည်။
ရငွေနှင့်စပ်လျဉ်းသည့် ယေဘုယျစည်းမျဉ်းများ
၅။ ရငွေအားလုံးကို အဖွဲ့၏ တရားဝင်ငွေကြေးဖြင့်သာ လက်ခံရမည်။ သို့ရာတွင် အဖွဲ့ ဘဏ္ဍာရေးဌာန၏ အထူးခွင့်ပြုမိန့်ဖြင့် ခြွင်းချက်ပေးထားသော ဌာန၊ အဖွဲ့အစည်းများသည် နိုင်ငံခြားငွေများကို လက်ခံနိုင်သည်။ အဖွဲ့ဘဏ္ဍာရေးဌာန၏ အထူးခွင့်ပြုမိန့်မရှိသော ဌာန၊ အဖွဲ့အစည်းများသည် နိုင်ငံခြားငွေများကို လက်ခံရရှိပါက မြန်မာကျပ်ငွေဖြင့် လဲလှယ်စာရင်းသွင်းရမည်။
၆။ ရငွေများကို ကောက်ခံရာ၌ ဘဏ္ဍာရေးဌာနမှ သတ်မှတ်နည်းနာများအတိုင်း ပေးသွင်းစေခြင်းဖြင့် ဆောင်ရွက်ရမည်။
၇။ အဖွဲ့ သို့မဟုတ် မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေစာရင်းသို့ ငွေပေးသွင်း သော မည်သူမဆို မှတ်တမ်းစာရွက်ချလန်ဖြင့် ငွေပေးသွင်းရမည်။ အဆိုပါ ချလန်တွင် ပေးသွင်းရသည့် အကြောင်းအရင်း၊ ပေးသွင်းသည့် လူပုဂ္ဂိုလ် သို့မဟုတ် အလုပ်အမှုဆောင်ဘုတ်အဖွဲ့အရာရှိ၊ ရငွေစာရင်းအတွက် လိုအပ်သော အချက်အလက်များအားလုံး ပါရှိရမည်။ အဖွဲ့ဘဏ္ဍာရေးဌာနအနေဖြင့် ချလန်ဖြင့် ငွေပေးသွင်းခြင်းနှင့်စပ်လျဉ်းသည့် လမ်းညွှန်ချက်များကို အခါအားလျော်စွာ ထုတ်ပြန်နိုင်သည်။
၈။ ရငွေများကို ပြန်လည်ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအချက်များအတိုင်းဆောင်ရွက်ရမည်-
(က) အောက်ပါအကြောင်းတစ်ခုခုကြောင့် အဖွဲ့၏ရငွေအဖြစ် စာရင်းတင်ပြီးသောရငွေ၏ တစ်စိတ် တစ်ပိုင်းကိုသော်လည်းကောင်း၊ အပြည့်အဝကိုသော်လည်းကောင်း မူလပေးသွင်းသူသို့ ပြန်လည် ထုတ်ပေးရသည့် ကိစ္စရပ်များအတွက် အဖွဲ့ သို့မဟုတ် သက်ဆိုင်ရာမြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေမှ ပြန်လည်ထုတ်ပေးနိုင်သည်-
(၁) အမှန်ပေးသွင်းရမည့်ငွေထက် ပိုမိုပေးသွင်းမိသည့်ငွေများ၊
(၂) ရငွေအဖြစ် မှားယွင်းစာရင်းတင်မိခြင်းကြောင့် ပြန်လည်ထုတ်ပေးရမည့် ငွေများ၊
(၃) မူဝါဒတစ်ရပ်ရပ်အရ မူလပေးသွင်းသူသို့ ပြန်လည်ထုတ်ပေးရမည့်ငွေများ၊
(၄) အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သီးခြားအမိန့်ဖြင့် ကင်းလွတ်ခွင့်ပြုသော ရငွေများအား ပြန်လည်ထုတ်ပေးငွေများ။
(ခ) ပြန်လည်ထုတ်ပေးရမည့်ငွေများသည် သက်ဆိုင်ရာ ဘဏ္ဍာရေးကာလ၏ ပြန်အမ်းငွေများနှင့် သက်ဆိုင်ခြင်းမရှိစေရ၊
(ဂ) ပြန်လည်ထုတ်ပေးရမည့် ကိစ္စရပ်များအတွက် အဖွဲ့ဘဏ္ဍာရေးဌာနက ဌာန၊ အဖွဲ့အစည်းများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများကို အခါအားလျော်စွာ ထုတ်ပြန်ပေးရမည်။
ချက်လက်မှတ်များလက်ခံရရှိခြင်း
၉။ ချက်လက်မှတ်ဖြင့် ငွေပေးသွင်းသူ၏ ဘဏ်စာရင်းတွင် လက်ကျန်ငွေအလုံအလောက်မရှိ၍ဖြစ်စေ၊ အခြားအကြောင်းတစ်ရပ်ရပ်ကြောင့်ဖြစ်စေ၊ သက်ဆိုင်ရာဘဏ်မှ ၎င်းချက်လက်မှတ်အား ငွေပေးရန် ငြင်းဆန်ခဲ့လျှင် အောက်ပါတို့ကို ဆောင်ရွက်ရမည်-
(က) မူလချက်လက်မှတ်ပေးသော ပုဂ္ဂိုလ် သို့မဟုတ် ဌာန၊ အဖွဲ့အစည်းအား ယင်းပေးသွင်းသော ချက်လက်မှတ်ကို ဘဏ်မှ ငွေပေးရန် ငြင်းဆန်ကြောင်းကို ဆောလျင်စွာ အကြောင်းကြား၍ အမြန် ရှင်းလင်းပေးရန်နှင့် ကျသင့်ငွေကို ထပ်မံပေးသွင်းရန် တောင်းဆိုရမည်၊
(ခ) ဤဖြစ်ရပ်အတွက် ငွေကောက်ခံသည့် ဌာန၊ အဖွဲ့အစည်းအတွင်းမည်သူ့တွင် တာဝန်ရှိသည်ကို စုံစမ်း စစ်ဆေး၍ နောက်နောင် အလားတူဖြစ်ရပ်မျိုး မဖြစ်ပေါ်စေရန် သတိပေးလမ်းညွှန်မှုပြုရမည်၊
(ဂ) ငွေပေးရန် ငြင်းဆိုခြင်းခံရသော ချက်လက်မှတ်ပါ ငွေပမာဏနှင့် ယင်းချက်လက်မှတ်နှင့် ဆက်စပ် ကုန်ကျသော အသုံးစရိတ်အခကြေးငွေများကို မူလချက်လက်မှတ်ထုတ်ပေးသူထံမှ ပြန်လည်တောင်းခံ ရန် လုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်ရမည်။
၁၀။ ရငွေများကို ချက်လက်မှတ်ဖြင့်လက်ခံရရှိလျှင် အောက်ပါအတိုင်းဆောင်ရွက်ရမည်-
(က) ချက်လက်မှတ်ကို ရရှိသောအခါ တာဝန်ရှိသူအရာရှိကသာ စစ်ဆေးလက်ခံရမည်။ ယင်း ချက်လက်မှတ်သည် ထပ်ဆင့်စာရင်း လွှဲပြောင်းခြင်းမပြုနိုင်သည့် မျဉ်းသားချက်လက်မှတ် ဖြစ်ရမည်။ မျဉ်းသားချက်လက်မှတ်မဟုတ်လျှင် တာဝန်ရှိသူအရာရှိက မျဉ်းသားဆောင်ရွက်ရမည်၊
(ခ) ပြင်ပပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းက ပေးသော ချက်လက်မှတ်များအတွက် ပေးသော ငွေရပြေစာသည် ချက်လက်မှတ်ကို မရှင်းလင်းရသေးပါလျှင် ယင်းပြေစာအတည်မဖြစ်သေးကြောင်း ထင်ရှားအောင် ရေးသား ဖော်ပြရမည်။ ယင်း ချက်လက်မှတ်နှင့်ပတ်သက်၍ ဘဏ်က ရှင်းလင်းစရိတ်များကောက်ခံပါက ချက်လက်မှတ်ပေးသူအား ကျခံစေရမည်။ ဘဏ်အာမခံပါသော ချက်လက်မှတ်များအတွက် အပြီးသတ် ငွေရပြေစာကို ထုတ်ပေးနိုင်သည်၊
(ဂ) အထက်ပါ အချက်အလက်များကို လိုက်နာရန်ပျက်ကွက်သည့်အတွက် ဆုံးရှုံးမှုတစ်စုံတစ်ရာရှိလျှင် ထပ်ဆင့်လက်မှတ်ရေးထိုးသောအရာရှိသည် ဆုံးရှုံးခြင်းအတွက် အဓိကတာဝန်ရှိသူ ဖြစ်သည်။
ငွေရပြေစာများ
၁၁။ ငွေကောက်ခံသူအရာရှိသည် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း ကောက်ခံရရှိသော ငွေအားလုံးအတွက် ငွေပေးဆောင်သူသို့ ဆိုင်းငံ့ခြင်းမရှိဘဲ ငွေရပြေစာမူရင်းထုတ်ပေး ရမည်။
ရငွေစာရင်းများသွင်းခြင်း
၁၂။ ဗဟိုအဖွဲ့အစည်းများ၊ ဌာနများသည် ရငွေများအားလုံးကို ဘဏ္ဍာရေးဌာနညွှန်ကြးချက်နှင့်အညီ သက်ဆိုင်ရာစာရင်းများတွင် စာရင်းရေးသွင်း ပေါင်းချုပ်ရမည်။
၁၃။ အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ရငွေများအားလုံးကို အဖွဲ့ဘဏ္ဍာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာစာရင်းများတွင် စာရင်းရေးသွင်း ပေါင်းချုပ်ရမည်။
၁၇။ အလှူဘဏ္ဍာငွေများကောက်ခံရရှိခြင်း
၁။ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် အဖွဲ့၏ အလှူရငွေများကို အပြည့်အဝကောက်ခံပြီး အဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ သို့ အချိန်မီ အပြည့်အဝပေးသွင်းရမည်။
၂။ ပြည်ပတွင် ကောက်ခံရရှိသောအလှူငွေများကို ဘဏ္ဍာရေးဌာနမှ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် အခါ အားလျော်စွာ ထုတ်ပြန်သော ညွှန်ကြားချက်များ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ရမည်။
၁၈။ အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အမြတ်ငွေများ
၁။ ဘဏ္ဍာရေးဌာနသည် အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အဖွဲ့ဘဏ္ဍာငွေစီမံခန့်ခွဲမှုများနှင့် လုပ်ငန်းဆောင်ရွက်မှုများအတွက် ညွှန်ကြားချက်များကို အခါ အားလျော်စွာ ထုတ်ပြန်ပေးရမည်။
၂။ အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အမြတ်ငွေများကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ သတ်မှတ်သော ရာခိုင်နှုန်းအတိုင်း ဘဏ္ဍာရေးဌာနမှတစ်ဆင့် ဗဟိုဘဏ္ဍာရန်ပုံငွေသို့လွှဲအပ်ပြီး ကျန်ငွေများကို ၎င်းအဖွဲ့ပိုင်စီးပွားရေးလုပ်ငန်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်သည်၊ သို့တည်းမဟုတ် အဖွဲ့ပိုင်စီးပွားရေးလုပ်ငန်းအသစ်များတွင် ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်သည်။
၁၉။ သာမန်ရငွေများ
၁။ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် အဖွဲ့၏ ရငွေများနှင့် အခြားသာမန်ရငွေများကို အပြည့်အဝကောက်ခံပြီး အဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ သို့ အချိန်မီ အပြည့်အဝပေးသွင်းရမည်။ ရငွေများနှင့် အခြးသာမာန်ရငွေများတွင်အောက်ပါတို့ပါဝင်သည်။
(က) ရန်ပုံငွေမြှင့်တင်ရေး
(ခ) ပရောဂျက်မှ စီးပွားဖြစ်ရငွေနှင့် ပရောဂျက်အားထောက်ပံ့ငွေ
(ဂ) လှူဒါန်းမှုများ
(ဃ) အဖွဲ့ဝင်များမှရငွေ
၂။ ပြည်ပတွင် ကောက်ခံရရှိသောငွေများကို အဖွဲ့ဘဏ္ဍာရေးဌာနမှ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ခွင့်ပြု၊ သဘောတူညီချက်ဖြင့် အခါ အားလျော်စွာ ထုတ်ပြန်သော ညွှန်ကြားချက်များ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ရမည်။
၃။ အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ကောက်ခံရမည့် ရငွေများနှင့် အခြားသာမန်ရငွေများကို အပြည့်အဝကောက်ခံပြီး အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေသို့ အချိန်မီ အပြည့်အဝပေးသွင်းရမည်။ စီးပွားရေးအဖွဲ့အစည်းများ၏ ကောက်ခံရမည့် ရငွေများနှင့် အခြားသာမန်ရငွေများတွင် ၎င်းစီးပွားရေးလုပ်ငန်းမှ အမြတ်ရောင်းရငွေများကို ဆိုလိုသည်။
၂၀။ မြန်မာ့သစ်ခွအတွက် ပြည်ပအကူအညီရရှိခြင်း
မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများတွင် ပြည်ပအကူအညီများရရှိလာပါက အဖွဲ့ ဘဏ္ဍာရေးဌာနက အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ခွင့်ပြု၊ သဘောတူညီချက်ဖြင့် ထုတ်ပြန်သည့် ညွှန်ကြားချက်များအတိုင်း စီမံဆောင်ရွက်ရမည်။
ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံရန်တာဝန်
၁။ အဖွဲ့ဌာန၊ အဖွဲ့အစည်းများအနေဖြင့် အဖွဲ့၏ ရငွေများနှင့် အခြားသာမန်ရငွေများကို အပြည့်အဝကောက်ခံပြီး အဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ သို့ အချိန်မီ အပြည့်အဝပေးသွင်းရမည်။
၂။ အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းများမှ ရရှိသည့် ရငွေများအားလုံးကို အဖွဲ့ဘဏ္ဍာရေးဌာနက ထုတ်ပြန်သည့် လမ်းညွှန်ချက်များနှင့်အညီ အဖွဲ့ဘဏ္ဍာရန်ပုံငွေ သို့မဟုတ် သက်ဆိုင်ရာမြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေသို့ အချိန်မီ ထည့်သွင်းရမည်။
၃။ ပြည်ပတွင် ကောက်ခံရရှိသောငွေများကို အဖွဲ့ဘဏ္ဍာရေးဌာနမှ အခါ အားလျော်စွာ ထုတ်ပြန်သော ညွှန်ကြားချက်များ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံ ဆောင်ရွက်ရမည်။
၄။ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများအဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများများမှ ကောက်ခံရမည့် ရငွေများနှင့် အခြားသာမန်ရငွေများကို အပြည့်အဝကောက်ခံပြီး မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေသို့ အချိန်မီ အပြည့်အဝပေးသွင်းရမည်။
ရငွေနှင့်စပ်လျဉ်းသည့် ယေဘုယျစည်းမျဉ်းများ
၅။ ရငွေအားလုံးကို အဖွဲ့၏ တရားဝင်ငွေကြေးဖြင့်သာ လက်ခံရမည်။ သို့ရာတွင် အဖွဲ့ ဘဏ္ဍာရေးဌာန၏ အထူးခွင့်ပြုမိန့်ဖြင့် ခြွင်းချက်ပေးထားသော ဌာန၊ အဖွဲ့အစည်းများသည် နိုင်ငံခြားငွေများကို လက်ခံနိုင်သည်။ အဖွဲ့ဘဏ္ဍာရေးဌာန၏ အထူးခွင့်ပြုမိန့်မရှိသော ဌာန၊ အဖွဲ့အစည်းများသည် နိုင်ငံခြားငွေများကို လက်ခံရရှိပါက မြန်မာကျပ်ငွေဖြင့် လဲလှယ်စာရင်းသွင်းရမည်။
၆။ ရငွေများကို ကောက်ခံရာ၌ ဘဏ္ဍာရေးဌာနမှ သတ်မှတ်နည်းနာများအတိုင်း ပေးသွင်းစေခြင်းဖြင့် ဆောင်ရွက်ရမည်။
၇။ အဖွဲ့ သို့မဟုတ် မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေစာရင်းသို့ ငွေပေးသွင်း သော မည်သူမဆို မှတ်တမ်းစာရွက်ချလန်ဖြင့် ငွေပေးသွင်းရမည်။ အဆိုပါ ချလန်တွင် ပေးသွင်းရသည့် အကြောင်းအရင်း၊ ပေးသွင်းသည့် လူပုဂ္ဂိုလ် သို့မဟုတ် အလုပ်အမှုဆောင်ဘုတ်အဖွဲ့အရာရှိ၊ ရငွေစာရင်းအတွက် လိုအပ်သော အချက်အလက်များအားလုံး ပါရှိရမည်။ အဖွဲ့ဘဏ္ဍာရေးဌာနအနေဖြင့် ချလန်ဖြင့် ငွေပေးသွင်းခြင်းနှင့်စပ်လျဉ်းသည့် လမ်းညွှန်ချက်များကို အခါအားလျော်စွာ ထုတ်ပြန်နိုင်သည်။
၈။ ရငွေများကို ပြန်လည်ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအချက်များအတိုင်းဆောင်ရွက်ရမည်-
(က) အောက်ပါအကြောင်းတစ်ခုခုကြောင့် အဖွဲ့၏ရငွေအဖြစ် စာရင်းတင်ပြီးသောရငွေ၏ တစ်စိတ် တစ်ပိုင်းကိုသော်လည်းကောင်း၊ အပြည့်အဝကိုသော်လည်းကောင်း မူလပေးသွင်းသူသို့ ပြန်လည် ထုတ်ပေးရသည့် ကိစ္စရပ်များအတွက် အဖွဲ့ သို့မဟုတ် သက်ဆိုင်ရာမြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေမှ ပြန်လည်ထုတ်ပေးနိုင်သည်-
(၁) အမှန်ပေးသွင်းရမည့်ငွေထက် ပိုမိုပေးသွင်းမိသည့်ငွေများ၊
(၂) ရငွေအဖြစ် မှားယွင်းစာရင်းတင်မိခြင်းကြောင့် ပြန်လည်ထုတ်ပေးရမည့် ငွေများ၊
(၃) မူဝါဒတစ်ရပ်ရပ်အရ မူလပေးသွင်းသူသို့ ပြန်လည်ထုတ်ပေးရမည့်ငွေများ၊
(၄) အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သီးခြားအမိန့်ဖြင့် ကင်းလွတ်ခွင့်ပြုသော ရငွေများအား ပြန်လည်ထုတ်ပေးငွေများ။
(ခ) ပြန်လည်ထုတ်ပေးရမည့်ငွေများသည် သက်ဆိုင်ရာ ဘဏ္ဍာရေးကာလ၏ ပြန်အမ်းငွေများနှင့် သက်ဆိုင်ခြင်းမရှိစေရ၊
(ဂ) ပြန်လည်ထုတ်ပေးရမည့် ကိစ္စရပ်များအတွက် အဖွဲ့ဘဏ္ဍာရေးဌာနက ဌာန၊ အဖွဲ့အစည်းများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများကို အခါအားလျော်စွာ ထုတ်ပြန်ပေးရမည်။
ချက်လက်မှတ်များလက်ခံရရှိခြင်း
၉။ ချက်လက်မှတ်ဖြင့် ငွေပေးသွင်းသူ၏ ဘဏ်စာရင်းတွင် လက်ကျန်ငွေအလုံအလောက်မရှိ၍ဖြစ်စေ၊ အခြားအကြောင်းတစ်ရပ်ရပ်ကြောင့်ဖြစ်စေ၊ သက်ဆိုင်ရာဘဏ်မှ ၎င်းချက်လက်မှတ်အား ငွေပေးရန် ငြင်းဆန်ခဲ့လျှင် အောက်ပါတို့ကို ဆောင်ရွက်ရမည်-
(က) မူလချက်လက်မှတ်ပေးသော ပုဂ္ဂိုလ် သို့မဟုတ် ဌာန၊ အဖွဲ့အစည်းအား ယင်းပေးသွင်းသော ချက်လက်မှတ်ကို ဘဏ်မှ ငွေပေးရန် ငြင်းဆန်ကြောင်းကို ဆောလျင်စွာ အကြောင်းကြား၍ အမြန် ရှင်းလင်းပေးရန်နှင့် ကျသင့်ငွေကို ထပ်မံပေးသွင်းရန် တောင်းဆိုရမည်၊
(ခ) ဤဖြစ်ရပ်အတွက် ငွေကောက်ခံသည့် ဌာန၊ အဖွဲ့အစည်းအတွင်းမည်သူ့တွင် တာဝန်ရှိသည်ကို စုံစမ်း စစ်ဆေး၍ နောက်နောင် အလားတူဖြစ်ရပ်မျိုး မဖြစ်ပေါ်စေရန် သတိပေးလမ်းညွှန်မှုပြုရမည်၊
(ဂ) ငွေပေးရန် ငြင်းဆိုခြင်းခံရသော ချက်လက်မှတ်ပါ ငွေပမာဏနှင့် ယင်းချက်လက်မှတ်နှင့် ဆက်စပ် ကုန်ကျသော အသုံးစရိတ်အခကြေးငွေများကို မူလချက်လက်မှတ်ထုတ်ပေးသူထံမှ ပြန်လည်တောင်းခံ ရန် လုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်ရမည်။
၁၀။ ရငွေများကို ချက်လက်မှတ်ဖြင့်လက်ခံရရှိလျှင် အောက်ပါအတိုင်းဆောင်ရွက်ရမည်-
(က) ချက်လက်မှတ်ကို ရရှိသောအခါ တာဝန်ရှိသူအရာရှိကသာ စစ်ဆေးလက်ခံရမည်။ ယင်း ချက်လက်မှတ်သည် ထပ်ဆင့်စာရင်း လွှဲပြောင်းခြင်းမပြုနိုင်သည့် မျဉ်းသားချက်လက်မှတ် ဖြစ်ရမည်။ မျဉ်းသားချက်လက်မှတ်မဟုတ်လျှင် တာဝန်ရှိသူအရာရှိက မျဉ်းသားဆောင်ရွက်ရမည်၊
(ခ) ပြင်ပပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းက ပေးသော ချက်လက်မှတ်များအတွက် ပေးသော ငွေရပြေစာသည် ချက်လက်မှတ်ကို မရှင်းလင်းရသေးပါလျှင် ယင်းပြေစာအတည်မဖြစ်သေးကြောင်း ထင်ရှားအောင် ရေးသား ဖော်ပြရမည်။ ယင်း ချက်လက်မှတ်နှင့်ပတ်သက်၍ ဘဏ်က ရှင်းလင်းစရိတ်များကောက်ခံပါက ချက်လက်မှတ်ပေးသူအား ကျခံစေရမည်။ ဘဏ်အာမခံပါသော ချက်လက်မှတ်များအတွက် အပြီးသတ် ငွေရပြေစာကို ထုတ်ပေးနိုင်သည်၊
(ဂ) အထက်ပါ အချက်အလက်များကို လိုက်နာရန်ပျက်ကွက်သည့်အတွက် ဆုံးရှုံးမှုတစ်စုံတစ်ရာရှိလျှင် ထပ်ဆင့်လက်မှတ်ရေးထိုးသောအရာရှိသည် ဆုံးရှုံးခြင်းအတွက် အဓိကတာဝန်ရှိသူ ဖြစ်သည်။
ငွေရပြေစာများ
၁၁။ ငွေကောက်ခံသူအရာရှိသည် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း ကောက်ခံရရှိသော ငွေအားလုံးအတွက် ငွေပေးဆောင်သူသို့ ဆိုင်းငံ့ခြင်းမရှိဘဲ ငွေရပြေစာမူရင်းထုတ်ပေး ရမည်။
ရငွေစာရင်းများသွင်းခြင်း
၁၂။ ဗဟိုအဖွဲ့အစည်းများ၊ ဌာနများသည် ရငွေများအားလုံးကို ဘဏ္ဍာရေးဌာနညွှန်ကြးချက်နှင့်အညီ သက်ဆိုင်ရာစာရင်းများတွင် စာရင်းရေးသွင်း ပေါင်းချုပ်ရမည်။
၁၃။ အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ရငွေများအားလုံးကို အဖွဲ့ဘဏ္ဍာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာစာရင်းများတွင် စာရင်းရေးသွင်း ပေါင်းချုပ်ရမည်။
အခန်း (၉) - ငွေထုတ်ယူခြင်း
၂၁။ ဘဏ္ဍာငွေများသုံးစွဲခြင်း
၁။ ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်အရ တာဝန်ခံသူအဖြစ် သတ်မှတ်ထားသော လုပ်ပိုင်ခွင့်ရှိသူသည် ခွင့်ပြုထားသော ရန်ပုံငွေများကို မိမိလက်အောက်ရှိ ဌာန၊ အဖွဲ့ အစည်း၏ ဌာနအကြီးအမှူး သို့မဟုတ် အကြီးအကဲများသို့ ခွဲဝေပေးရမည်။
၂။ အဖွဲ့ဘဏ္ဍာရန်ပုံငွေကို စီမံခန့်ခွဲရသော ဌာနဆိုင်ရာ အကြီးအကဲများ၊ ကြီးကြပ်သူအရာရှိများနှင့် ငွေထုတ်သူအရာရှိများအနေဖြင့် အဖွဲ့ဘဏ္ဍာရန်ပုံငွေများကို ထုတ်ယူသုံးစွဲရာတွင် ဘဏ္ဍာရေး မူဝါဒ၊ စည်းမျဉ်းများကို တိကျစွာလိုက်နာရမည်။ အဖွဲ့ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူရန်အကြောင်း ပေါ်ပေါက်ပါက စည်းမျဉ်းများနှင့် ညီညွတ်သော ငွေတောင်းခံလွှာကို ရေးဆွဲပြီး ၎င်းငွေတောင်းခံလွှာကို ငွေထုတ်သူ အရာရှိက စစ်ဆေးပြီးမှ ငွေထုတ်ယူခြင်းကို ခွင့်ပြုနိုင်သည်။
အခန်း (၁၀) - ကြိုထုတ်ငွေစီမံခန့်ခွဲမှု
ကြိုတင်ထုတ်ပေးငွေ
၁၈။ ကြိုတင်ထုတ်ပေးငွေများနှင့်စပ်လျဉ်း၍ တည်ဆဲစည်းမျဉ်းများနှင့် အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်စသည်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်ဖြစ်သည်။
အခန်း (၁၁) - ဘဏ္ဍာရန်ပုံငွေများအားသုံးစွဲခြင်း
အရအသုံးခန့်မှန်းခြေ ငွေစာရင်းခွင့်ပြုမိန့်ထုတ်ပေးခြင်းနှင့် ငွေထုတ်ကန့်သတ်ချက်များ
၁။ ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်အရ တာဝန်ခံသူအဖြစ် သတ်မှတ်ထားသော လုပ်ပိုင်ခွင့်ရှိသူ သည် သက်ဆိုင်ရာ ဘဏ္ဍာရေးကာလအတွင်း ခွင့်ပြုထားသော ရန်ပုံငွေများကို မိမိလက်အောက်ရှိ ဌာန၊ အဖွဲ့ အစည်း၏ ဌာနအကြီးအမှူး သို့မဟုတ် အကြီးအကဲများသို့ ခွဲဝေပေးရမည်။
၂။ ကြီးကြပ်သူအရာရှိသည် သတ်မှတ်ကာလအတွင်း ရငွေ၊ သုံးငွေများကို စီမံကြီးကြပ်ရာတွင် အဖွဲ့ဘဏ္ဍာရေးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်။
၃။ ကြီးကြပ်သူအရာရှိသည် ခွဲဝေချထားပေးသော အသုံးစရိတ်များကို သုံးစွဲရာတွင် အဖွဲ့ ဘဏ္ဍာရေးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ စာရင်းပြုစု ထိန်းသိမ်းပြီး အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို အစီရင်ခံတင်ပြရမည်။
၄။ ကြီးကြပ်သူအရာရှိများသည် မိမိတို့အား ခွဲဝေချထားပေးသည့် အသုံးစရိတ်ရန်ပုံငွေများကို လက်အောက်ခံရုံးများ၏ ငွေထုတ်သူအရာရှိများသို့ ထပ်မံခွဲဝေပေးရမည်။
၅။ ဌာန၊ အဖွဲ့အစည်းများ၏ ကြီးကြပ်သူအရာရှိသည် ဘဏ္ဍာရေးခွင့်ပြုမိန့်အရ အရအသုံးခန့်မှန်းခြေ ငွေစာရင်းခွင့်ပြုငွေများကို အသုံးစရိတ်များအပေါ်အခြေခံ၍ ငွေထုတ် ကန့်သတ်ချက်များကို ခွဲဝေချထားရမည်။ ယင်းငွေထုတ်ကန့်သတ်ချက်ကို ဘဏ္ဍာရေးဌာနသို့ အကြောင်းကြားစာ ပေးပို့၍ မိတ္တူကို သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ပေးပို့ရမည်။
၆။ ကြီးကြပ်သူအရာရှိမှ ခွင့်ပြုထားသည့် ငွေထုတ်ကန့်သတ်ချက် ဘောင်အတွင်း ရန်ပုံငွေလွှဲအပ်စာရင်းကို ရေးဆွဲပြင်ဆင်၍ ဘဏ္ဍာရေးဌာနသို့ ပေးပို့ရမည်။
၇။ ငွေထုတ်ကန့်သတ်ချက်ထက် ပိုမိုမထုတ်မိစေရန် ငွေထုတ်သူအရာရှိများ နှင့် စာရင်းကိုင် တို့သည် စာရင်းထိန်းသိမ်းမှုနှင့် ကြီးကြပ်မှုကို အထူးဂရုပြုရမည်။
၈။ အဖွဲ့ဘဏ္ဍာရန်ပုံငွေကို စီမံခန့်ခွဲရသော ဌာနဆိုင်ရာ အကြီးအကဲများ၊ ကြီးကြပ်သူအရာရှိများနှင့် ငွေထုတ်သူအရာရှိများအနေဖြင့် အဖွဲ့ဘဏ္ဍာရန်ပုံငွေများကို ထုတ်ယူသုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်းများကို တိကျစွာလိုက်နာရမည်။ အဖွဲ့ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူရန်အကြောင်း ပေါ်ပေါက် ပါက စည်းမျဉ်းများနှင့် ညီညွတ်သော ငွေတောင်းခံလွှာကို ရေးဆွဲပြီး ၎င်းငွေတောင်းခံလွှာကို ငွေထုတ်သူ အရာရှိက စစ်ဆေးပြီးမှ ငွေထုတ်ယူခြင်းကို ခွင့်ပြုနိုင်သည်။
နိုင်ငံခြားငွေသုံးစွဲခြင်း
၁၉။ နိုင်ငံခြားငွေသုံးစွဲသော ဌာန၊ အဖွဲ့အစည်းများသည် နိုင်ငံခြားငွေ သုံးစွဲမှုများအတွက် နိုင်ငံခြား ငွေနှင့်ညီမျှသော ကျပ်ငွေကို သက်ဆိုင်ရာဘဏ္ဍာရေးကာလတွင် အဖွဲ့၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း၌ ထည့်သွင်းလျာထားပြီး သုံးစွဲမည့် နိုင်ငံခြားငွေအမျိုးအစားနှင့် ပမာဏကိုလည်း ထည့်သွင်း ဖော်ပြရမည်။
၂၀။ အဖွဲ့ဘဏ္ဍာရေးဌာနက အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ပါဝင်သည့် နိုင်ငံခြားငွေသုံးစွဲသော ဌာန၊ အဖွဲ့အစည်း များအတွက် အဖွဲ့ပိုင်နိုင်ငံခြားငွေဖြင့် ကျခံသုံးစွဲနိုင်ရန် နိုင်ငံခြားငွေအသုံးစရိတ်လျာထားချက်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသို့ အကြောင်းကြားရမည်။
၂၁။ အဖွဲ့ဘဏ္ဍာရေးဌာနသည် နိုင်ငံခြားငွေသုံးစွဲသော ဌာန၊ အဖွဲ့အစည်းများသို့ နိုင်ငံခြားငွေသုံးစွဲနိုင်ရန် နည်းလမ်းများနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များကို ချမှတ်ပေးရမည်။
၂၂။ နိုင်ငံခြားငွေသုံးစွဲသော ဌာန၊ အဖွဲ့အစည်းများသည် နိုင်ငံခြားငွေလျာထားချက်ဘောင်အတွင်း ကျခံသုံးစွဲနိုင်ရန် အဖွဲ့ဘဏ္ဍာရေးဌာနသို့ ခွင့်ပြုချက်တောင်းခံရမည်။ ထိုသို့ တောင်းခံရာတွင် အဖွဲ့ဘဏ္ဍာရေးဌာနမှ သတ်မှတ်ထားသော ပုံစံများတွင် ဖြည့်စွက် ၍ လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းအပြည့်အစုံဖြင့် အဖွဲ့ဘဏ္ဍာရေးဌာ သို့ အချိန်မီပေးချေနိုင်ရန် ကြိုတင်ပေးပို့ရမည်။
၂၃။ ဗဟိုအဖွဲ့အစည်းတစ်ခုချင်းဖြစ်စေ၊ ဌာနတစ်ခုချင်းဖြစ်စေ ဘဏ္ဍာရေးကာလတစ်ခုအတွက် စုစုပေါင်း နိုင်ငံခြားငွေလျာထားချက်ထက် ပိုမိုသုံးစွဲခွင့်မရှိပါ။ ထို့အတူ ဌာနလက်အောက်ရှိ အဖွဲ့အစည်း တစ်ခုချင်းသည်လည်း ယင်း၏ တစ်နှစ်လုံးအတွက် နိုင်ငံခြားငွေလျာထားချက်ထက်လည်း ပိုမိုသုံးစွဲခွင့် မရှိပါ။ သို့သော် ဌာနတစ်ခုလုံး၏ ဘဏ္ဍာရေးကာလတစ်ခုအတွက် သာမန် သို့မဟုတ် ငွေလုံးငွေရင်း နိုင်ငံခြားငွေလျာထားချက်ဘောင်အတွင်း ဌာနလက်အောက်ရှိ ဌာန သို့မဟုတ် အဖွဲ့အစည်း တစ်ခုမှ တစ်ခုသို့ လွှဲပြောင်းသုံးစွဲလိုပါလျှင် အဖွဲ့ဘဏ္ဍာရေးဌာနသို့ တင်ပြ သဘောတူညီချက် ရယူရမည်။
၂၄။ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံခြားငွေသုံးစွဲရန် လိုအပ်လာပါက အဖွဲ့ဘဏ္ဍာရေးဌာန၏ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ရမည်။
နိုင်ငံခြားငွေ ရငွေ၊ သုံးငွေ စာရင်းပြုစုခြင်း
၂၅။ နိုင်ငံခြားငွေသုံးစွဲသော ဌာန၊ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာ ဘဏ္ဍာရေးကာလ၏ ကလငယ်တစ်ခု သို့မဟုတ် ကာလတစ်ခုလုံးအတွက် နိုင်ငံခြားငွေအမှန်ရငွေ၊ သုံးငွေစာရင်းများကို စာရင်းပိတ်ကာလ၏ နောက်လ ဒုတိယပတ်ထက်နောက်မကျစေဘဲ ဘဏ္ဍာရေးဌာန သို့ သတ်မှတ်ထားသော ပုံစံဖြင့် ရေးဆွဲ၍ ပေးပို့ရမည်။ စာရင်းပြုစုရာတွင် အမှန်တကယ် ရရှိ၊ သုံးစွဲခဲ့သော ငွေကြေးအမျိုးအစားနှင့် အကြောင်းအရာအလိုက်ပြုစု၍ အဆိုပါ ငွေကြေးအမျိုးအစားနှင့် ညီမျှသော မြန်မာကျပ်ငွေများကို ဘဏ်စရိတ်နှင့် ခွဲခြားဖော်ပြ၍ ပေးပို့ရမည်။
အခန်း (၁၂) - အသုံးစားရိတ်နှင့်ငွေပေးချေမှု
အသုံးစရိတ်အတွက် အခြေခံအချက်များ
၉။ အသုံးစရိတ်တစ်ရပ်ကို ကျခံရာ၌ဖြစ်စေ၊ အဖွဲ့ဘဏ္ဍာငွေမှ နောက်ပေးချေရန်များကို တာဝန် ယူရာ၌ဖြစ်စေ အောက်ပါအခြေခံအချက်များဖြင့် ပြည့်စုံရမည်-
(က) အသုံးစရိတ်ကျခံရန်ခွင့်ပြုပိုင်ခွင့်ရှိသူ သို့မဟုတ် ယင်းက လုပ်ပိုင်ခွင့် ထပ်ဆင့်အပ်နှင်းခြင်းခံရသူ၏ အထူး သို့မဟုတ် ယေဘုယျခွင့်ပြုမိန့်ရှိရမည်၊
(ခ) အသုံးစရိတ်အတွက် လုံလောက်သည့် ရန်ပုံငွေကို လျာထားသတ်မှတ်ပြီးဖြစ်ရမည်၊
(ဂ) သုံးစွဲငွေသည် သက်ဆိုင်ရာ ဘဏ္ဍာရေးစည်းမျဉ်း စသည်များနှင့်အညီ ဖြစ်စေရမည်။
ဘဏ္ဍာရေးကျင့်စဉ်ကြီးများ
၁၀။ အဖွဲ့ဘဏ္ဍာငွေကို သုံးစွဲသောအခါ သို့မဟုတ် သုံးစွဲရန် ခွင့်ပြုသောအခါ အောက်ပါဘဏ္ဍာရေး ကျင့်စဉ်ကြီးများကို ဦးတည်ကျင့်သုံးကြရမည်-
(က) အသုံးစရိတ်တစ်ရပ်ကို အမှန်တကယ်လိုအပ်သည်ထက် ပိုမို၍ မသုံးစွဲရန် အထူးကြပ်မတ်ရမည်၊
(ခ) ချင့်ချိန်ဝေဖန်နိုင်သော သာမန်ပုဂ္ဂိုလ်တစ်ဦးက မိမိပိုင်ငွေများကို သုံးစွဲရာ၌ ချင့်ချိန်သကဲ့သို့ပင် ဗော်လန်တီယာတိုင်းသည် အဖွဲ့ဘဏ္ဍာငွေသုံးစွဲရာ၌ အလားတူချင့်ချိန်သုံးစွဲရမည်၊
(ဂ) လုပ်ပိုင်ခွင့်ရှိသူတစ်ဦးသည် မိမိ၏လုပ်ပိုင်ခွင့်အရ အမိန့်တစ်ရပ်ချမှတ်ရာ၌ မိမိအားတိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကျိုးဖြစ်ထွန်းစေမည့်အမိန့်ကို မချမှတ်ရ၊
(ဃ) ခြွင်းချက်ပြုထားသော ကိစ္စရပ်များမှတစ်ပါး အဖွဲ့ဘဏ္ဍာငွေများကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် ဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ အထူးအခွင့်အရေးအနေဖြင့် အကျိုးကျေးဇူးဖြစ်စေရန် အသုံးမပြုရ၊
(င) အဖွဲ့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာ၌ ကုန်ကျစရိတ်ကို ကာမိစေရန် ခွင့်ပြုသည့် ခရီးစရိတ်ကဲ့သို့သော စရိတ်များသည် လက်ခံရရှိသူအတွက် အမြတ်အစွန်းမဖြစ်စေရ။
၁၁။ အဖွဲ့အတွက် အသုံးစရိတ်ကျခံရန် အဖွဲ့ဘဏ္ဍာငွေကို ကိုင်ဆောင်ရသည့် ဗော်လန်တီယာတစ်ဦးသည် ပေးငွေကို အမှန်တကယ်ရထိုက်သူများ၏ လက်ဝယ်သို့ အရောက်ပေးရန်အတွက် တာဝန်ရှိသည်။ အမှန်တကယ်ပေးရန် ရှိငွေများကို တရားဝင်ငွေတောင်းခံလွှာရရှိမှသာ ထုတ်ပေးရမည်။
အသုံးစရိတ်ထုတ်ပေးသည့်လုပ်ငန်းစဉ်များတွင် လိုက်နာရမည့်အချက်များ
၁၂။ ချက်ချင်းပေးချေရန်မလိုအပ်ဘဲ ငွေများကို ထုတ်ယူထားခြင်းမပြုရ၊ ချက်ချင်းပေးချေသင့်ပါ လျက် မပေးချေဘဲထားခြင်းလည်း မပြုရ။ အဖွဲ့ဘဏ္ဍာရေးဌာန၏ အထူး ခွင့်ပြုချက်ရှိသော ကိစ္စများမှတစ်ပါး ဗော်လန်တီယာတစ်ဦးသည် ငွေထုတ်စာရင်းမှ ငွေများကို ထုတ်ယူပြီး အခြားတစ်နေရာတွင် သို့မဟုတ် ဘဏ်တစ်ခုခုတွင် သီးခြားစာရင်းဖွင့်၍သော်လည်းကောင်း၊ အခြားနည်း ဖြင့်သော်လည်းကောင်း အပ်နှံထားခြင်းမပြုရ။
၁၃။ အငြင်းပွားဖွယ်ရာရှိသော ငွေတောင်းခံလွှာများကို လက်ခံပေးချေခြင်းမပြုရ။ တောင်းခံချက်တစ်ရပ် သည် သံသယရှိသော ငွေရပ်ဖြစ်ပါက လုံးဝခွင့်မပြုရ။ တောင်းခံသူအား သက်ဆိုင်ရာတာဝန်ရှိသူ အထက်အရာရှိထံသို့ တင်ပြရန် ညွှန်ကြားရမည်။
၁၄။ ငွေတောင်းခံလွှာတစ်ရပ်ပေါ်၌ ဂဏန်းသင်္ချာအတွက်အချက် မှန်ကန်မှုကို ငွေတောင်းခံသူက အဓိက တာဝန်ရှိသော်လည်း ငွေထုတ်ပေးသူ၌လည်း တာဝန်ရှိသည်။
၁၅။ ငွေထုတ်ပေးသည့်ကိစ္စရပ်တိုင်းအတွက် ဘောက်ချာရှိရမည်။ ထိုဘောက်ချာများကို စာရင်းစစ်များ လာရောက်စစ်ဆေးသည့်အခါ တင်ပြနိုင်ရန် လိုအပ်သည်သာမက၊ ဘောက်ချာသည် ပေးငွေ၏ အထောက် အထားစာရွက်စာတမ်းဖြစ်သည့်အတွက် အဆိုပါ ဘောက်ချာများကို လုံခြုံစွာ စနစ်တကျ သိမ်းဆည်း ထားရန် ရုံးအကြီးအကဲများ၌ တာဝန်ရှိသည်။ စာရင်းစစ်ဆေးပြီးသော ဘောက်ချာနှင့် မစစ်ဆေးရ သေးသော ဘောက်ချာများကို သီးခြားခွဲ၍ သိမ်းဆည်းထားရမည်။
၁၆။ လက်ငင်းငွေသားပေးချေရမည့် အသုံးစရိတ်များအတွက် ငွေထုတ်သူအရာရှိများနှင့် လုပ်ငန်းအရ လိုအပ်သည့်ဗော်လန်တီယာများအား ဆောင်ငွေများကို ကိုင်ဆောင်ခွင့်ပြုနိုင်သည်။ ဆောင်ငွေတွင် အမြဲတမ်း ဆောင်ငွေနှင့် ယာယီဆောင်ငွေဟူ၍ နှစ်မျိုးရှိသည်။ ငွေထုတ်သူအရာရှိတိုင်းက အသေးအဖွဲအသုံးစရိတ်များကို နေ့စဉ်လက်ငင်းငွေချေသုံးစွဲသွားနိုင်ရန် အတွက် ၁၅ ရက်အတွင်း ပျမ်းမျှခြင်းကုန်ကျမည့် အသေးအဖွဲအသုံးစရိတ်များ၏ သင့်လျော်သည့် ငွေပမာဏကို သတ်မှတ်နိုင်ရန် သက်ဆိုင်ရာဌာန၏ စီမံခန့်ခွဲမှု အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ရမည်၊
၁၇။ အသေးသုံးငွေစာရင်း (အမြဲတမ်းဆောင်ငွေ) အတွက် လုပ်ငန်းဆောင်ရွက်ခြင်းနှင့် စာရင်း ရေးသွင်း ခြင်းတို့နှင့်ပတ်သက်၍ လိုအပ်သော ညွှန်ကြားချက်များအား အဖွဲ့ဘဏ္ဍာရေးဌာနက ထုတ်ပြန်ပေးရမည်။
၂၃။ ပြေစာများစီမံခန်ခွဲခြင်း
၁။ အဖွဲ့အတွင်း ဝယ်ယူခြင်းကိစ္စရပ်များ လုပ်ဆောင်ရာတွင် ပြေစာအားလုံးကို ဘဏ္ဍာရေးဌာနသို့ စာရင်းသွင်းရမည်ဖြစ်သည်။
၂။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ၊ ဌာနများ၊ အဖွဲ့အစည်းများ နှင့် ကောင်စီများ၏ ပြေစာများနှင့် အသုံးစရိတ်များအတွက် တာဝန်ပေးအပ်ခြင်းခံရသော ကြီးကြပ်သူအရာရှိများသည် ပြေစာများကို ကြီးကြပ် စုဆောင်းကာ အသုံးစရိတ်များကို ဘဏ္ဍာရေးဌာနသို့ စာရင်းသွင်းရမည်။
၃။ ဘဏ္ဍာရေးမူဝါဒများ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကုန်ကျစရိတ်လက်ခံဖြတ်ပိုင်းများကို ထိန်းသိမ်ခြင်း၊ စာရင်းပြုခြင်းများ ဆောင်ရွက်ရမည်။
၄။ အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းများသည် အဖွဲ့အစည်း၏ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက် အစီအစဉ်ဖြင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရမည်။ ယင်းကဲ့သို့ ဆောင်ရွက်သည့် ပြေစာအားလုံးကို ဘဏ္ဍာရေးဌာနသို့ စာရင်းပေးသွင်းရမည်ဖြစ်ပြီး ပေးဆောင်ရမည့် အသုံးစရိတ်အားလုံးကို အဖွဲ့အစည်းဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်မှနုတ်ယူမည်ဖြစ်သည်။
အခန်း (၁၃) - ဝယ်ယူခြင်း
၂၂။ ဝယ်ယူခြင်း
၁။ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်အရ ငွေလုံးငွေရင်းအသုံးစရိတ် လျာထားငွေများကို ဌာန၊ အဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝယ်ယူရေး အစီအစဉ်များကို ရေးဆွဲရမည်ဖြစ်ပြီး ကြီးကြပ်သူအရာရှိက အတည်ပြုပေးရမည်။ ဝယ်ယူရေးအစီအစဉ် တိုင်းတွင် စီစဉ်ထားသည့် ဝယ်ယူရေးလုပ်ငန်းစဉ် တစ်ခုချင်းစီအတွက် လမ်းညွှန်ချက်များတွင် ပါဝင်သော သတ်မှတ် ဖော်ပြချက်များ၊ ဝယ်ယူရမည့်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ သို့မဟုတ် လုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ ဝယ်ယူရန် ခန့်မှန်းထားသည့် အချိန်ကာလနှင့် ကာလပေါက်ဈေး စသည်တို့ ပါဝင်ရမည်။
၂။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၊ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ဝယ်ယူခြင်းကို လုပ်ဆောင်ရာတွင် ထိရောက်မှု၊ ဈေးနှုန်း သင့်လျော်မှုနှင့် ပွင့်လင်းမြင်သာမှုတို့ရှိစေရန်အတွက် ဂရုပြုဆောင်ရွက်ရမည်။
၃။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၊ ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်ပါ ခွဲဝေချထားငွေများဖြင့် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးဌာနက အခါအားလျော်စွာ သတ်မှတ်သော သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
အခန်း (၁၄) - စီးပွားဖြစ်လုပ်ငန်းများ
အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုများ
၁။ အဖွဲ့ဘဏ္ဍာရေးဌာနသည် အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အဖွဲ့ဘဏ္ဍာငွေစီမံခန့်ခွဲမှုများနှင့် လုပ်ငန်းဆောင်ရွက်မှုများအတွက် ညွှန်ကြားချက်များကို အခါ အားလျော်စွာ ထုတ်ပြန်ပေးရမည်။
၂။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အတည်ပြုချက်ဖြင့် အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ အမည် နှင့် အရေအတွက်ကို ခွဲခြားသတ်မှတ်၍ မှတ်တမ်းတင်ထားရှိရမည်။ အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်း များအား အောက်ပါအတိုင်းခွဲခြားနိုင်သည်-
(က) အဖွဲ့ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်သော အဖွဲ့အစည်းများ၊
(ခ) အဖွဲ့ဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော အဖွဲ့အစည်းများ။
၃။ အဖွဲ့ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်သော အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်း များကို ဘဏ္ဍာငွေဖြည့်ဆည်းပေးရန် လိုအပ်ပါက ဘဏ္ဍာငွေ ဖြည့်ဆည်းမှုအတွက် နည်းလမ်းများကို အဖွဲ့ဘဏ္ဍာရေးဌာနက အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်။ အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာငွေ ဖြည့်ဆည်းရာတွင် အောက်ပါ အချက်အလက်များ ပါဝင်ရမည်-
(က) အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကိုယ်ပိုင်ဘဏ္ဍာ ရန်ပုံငွေမှ ကျခံရမည့်ငွေနှင့် အဖွဲ့ဘဏ္ဍာရန်ပုံငွေမှ ဖြည့်ဆည်းပေးရန် ငွေပမာဏ အချိုးအစား၊
(ခ) အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများက ငွေချေးယူရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း များ၊
(ဂ) အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများက ပေးဆောင်ရမည့်အခွန်နှင့် အဖွဲ့သို့ ထည့်ဝင်ငွေ သတ်မှတ်ချက်များ။
၄။ အဖွဲ့ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်သော အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်း များအတွက် သတ်မှတ်ထားသော ငွေကြေးစီမံခန့်ခွဲမှုအစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးကို အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်း ရေးဆွဲတင်ပြရမည်။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြသော အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းကို အဖွဲ့အစည်းအလိုက် ခွဲခြားဖော်ပြရမည်။
၅။ အဖွဲ့ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော အဖွဲ့ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့က အတည်ပြုနိုင်ရန် အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်းရေးဆွဲတင်ပြရမည်။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြ သော အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် အဖွဲ့ဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက် သော အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းကို အဖွဲ့အစည်းအလိုက် ခွဲခြားဖော်ပြရမည်။
အခန်း (၁၅) - ဆုငွေ၊ လစာနှင့် ခံစားခွင့်များပေးချေမှု
အခန်း (၁၆) - ထောက်ပံ့ငွေ
၁။ ထောက်ပံ့ငွေတွင် လှူဒါန်းပေးကမ်းခြင်း သို့မဟုတ် စပွန်ဆာပေးခြင်း သို့မဟုတ် ပုံမှန်ဖြစ်စေ၊ အခါအားလျော်စွာဖြစ်စေ ထည့်ဝင်ငွေထည့်သွင်းခြင်းအားဖြင့် လက်ခံရရှိသူသို့ အပြီးအပိုင် ပေးချေသည့် ငွေများပါဝင်သည်။
၂။ ထောက်ပံ့ငွေများကို ယေဘုယျအားဖြင့် အောက်ပါအတိုင်း အမျိုးအစား (၅) မျိုး ခွဲခြားနိုင်သည်-
(က) အလှူရှင်များမှ ထောက်ပံ့ငွေ၊
(ခ) နိုင်ငံတော်မှ ထောက်ပံ့ငွေ၊
(ဂ) ပရိုဂရမ်တစ်ခုခုအရ စပွန်ဆာရငွေ၊
(ဃ) ပြည်ပအဖွဲ့အစည်းများမှ ထောက်ပံ့ငွေ၊
(င) အခြားဘဏ္ဍာရေးဌာနမှ သတ်မှတ်သောငွေများ။
၃။ အဖွဲ့မှ ထောက်ပံ့ငွေတွင် အောက်ပါအမျိုးအစား (၃) မျိုးရှိသည်-
(က) အဖွဲ့ ရည်ရွယ်ချက်များနှင့် မူဝါဒများအရ ထောက်ပံ့ငွေ၊၏
(ခ) အရေးပေါ် လိုအပ်ချက်အရ အထွေထွေထောက်ပံ့ပေးရန်လိုအပ်သည့်ငွေ၊
(ခ) လုပ်ငန်းလိုအပ်ချက်အရ ဌာန၊ အဖွဲ့အစည်းများက တင်ပြတောင်းခံ၍ ပေးရသည့် ထောက်ပံ့ငွေ။
၄။ အဖွဲ့မူဝါဒအရ ထောက်ပံ့ငွေများသုံးစွဲလှူဒါန်းရာတွင် ဘဏ္ဍာရေးဌာန အနေဖြင့် ထောက်ပံ့ငွေ သုံးငွေခေါင်းစဉ်အောက်တွင် သုံးငွေစာရင်းသွင်းရမည်။
၅။ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက တင်ပြတောင်းခံ၍ ထောက်ပံ့ငွေ အသုံးစရိတ်အဖြစ် သုံးစွဲရန် လျာထားသော ထောက်ပံ့ငွေများအတွက် လျာထားခွင့်ရှိသည့်ဌာန၊ အဖွဲ့အစည်းများသည် အဖွဲ့ ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်ပါက ရငွေလျာထားရန် မလိုအပ်ပါ။ ထောက်ပံ့ငွေအသုံးစရိတ်အောက်တွင် လျာထား၍ သုံးစွဲနိုင်သည်။ ယင်းသို့သုံးစွဲရာတွင် သာမန်အသုံးစရိတ်သဘောသဘာဝဖြင့် ဆောင်ရွက် ရမည့် လုပ်ငန်းများအတွက်ဖြစ်စေ၊ ငွေလုံးငွေရင်းအသုံးစရိတ်သဘောသဘာဝဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက်ဖြစ်စေ မူဝါဒ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ထောက်ပံ့ငွေအသုံးစရိတ် ခေါင်းစဉ်အောက်မှသာ သုံးစွဲရန်ဖြစ်သည်။
အခန်း (၁၇) - ငွေချေးယူခြင်းနှင့် ငွေထုတ်ချေးခြင်း
၂၄။ ချေးငွေရယူခြင်း
အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် ခန့်မှန်းဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်မူကြမ်းတွင် ပါရှိသော အလုပ်ပရောဂျက်များ (သို့မဟုတ်) အသုံးစရိတ်များအတွက် အထွေထွေညီလာခံ၏ သဘောတူညီချက်ဖြင့် ဘဏ်များ၊ အခြားအဖွဲ့အစည်းများ၊ သို့မဟုတ် အခြားပုဂ္ဂိုလ်များထံမှ ချေးငွေရယူနိုင်သည်။ ချေးငွေများနှင့်ပက်သက်၍ လိုအပ်ပါက မူဝါဒမူကြမ်းကို ဘဏ္ဍာရေးဌာနမှတင်ပြရမည်။
၁။ ချေးယူခြင်း၊ ငွေထုတ်ချေးခြင်းကိစ္စနှင့် စပ်လျဉ်း၍ အဖွဲ့ကြွေးမြီ စီမံခန့်ခွဲမှု မူဝါဒစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်။
၂။ အထက်ပါကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုက်နာရမည့် အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို အဖွဲ့ဘဏ္ဍာရေးဌာနမှ အခါအား လျော်စွာ ထုတ်ပြန်ရမည်။
ချေးငွေများကို အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်းလျာထားခြင်း
၃။ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ချေးငွေများအတွက် အဖွဲ့၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲရာတွင် သက်ဆိုင်ရာ ဘဏ္ဍာရေးကာလအတွင်း သက်ဆိုင်ရာ ရငွေစာရင်းခေါင်းစဉ်အောက် တွင်လည်းကောင်း၊ ကျခံသုံးစွဲမည့် အသုံးစရိတ်ခေါင်းစဉ်အောက်တွင်လည်းကောင်းလျာထားဆောင်ရွက် ရမည်။ ချေးငွေများကိုသုံးစွဲရာတွင် အဖွဲ့ဘဏ္ဍာရေးဌာနက အခါ အားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်ဖြစ်သည်။
၂၅။ ငွေကြေးလွှဲပြောင်းမှုများ
ငွေလွှဲပြောင်းမှုများ၏ ပြေစာများနှင့် ဘောက်ချာများကို ဘဏ္ဍာရေးမှူးထံ တင်ပြပြီး ကဏ္ဍအလိုက် ဘဏ္ဍာရေးဌာနတွင် စာရင်းပြုစု ထားရှိရမည်။
အခန်း (၁၈) - စီမံခန့်ခွဲခြင်း
အခန်း (၁၉) - ပြည်ပအကူအညီရငွေများအား စီမံခန့်ခွဲခြင်း
ပြည်ပအကူအညီရငွေများကို အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်းလျာထားခြင်း
၆။ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပြည်ပအကူအညီ ရငွေများအတွက် အဖွဲ့၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းရေးဆွဲရာတွင် သက်ဆိုင်ရာ ဘဏ္ဍာရေးကာလအတွင်း သက်ဆိုင်ရာ ငွေစာရင်းခေါင်းစဉ် အောက်တွင်လည်းကောင်း၊ ကျခံသုံးစွဲမည့် အသုံးစရိတ်ခေါင်းစဉ်အောက်တွင် လည်းကောင်းလျာထား ဆောင်ရွက်ရမည်။ ပြည်ပအကူအညီ ရငွေများကို သုံးစွဲရာတွင် အဖွဲ့ဘဏ္ဍာရေးဌာနက အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်ဖြစ်သည်။
ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်တွင် မပါဝင်သော ပြည်ပအကူအညီရငွေများကို သုံးစွဲခြင်း
၇။ ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်တွင် မပါဝင်သော ပြည်ပအကူအညီရငွေများကို ဖြည့်စွက်ခွင့်ပြု ငွေတောင်းခံချိန်တွင် ထည့်သွင်းတောင်းခံ၍ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးခွင်ပြုချက်နှင့်အညီ ဆောင်ရွက်ရမည်။ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးခွင်ပြုချက် မပြဋ္ဌာန်းမီ ပြည်ပအကူအညီရငွေများရရှိပါ က ထိုငွေကို သုံးစွဲလိုပါလျှင် အဖွဲ့၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရန်ဖြစ်သည်။
မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများများအတွက် ပြည်ပအကူအညီရရှိခြင်း
၈။ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများများတွင် ပြည်ပအကူအညီများရရှိလာပါက အဖွဲ့ ဘဏ္ဍာရေးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်များအတိုင်း စီမံဆောင်ရွက်ရမည်။
အခန်း (၂၀) - ဘဏ္ဍာတိုက်နှင့် ဘဏ္ဍာရန်ပုံငွေများထိန်းသိမ်းခြင်း
အခန်း (၂၁) - ဘဏ္ဍာရန်ပုံငွေဆိုင်ရာဘဏ်စာရင်းများထိန်းချုပ်မှု
၁။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အဖွဲ့အတွက် ဘဏ်လုပ်ငန်းများအတွက် တာဝန်ခံရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ အဖွဲ့ဘဏ္ဍာရေးဌာနကို တာဝန်ခွဲဝေပေးထားပြီး အဖွဲ့ဘဏ္ဍာရေးဌာနသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဗဟိုဘဏ်ငွေစာရင်းအပြင် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းအားလုံး၏ ဘဏ်ကိစ္စများအတွက် တာဝန်ယူရမည်။
၂။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အဖွဲ့မှတ်ပုံတင်ပြီးသောအခါ ၎င်းအမည်ဖြင့် ဆောလျင်စွာ ဘဏ်စာရင်းထားရှိဆောင်ရွက်ရမည်။ အဖွဲ့ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ စာရင်းများကို ဘဏ်တွင်ဖွင့်လှစ်လိုပါက ဘဏ္ဍာရေးဌာန၏ခွင့်ပြုချက်ဖြင့် သီးခြားဖွင့်လှစ်ထားရှိရမည်။
၂၁၆။ ဘဏ္ဍာရေးဌာနသည် အရအသုံးခန့်မှန်းခြေငွေစာရင်းကို အကောင်အထည်ဖော်မှုနှင့် အဖွဲ့ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ အပ်ငွေစာရင်း၏ ငွေသားအဝင်အထွက်များအား စောင့်ကြပ်ကြည့်ရှု၍ အမှန်စာရင်းနှင့် ခန့်မှန်း စာရင်းတို့ကိုစစ်ဆေးပြီး ကွဲလွဲမှုရှိပါက ကွဲလွဲရသည့် အကြောင်းရင်းများအား သက်ဆိုင်ရာဌာနသို့ လိုအပ်သလို စိစစ်မေးမြန်း၍ ကွဲလွဲမှုမဖြစ်ပေါ်စေရန် သို့မဟုတ် အတတ်နိုင်ဆုံး ကွဲလွဲမှုအနည်းဆုံး ဖြစ်စေရန် ဆောင်ရွက်ရမည်။ ဌာနများ၏ ကွဲလွဲချက်များနှင့် ရှင်းလင်းချက်များကို ဗဟ်ုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ အစီရင်ခံတင်ပြပြီး ခန့်မှန်းချက်များ ပိုမိုတိကျမှန်ကန်စေရန် လမ်းညွှန်မှုခံယူရမည်။
အခန်း (၂၂) - ပုံသေပိုင်ပစ္စည်းများအား ထိန်းသိမ်းစောင့်ရှောက်ခြင်း
ပုံသေပိုင်ပစ္စည်းများ စာရင်းထိန်းသိမ်းထားရှိခြင်း
၁။ ဌာနဆိုင်ရာအကြီးအမှူး၊ အကြီးအကဲများသည် မိမိလက်အောက် ဌာန၊ အဖွဲ့အစည်းအသီးသီးရှိ ပုံသေပိုင်ပစ္စည်းများစာရင်းကို တိကျစွာနှင့် ပြည့်စုံစွာ ထိန်းသိမ်းထားရှိရမည်။ ဤသို့ စာရင်းပြုစုထားရှိ ရာတွင် အဖွဲ့ဘဏ္ဍာရေးဌာနက အခါအားလျော်စွာထုတ်ပြန်သော ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်။
၂။ အဖွဲ့ဘဏ္ဍာရန်ပုံငွေမှ ကျခံဝယ်ယူသော ပစ္စည်းများနှင့် အခြားအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များက ထောက်ပံ့ကူညီသော ပုံသေပိုင်ပစ္စည်းများအားလုံးကို လက်ခံရရှိသည့်အချိန်တွင် ဌာန၏ ပုံသေပိုင်ပစ္စည်း မှတ်ပုံတင်စာရင်း၌ ချက်ချင်းထည့်သွင်းရေးမှတ်ရမည်။
၃။ ဌာန၊ အဖွဲ့အစည်းတစ်ခုအတွင်းဖြစ်စေ၊ အခြားဌာန၊ အဖွဲ့အစည်းတစ်ခုသို့ဖြစ်စေ ပုံသေပိုင်ပစ္စည်း များ လွှဲပြောင်းပေးအပ်ခြင်းကိစ္စများကို ဤစာရင်းတွင်မှတ်တမ်းတင်ထားရမည်။ အခြားဌာန၊ အဖွဲ့အစည်း များမှ လွှဲပြောင်းပေးအပ်သော ပုံသေပိုင်ပစ္စည်းများရှိခဲ့ပါက လက်ခံရရှိသည့်အချိန်တွင် ဤစာရင်း၌ ချက်ချင်းရေးသွင်းမှတ်တမ်းတင်ရမည်။
၄။ ဌာန၊ အဖွဲ့အစည်းအကြီးအမှူး၊ အကြီးအကဲ သို့မဟုတ် ၎င်းကတာဝန်ပေးအပ်သူအရာရှိသည် မိမိ ဌာနအတွင်းရှိ ပုံသေပိုင်ပစ္စည်းများကို ထိန်းသိမ်းထားရှိသော ပုံသေပိုင်ပစ္စည်းစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်းကို အနည်းဆုံး ၃လတစ်ကြိမ် ဆောင်ရွက်ရမည်။ အကယ်၍ ကွာခြားချက်များတွေ့ရှိခဲ့ ပါက စစ်ဆေးသူအရာရှိသည် ဌာနဆိုင်ရာအကြီးအမှူး၊ အကြီးအကဲသို့ ဆိုင်းငံ့ခြင်းမပြုဘဲ သတင်းပေးပို့ ရမည်။ ယင်းကဲ့သို့ ပုံမှန်စစ်ဆေးခြင်းမျိုးမဟုတ်သည့် မည်သည့်အချိန်တွင်ဖြစ်စေ ပုံသေပိုင်ပစ္စည်း ပျောက်ဆုံး၊ ပျက်စီးမှုများတွေ့ရှိခဲ့ပါက တာဝန်ခံအရာရှိသည် ဌာနဆိုင်ရာအကြီးအမှူး၊ အကြီးအကဲသို့ ဆိုင်းငံ့ခြင်းမပြုဘဲ သတင်းပေးပို့ အကြောင်းကြားရမည်။
၅။ ဌာန၊ အဖွဲ့အစည်းအကြီးအမှူး၊ အကြီးအကဲသည် တာဝန်ရှိသူများထံမှ သတင်းပေးပို့တင်ပြ လာသော ပုံသေပိုင်ပစ္စည်း ပျောက်ဆုံးပျက်စီးမှုများကို မူဝါဒများ၊ စည်းမျဉ်း စည်းကမ်းများအရ အရေးယူဆောင်ရွက်သင့်သည်များကို စီမံဆောင်ရွက်ရမည်။
အဖွဲ့အဖွဲ့အစည်းအချင်းချင်း ပုံသေပိုင်ပစ္စည်းများ လွှဲပြောင်းခြင်း
၆။ အဖွဲ့အစည်းတစ်ခုက မိမိ၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ကျခံဝယ်ယူတည်ဆောက် ထားသော ပုံသေပိုင်ပစ္စည်းများကို အဖွဲ့၏ အခြားအဖွဲ့အစည်းတစ်ခုသို့ လွှဲပြောင်းပေးခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် အဖွဲ့ဘဏ္ဍာရေးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်များအရ ဆောင်ရွက်ရန်ဖြစ်သည်။
အခန်း (၂၃) - စာရင်းတွက်ချက်ခြင်း
၂၇။ အဖွဲ့စာရင်းကိုင်များလိုက်နာရမည့် စာရင်းကိုင်ခြင်းဥပဒေဿများ
အဖွဲ့စာရင်းကိုင်များသည် အောက်ပါ စာရင်းကိုင်ဥပဒေဿများကို အခြေခံ၍ ဖြောင့်မှန်စွာ စာရင်းသွင်းခြင်းပြုလုပ်ရမည်။
၁။ Accruals Principle - မျှတမှန်ကန်သော စာရင်းတွက်ချက်မှုဖြင့်သာ စာရင်းတွက်ချက်ခြင်း။
၂။ Historic cost Principle - မည်သည့်ငွေစာရင်းကိုမဆို မူလအဝယ်တည်ရှိသည့် ဈေးနှုန်းဖြင့်သာတွက်ချက်ခြင်း၊
၃။ Consistency Principle - တစ်နှစ်နှင့် တစ်နှစ် စာရင်းကိုင်နည်းလမ်းတူညီစွာသာ စာရင်းပြုစုခြင်း၊
၄။ Monetary measurement Principle - ငွေသားနှင့်တိုင်းတာတွက်ဆ၍မရနိုင်သော ခန့်မှန်းတန်ဖိုးများကို စာရင်းမပြုစုခြင်း။
၅။ International Accounting Standards - အဖွဲ့စာရင်းကိုင်များသည် International Accounting Standards များဖြစ်သော
(က) အများနှင့်နှိုင်းယှဉ်နိုင်မှု
(ခ) ပွင့်လင်းမြင်သာ၍ ယုတ္တိရှိမှု
(ဂ) မှီခိုအားထားနိုင်မှု
(ဃ) နားလည်ရလွယ်ကူမှု စသော စံသတ်မှတ်ချက်များနှင့်အညီစာရင်းပြုစုရမည်။
၂၈။ စာရင်းတွက်ချက်မှုပုံစံ
၁။ ဝင်ငွေနှင့်ငွေပေးချေမှုစာရင်း (Receipts and Payments Account)
အကျိုးအမြတ်မယူအဖွဲ့အစည်းဖြစ်သည့်အလျောက် ငွေစာရင်းအများစုသည် ငွေသားဖလှယ်မှုသာရှိမည်ဖြစ်၍ ဝင်ငွေနှင့်ငွေပေးချေမှုစာရင်းကို ဘဏ္ဍာရေးမှူး၏ ညွှန်ကြားချက်နှင့်အညီ လစဉ်မှတ်သား၍ ဘဏ္ဍာရေးကာလကုန်တွင် နောက်ဆက်တွဲပုံစံ (က) ပါပုံစံအတိုင်း ကဏ္ဍအလိုက် စုစုပေါင်းငွေစာရင်းများကိုရှင်းတမ်းပြုလုပ်၍ အဖွဲ့ဝင်များအားတင်ပြရမည်။ ဝင်ငွေကို မြီစားနေရာတွင်စာရင်းမှတ်ပြီး ငွေပေးချေမှုများကို မြီရှင် နေရာတွင်စာရင်းမှတ်သားမှုပြုရမည်။ ထို့နောက် အထွေထွေအစည်းအဝေး၏ အတည်ပြုချက်ကိုရယူပြီး တာဝန်ရှိအာဏာပိုင်များနှင့် အများပြည်သူထံသို့ တင်ပြရမည်။ နောက်ဆက်တွဲပုံစံ (က) ကိုကြည့်ရန် -
၂။ ဝင်ငွေစာရင်းရှင်းတမ်း (Statement of Income and Expenditure Account)
အဖွဲ့အစည်း၏ ဝင်ငွေနှင့်သုံးစွဲငွေ မျှတမှုရှိမရှိထင်သာမြင်သာစေရန် ဝင်ငွေစာရင်းရှင်းတမ်းကို နောက်ဆက်တွဲပုံစံ (ခ) ပါပုံစံအတိုင်း ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၊ အထွေထွေအစည်းအဝေးနှင့် အများပြည်သူထံ နှစ်စဉ် ဘဏ္ဍာရေးမှူးမှတင်ပြရမည်။ နောက်ဆက်တွဲပုံစံ (ခ) ကိုကြည့်ရန် -
၃။ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း (Statement of Financial Position)
အဖွဲ့အစည်း၏ ရရန်ပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ စုဆောင်းရန်ပုံငွေများ နှင့်ပက်သက်၍ ရှင်းလင်းစေရန် နှစ်စဉ် ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းကို နောက်ဆက်တွဲပုံစံ (ဂ) ပါပုံစံအတိုင်း ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၊ အထွေထွေအစည်းအဝေးနှင့် အများပြည်သူထံ နှစ်စဉ် ဘဏ္ဍာရေးမှူးမှတင်ပြရမည်။ နောက်ဆက်တွဲပုံစံ (ဂ) ကိုကြည့်ရန် -
၄။ ငွေသားစီးဆင်းမှုရှင်းတမ်း (Cash Flow Statement)
အဖွဲ့အစည်း၏ ငွေသားစီးဆင်းမှုအခြေအနေကို သိရှိစေနိုင်ရန် နှစ်စဉ် ငွေသားစီးဆင်းမှုရှင်းတမ်းကို နောက်ဆက်တွဲပုံစံ (ဃ) ပါပုံစံအတိုင်း ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၊ အထွေထွေအစည်းအဝေးနှင့် အများပြည်သူထံ နှစ်စဉ် ဘဏ္ဍာရေးမှူးမှတင်ပြရမည်။ နောက်ဆက်တွဲပုံစံ (ဃ) ကိုကြည့်ရန် -
၅။ စုဆောင်းရန်ပုံငွေများ (Accumulated Funds) တွက်ချက်ခြင်း
အဖွဲ့အတွင်းတစ်နှစ်ထက်တစ်နှစ်ပိုလျှံလာသောရန်ပုံငွေများကို စုဆောင်းရန်ပုံငွေများဟု ခေါ်ဆိုရမည်။ စုဆောင်းရန်ပုံငွေများသည် အကျိုးအမြတ်ယူအဖွဲ့အစည်းများတွင် အရင်းအနှီးငွေပုံစံဖြစ်သည်။ စုဆောင်းရန်ပုံငွေများကိုတွက်ချက်ရာတွင် ရရန်ပိုင်ခွင့်များမှ ပေးရန်တာဝန်များကိုနုတ်ယူ၍တွက်ချက်နိုင်သည်။
အခန်း (၂၄) - တန်ဖို့လျော့တွက်ချက်ခြင်း
၆။ တန်ဖိုးလျော့ (Depreciation) တွက်ချက်ခြင်း
အဖွဲ့ပုံသေပိုင်ပစ္စည်းများကို တန်ဖိုးလျော့တွက်ချက်ရာတွင် လျော့ဆင်းစေသော အရစ်ကျစနစ် (Reducing Balance Method) ဖြင့် တွက်ချက်ရမည်။
အခန်း (၂၅) - ဆုံးရှုံးမှုများအား အရေးယူဆောင်ရွက်ခြင်း
၂၆။ ဆုံးရှုံးမှုများအား အရေးယူဆောင်ရွက်ခြင်း
၁။ ဆုံးရှုံးမှုတွင် ငွေကြေးဆုံးရှုံးမှုနှင့် ပစ္စည်းဆုံးရှုံးမှုဟူ၍ (၂) မျိုးပါဝင်သည်။
၂။ ငွေကြေးဆုံးရှုံးမှုတွင် ငွေသားဆုံးရှုံးမှုအပြင် အောက်ပါတို့ပါဝင်သည်-
(က) ဗော်လန်တီယာထမ်းဆောင်ခြင်းမှ ထွက်သွားပြီးသူများအား ပိုမိုထုတ်ပေးမိသည့် ခွင့်ပြု စရိတ်ငွေများနှင့် ပြန်လည်မရနိုင်တော့ သည့်ငွေများ၊
(ခ) ပြန်လည်တောင်းခံ၍ မရနိုင်တော့သည့် ကြိုတင်ထုတ်ပေးငွေများ၊ ဘွန်း၊ ရှယ်ယာများနှင့် ကြွေးမြီများ၊
(ဂ) အလွဲသုံးစားမှုကြောင့် ဆုံးရှုံးငွေများ၊
(ဃ) သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးငွေများ၊
(င) အခြားနည်းအားဖြင့် ဆုံးရှုံးငွေများ။
၃။ ပစ္စည်း ဆိုသော စကားရပ်တွင် အောက်ပါတို့ပါဝင်သည်-
(က) သိုလှောင်ပစ္စည်းများ၊
(ခ) ရောင်းကုန်ပစ္စည်းများ၊
(ဂ) ကုန်ချော၊ ကုန်ကြမ်းနှင့် ထုတ်လုပ်ဆဲပစ္စည်းများ၊
(ဃ) ပုံသေပိုင်ဆိုင်ပစ္စည်းများနှင့် အခြားမတည်ပစ္စည်းများ။
၄။ ဆုံးရှုံးမှု ဆိုသော စကားရပ်တွင် အောက်ပါတို့ပါဝင်သည်-
(က) လျော့နည်းခြင်း၊
(ခ) ပျက်စီးခြင်း သို့မဟုတ် ဖျက်ဆီးခံရခြင်း၊
(ဂ) ဖိတ်စဉ်ခြင်း၊
(ဃ) ပျောက်ဆုံးခြင်း၊
(င) အလွဲသုံးစားပြုခြင်း။
၅။ အထက်ဖော်ပြပါ ဆုံးရှုံးမှုများတွင် ကုန်သွယ်မှုဆိုင်ရာ ဆုံးရှုံးမှုများနှင့် ကုန်ထုတ်လုပ်မှုအဆင့်ဆင့် တွင် သာမန်ဖိတ်စဉ်လေလွင့်ပြုန်းတီးမှုများ၊ ကြာရှည်သုံး၍ ပျက်စီးသွားသည့် ကိရိယာ တန်ဆာပလာစသည်များ မပါဝင်ပါ။ အကယ်၍ သာမန်ထက်လွန်ကဲစွာ ဖိတ်စဉ်လေလွင့်ပြုန်းတီးမှုများ ရှိပါက သက်ဆိုင်ရာစီမံခန့်ခွဲရေးပိုင်းမှသီးခြားစုံစမ်းလျက် လိုအပ်သလို အရေးယူဆောင်ရွက်ရန်ဖြစ်သည်။
ဆုံးရှုံးမှုများကို စာရင်းမှပယ်ဖျက်ပိုင်ခွင့်ရှိသည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများ၏ တာဝန်နှင့် ဝတ္တရား များ
၆။ ဆုံးရှုံးမှုများကို စာရင်းမှပယ်ဖျက်သည့် လုပ်ပိုင်ခွင့်များကို အသုံးပြုရာ၌ ဌာန၊ အဖွဲ့အစည်းများ၏ တာဝန်ရှိသည့် ပုဂ္ဂိုလ် (များ) ထံမှ ဆုံးရှုံးသည့်ငွေကြေး သို့မဟုတ် ပစ္စည်းတန်ဖိုးများကို ပြန်လည်ရယူနိုင်ရန် အစွမ်းကုန်ဆောင်ရွက်ရမည်။ ထိုသို့ ဆောင်ရွက်ခဲ့သော်လည်း မည်သို့မျှ ပြန်လည် ရရှိရန် အကြောင်းမရှိသောအခါမှသာလျှင် ဆုံးရှုံးသည့် ငွေကြေး သို့မဟုတ် ပစ္စည်းတန်ဖိုးကို စာရင်းမှ ပယ်ဖျက်ရမည်။
ဆုံးရှုံးမှုများကို စုံစမ်းစစ်ဆေးခြင်းနှင့် အစီရင်ခံခြင်း
၇။ ငွေကြေး သို့မဟုတ် ပစ္စည်းဆုံးရှုံးမှုတစ်ရပ်ပေါ်ပေါက်သည့်အခါ သက်ဆိုင်ရာတာဝန်ခံပုဂ္ဂိုလ်သည် ဆုံးရှုံးသည့် အကြောင်းခြင်းရာနှင့် ဆုံးရှုံးသည့်ပမာဏတို့ကို သိရှိရန် ပဏာမအနေဖြင့် စုံစမ်းရမည်။ ယင်းသို့ စုံစမ်းပြီးနောက် သက်ဆိုင်ရာ အထက်ရုံးသို့ ပဏာမအစီရင်ခံစာပေးပို့၍ မိတ္တူကို ဌာန၊ အဖွဲ့ အစည်းအကြီးအမှူး/ အကြီးအကဲနှင့် သက်ဆိုင်ရာစာရင်းစစ်ရုံးတို့သို့ ချက်ချင်းပေးပို့ရမည်။ ဆုံးရှုံးမှု များကို သက်ဆိုင်ရာစာရင်းစစ်ရုံးမှ တွေ့ရှိသော ကိစ္စရပ်များ၌ အအဖွဲ့စာရင်းစစ်နှင့် သက်ဆိုင်ရာစာရင်းစစ်ရုံး၏ စစ်ဆေးချက်အစီရင်ခံစာပါ ငွေကြေး၊ ပစ္စည်းဆုံးရှုံးမှုများအတွက် စစ်ဆေး တွေ့ရှိချက်များကို စွဲချက်တင်ရန် အထောက်အထားတစ်ရပ်အဖြစ် မှတ်ယူလျက် ဌာနဆိုင်ရာ စုံစမ်း စစ်ဆေးမှုကို ဆက်လက်ပြုလုပ်ရမည်။
၈။ ဆုံးရှုံးမှုသည် တစ်စုံတစ်ဦး၏ မသမာမှုကြောင့်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိလျှင် သက်ဆိုင်ရာ တာဝန်ရှိသူမှ ၎င်းအမှုကို လိုအပ်သလို သက်ဆိုင်ရာမူဝါဒများအတိုင်း အရေးယူဆောင်ရွက်ရမည်။
၉။ ဌာန၊ အဖွဲ့အစည်းများသည် မသမာမှုကြောင့် ဆုံးရှုံးသွားခဲ့သော ငွေကြေး သို့မဟုတ် ပစ္စည်း သို့မဟုတ် ပစ္စည်းတန်ဖိုးများကို ပြန်လည်ရရှိရန် အစွမ်းကုန်ဆောင်ရွက်ရမည်။ ထိုသို့ ဆောင်ရွက်ခဲ့ သော်လည်း မည်သို့မျှ ပြန်လည်ရရှိရန် အကြောင်းမရှိသော အခါမှသာလျှင် ဆုံးရှုံးသည့် ငွေကြေး သို့မဟုတ် ပစ္စည်းကို စာရင်းမှပယ်ဖျက်ရမည်။
၁၀။ သက်ဆိုင်ရာအထက်ရုံးသည် အစီရင်ခံစာကို လက်ခံရရှိသောအခါ ဆုံးရှုံးမှုနှင့် လုံးဝမသက်ဆိုင် သည့် ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ခန့်အပ်တာဝန်ပေးသော အများယုံကြည်လေးစားရသည့် လူပုဂ္ဂိုလ် ကိုယ်စားလှယ်များပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးစေရမည်။ အဆိုပါ စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဦးဆောင်တာဝန်ယူဆောင်ရွက်ရမည့် ပုဂ္ဂိုလ်ကို အထက်ရုံးမှ သတ်မှတ်ပေးရမည်။ တစ်ချိန်တည်းမှာပင် သက်ဆိုင်ရာစာရင်းစစ်ရုံးသို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသည့် အကြောင်းကြားစာ မိတ္တူနှင့်တကွ ဆုံးရှုံးမှုပေါ်ပေါက်ရပုံနှင့် ငွေကြေးဆုံးရှုံးမှုဖြစ်လျှင် ငွေပမာဏ၊ ပစ္စည်းဆုံးရှုံးမှုဖြစ်လျှင် ပစ္စည်းအမျိုးအစား၊ အရေအတွက်နှင့် ဆုံးရှုံးမှုတန်ဖိုးတို့ကိုဖော်ပြ၍ အကြောင်းကြားရမည်။
၁၁။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဆုံးရှုံးမှုကိစ္စတွင် သက်ဆိုင်ရာ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြား ချက်များ စသည်တို့နှင့် ဌာနတွင်း လုပ်ထုံးလုပ်နည်းများ၌ ချွတ်ယွင်းမှု ရှိ မရှိနှင့် တာဝန်ခံပုဂ္ဂိုလ်များ၏ မရိုးသားမှု ပါ မပါ၊ ပုဂ္ဂိုလ်တစ်ဦး၏ တာဝန်ပေါ့လျော့မှုကြောင့် ဟုတ် မဟုတ် ဆိုသည်တို့ကို ပေါ်လွင် အောင်စစ်ဆေးရမည်။ သက်ဆိုင်ရာအထက်အဖွဲ့ရုံး၏အမိန့်အရ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသည့်နေ့မှ စ၍ အထက်ရုံးမှ သတ်မှတ်ပေးထားသော ကာလအတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မိမိ၏ စုံစမ်း တွေ့ရှိချက်တို့ကို သက်ဆိုင်ရာအထက်ရုံးသို့ အစီရင်ခံ၍ ယင်းအစီရင်ခံစာမိတ္တူကို သက်ဆိုင်ရာဌာန သို့မဟုတ် အဖွဲ့အစည်းအကြီးအမှူး/ အကြီးအကဲ၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့နှင့် သက်ဆိုင်ရာစာရင်းစစ်ရုံး တို့သို့ ပေးပို့ရမည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပုဂ္ဂိုလ်တစ်ဦးဦး၏ မရိုးသားမှု၊ ပေါ့လျော့မှုကြောင့်ဖြစ်ပေါ် ရသည့် ဆုံးရှုံးမှုဖြစ်ကြောင်း တွေ့ရှိလျှင် ဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များထံမှ ဆုံးရှုံးငွေ သို့မဟုတ် ပစ္စည်း သို့မဟုတ် ပစ္စည်းတန်ဖိုးကို ပြန်လည်ရရှိရန် နည်းလမ်း ရှိ မရှိ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအား ဆုံးရှုံးမှုအတွက် မည်သို့အရေးယူသင့်ကြောင်းနှင့် ဆုံးရှုံးငွေ သို့မဟုတ် ပစ္စည်း သို့မဟုတ် ပစ္စည်းတန်ဖိုးမည်မျှကို စာရင်းမှပယ်ဖျက်သင့်ကြောင်း မိမိ၏ ထင်မြင်ယူဆချက်၊ ထောက်ခံ ချက် စသည်တို့ကို အဆိုပါအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြရမည်။
၁၂။ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်တို့ကို ရရှိသောအခါ သက်ဆိုင်ရာအထက်ရုံးသည် ဆုံးရှုံးမှုတစ်ရပ်စီ၏ အကြောင်းခြင်းရာများနှင့် ဆုံးရှုံးမှုပမာဏတို့ကို မိမိကိုယ်တိုင်ထပ်မံသုံးသပ်ပြီးလျှင် မိမိအား အပ်နှင်းထားသော လုပ်ပိုင်ခွင့်အတွင်း ကျရောက်သည့်ကိစ္စဖြစ်ပါက ဆုံးရှုံးမှုကို စာရင်းမှ ပယ်ဖျက်ရန်အတွက် ဆောင်ရွက်ရမည်။ မိမိ၏လုပ်ပိုင်ခွင့်ထက် ကျော်လွန်သည့် ကိစ္စရပ်များတွင် စုံစမ်း စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် မိမိ၏သုံးသပ်ချက်များကို အပြီးသတ်အစီရင်ခံစာ အနေနှင့် ဆုံးရှုံးမှုကို စာရင်းမှပယ်ဖျက်နိုင်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းထံသို့ ပေးပို့ရမည်။ ထိုအပြီးသတ် အစီရင်ခံစာကို သာမန်အားဖြင့် ပဏာမအစီရင်ခံစာပေးပို့ပြီး နောက်၂ပတ်အတွင်း ပေးပို့ရမည်။ ဆုံးရှုံးမှုတစ်ရပ်အတွက် ပြန်လည်စိုက်ထုတ်ပေးလျော်ပြီးသော်လည်း အစီရင်ခံစာကို မပျက်မကွက်ပေးပို့ ရမည်။
ဆုံးရှုံးမှုများကို စာရင်းမှပယ်ဖျက်ခြင်း
၁၃။ ငွေကြေး၊ ပစ္စည်းများ ဆုံးရှုံးမှုတစ်ရပ်စီအတွက် စာရင်းမှပယ်ဖျက်နိုင်သည့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
အမှတ်စဉ် | စာရင်းမှပယ်ဖျက်ပိုင်ခွင့်ရှိသူ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း | အဖွဲ့ပိုင်ငွေ တန်ဖိုး (ကျပ်) | အဖွဲ့ပိုင် ပစ္စည်းတန်ဖိုး (ကျပ်) |
၁။ | ဒါရိုက်တာအဆင့်ရှိသူ | ၁၀၀,၀၀၀/- အထိ | ၁၅၀,၀၀၀/- အထိ |
၂။ | အရာရှိ အဆင့်ရှိသူ | ၃၀,၀၀၀/- အထိ | ၅၀,၀၀၀/- အထိ |
၃။ | လက်ထောက်အရာရှိ အဆင့်ရှိသူ | ၂၀,၀၀၀/- အထိ | ၃၀,၀၀၀/- အထိ |
၁၄။ အထက်ပါလုပ်ပိုင်ခွင့်များထက် ကျော်လွန်သည့်ကိစ္စရပ်များကို ဗဟိုအဆင့်ဌာန၊ အဖွဲ့ အစည်းများအတွက် အဖွဲ့ဌာန၊ အဖွဲ့ အစည်းများ အစည်းအဝေးဆုံးဖြတ်ချက်နှင့် အတူ အဖွဲ့စာရင်းစစ်၏ သဘောထားမှတ်ချက်ရယူလျက် အဖွဲ့ဘဏ္ဍာရေးဌာန၏သဘောထားမှတ်ချက်ရယူရမည်။ အဆိုပါသဘောထားမှတ်ချက်များနှင့်တကွ သက်ဆိုင်ရာ ဌာနမှ အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူပြီးမှသာ စာရင်းမှပယ်ဖျက်ရမည်။
၁၅။ အထက်ပါ လုပ်ပိုင်ခွင့်များထက် ကျော်လွန်သည့် ကိစ္စရပ်များကို မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများအဆင့် ဌာန၊ အဖွဲ့အစည်းများအတွက် မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ စီမံခန့်ခွဲမှု အစည်းအဝေးဆုံးဖြတ်ချက်နှင့်အတူ အဖွဲ့စာရင်းစစ်၏ သဘောထားမှတ်ချက်ရယူလျက် အဖွဲ့ဘဏ္ဍာရေးဌာန၏ သဘောထားမှတ်ချက်ရယူရမည်။ အဆိုပါ သဘောထားမှတ်ချက်များနှင့်တကွ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်း တာဝန်ရှိသူမှ အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူပြီးမှသာ စာရင်းမှပယ်ဖျက်ရမည်။
၁၆။ လိမ်လည်မှု သို့မဟုတ် သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့၏ ပေါ့လျော့မှုကြောင့်ဖြစ်ပေါ်သည့် ဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍-
(က) ဌာန၊ အဖွဲ့အစည်းများသည် စာရင်းမှပယ်ဖျက်ခြင်း မပြုမီ သက်ဆိုင်ရာ အဖွဲ့ဌာန အစည်းအဝေးအတည်ပြုချက်ရယူရမည်၊
(ခ) မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများအဆင့် ဌာန၊ အဖွဲ့အစည်းများသည် စာရင်းမှ ပယ်ဖျက်ခြင်းမပြုမီ သက်ဆိုင်ရာ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ စီမံခနခွဲမှု အစည်းအဝေးသို့ တင်ပြ အတည်ပြုချက်ရယူ ဆောင်ရွက်ရမည်။
၁၇။ ဤအခန်း အပိုဒ် ၁၃ တွင် ဖော်ပြထားသော လုပ်ပိုင်ခွင့်အရ စာရင်းမှ ပယ်ဖျက်နိုင်သည့် ငွေကြေး ပမာဏသည် ဆုံးရှုံးမှုဖြစ်ပေါ်သော အကြောင်းခြင်းရာနှင့် ဆက်စပ်လျက်ရှိသည့် ကိစ္စတစ်ရပ်လုံး အတွက် ဆုံးရှုံးခဲ့သည့်ငွေ သို့မဟုတ် ပစ္စည်းတန်ဖိုးဖြစ်သည်။ သို့ဖြစ်၍ စာရင်းမှပယ်ဖျက်ရေးအတွက် လုပ်ပိုင်ခွင့်ရှိသူသည် မိမိအားအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ဘောင်အတွင်း အကျုံးဝင်စေရန်ရည်ရွယ်၍ ဆုံးရှုံးမှုအကြောင်းအရာနှင့် တန်ဖိုးကို အစိတ်အပိုင်းခွဲခြမ်း၍ စာရင်းမှ ပယ်ဖျက်ပိုင်ခွင့်မရှိ။
၁၈။ ငွေကြေး သို့မဟုတ် ပစ္စည်းဆုံးရှုံးခြင်းမှာ ခိုးဝှက်ခြင်း၊ လိမ်လည်ခြင်းနှင့် ပေါ့လျော့ခြင်းတို့ကြောင့် မဟုတ်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့က ထင်မြင်ယူဆပြီး ဆုံးရှုံးမှုဖြစ်ပွားသည့် သက်ဆိုင်ရာရုံးကလည်း အလားတူ ထင်မြင်ယူဆ ထောက်ခံသည့်အပြင် စာရင်းမှပယ်ဖျက်ပိုင်ခွင့်ရှိသူ သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကလည်း အဆိုပါ ထင်မြင်ယူဆချက်ကို လက်ခံသဘောတူပါက ဆုံးရှုံးသည့် ငွေ သို့မဟုတ် ပစ္စည်းတန်ဖိုးကို စာရင်းမှ ပယ်ဖျက်နိုင်သည်။
၁၉။ ငွေကြေး သို့မဟုတ် ပစ္စည်းဆုံးရှုံးခြင်းမှာ ခိုးဝှက်ခြင်း၊ လိမ်လည်ခြင်းနှင့် ပေါ့လျော့ခြင်းတို့ကြောင့် ဖြစ်သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ကယူဆပြီး ဆုံးရှုံးမှုဖြစ်ပွားသည့် သက်ဆိုင်ရာ ရုံးကလည်း အလားတူ ထင်မြင်ယူဆထောက်ခံသည့်အပြင် စာရင်းမှ ပယ်ဖျက်ပိုင်ခွင့်ရှိသူ သက်ဆိုင်ရာ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကလည်း အဆိုပါထင်မြင်ယူဆချက်ကို လက်ခံသဘောတူပါက စာရင်းမှပယ်ဖျက်ပိုင်ခွင့် ရှိသူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-
(က) ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသူ (များ) သည် ဗော်လန်တီယာမဟုတ်လျှင်-
(၁) ဆုံးရှုံးသည့်ငွေကြေး သို့မဟုတ် ပစ္စည်းတန်ဖိုးအားလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသ ကိုသော်လည်းကောင်း ပေးလျော်စေရမည်။ အကယ်၍ ဆုံးရှုံးသည့်ငွေအားလုံး သို့မဟုတ် တစ်စိတ် တစ်ဒေသကို ပေးလျော်ပါက ပေးလျော်သည့်ငွေကို အရအဖြစ် စာရင်းတွင်ဖော်ပြပြီး တစ်စိတ်တစ်ဒေသ ပေးလျော်ပြီး ကျန်သည့်ငွေကို စာရင်းမှပယ်ဖျက်ရမည်။ ယင်းသို့ ပယ်ဖျက်ရသည့် အကြောင်းပြချက်ကို စာဖြင့် မှတ်တမ်းတင်ထားရမည်၊
(၂) ဆုံးရှုံးသည့် ပစ္စည်းအတွက် ပေးလျော်သည့်ငွေကို အရအဖြစ် စာရင်းတွင် ဖော်ပြပြီး ဆုံးရှုံးသည့်ပစ္စည်းကို ပစ္စည်းစာရင်းမှပယ်ဖျက်ရမည်။ ထိုသို့ စာရင်းမှပယ်ဖျက်ပါက ပယ်ဖျက်ရသည့် အကြောင်းပြချက်ကို စာဖြင့် မှတ်တမ်းတင်ထားရမည်၊
(၃) တရားရုံးတွင် တရားစွဲဆိုသင့်သည်ဟုယူဆပါက သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း အကြီးအမှူး/ အကြီးအကဲ၏ သဘောတူခွင့်ပြုချက်ကို ရယူလျက် တရားဥပဒေအရ လိုအပ်သလို တရားစွဲဆိုရမည်။
(ခ) ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသူ (များ) သည် ဗော်လန်တီယာဖြစ်ခဲ့လျှင်-
(၁) ဆုံးရှုံးသည့်ငွေကြေး သို့မဟုတ် ပစ္စည်းတန်ဖိုးအားလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသ ကိုသော်လည်းကောင်း ပေးလျော်စေရမည်။ အကယ်၍ ဆုံးရှုံးသည့်ငွေအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေးလျော်ပါက ပေးလျော်သည့်ငွေကို အရအဖြစ် စာရင်းတွင်ဖော်ပြပြီး တစ်စိတ်တစ်ဒေသပေးလျော်ပြီး ကျန်သည့်ငွေကို စာရင်းမှပယ်ဖျက်ရမည်။ ယင်းသို့ ပယ်ဖျက်ရသည့် အကြောင်းပြချက်ကို စာဖြင့် မှတ်တမ်းတင်ထားရမည်။
(၂) ဌာနဆိုင်ရာ အရေးယူခြင်းပြုလုပ်နိုင်ရန်အတွက် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရမည်။ ယင်းသို့ ပြုလုပ်ရန် မိမိ၌ အခွင့်အာဏာမရှိလျှင် မိမိအထက် သက်ဆိုင်ရာသို့ ထောက်ခံတင်ပြလျက် လိုအပ်သည့်အမိန့်ကို တောင်းခံရမည်။ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးချက်အရ လိုအပ်ပါက စည်းကမ်း သေဝပ်မှုနှင့် အယူခံမှုများအတွက် သက်ဆိုင်ရာမူဝါဒများတွင်ပါရှိသည့်အတိုင်း အရေးယူရမည်၊
(၃) တရားရုံးတွင် တရားစွဲဆိုသင့်သည်ဟု ယူဆပါက သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းအကြီးအကဲ၏ သဘောတူခွင့်ပြုချက်ကို ရယူလျက် တရားဥပဒေအရ လိုအပ်သလို တရားစွဲဆိုရမည်။
မှတ်ချက်။ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်း၊ အရေးယူခြင်းတို့နှင့် တရားရုံးတွင် တရားစွဲဆိုခြင်း တို့မှာ အခြေခံချင်းမတူသည့် သီးခြားကိစ္စရပ်များဖြစ်၍ တရားရုံးသည် ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှု/ အရေးယူမှုတို့ကို စောင့်ဆိုင်းရန်မလိုသကဲ့သို့ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင်လည်း တရားရုံး၏ စီရင်ချက်နှင့် အမိန့်ကို စောင့်ဆိုင်းရန် မလိုပါ။
၂၀။ ငွေကြေး၊ ပစ္စည်းများ ဆုံးရှုံးခြင်းတို့တွင် ဖော်ပြခဲ့သော အကြောင်းများအပြင် မူဝါဒများ၊ စနစ်များ ချွတ်ယွင်းမှုကြောင့်ဖြစ်သည်ကို တွေ့ရှိပါက ထိုချွတ်ယွင်းချက်များကို ပြုပြင်နိုင်ရန် သက်ဆိုင်ရာမှ တစ်ဆင့် ဌာန သို့မဟုတ် အဖွဲ့အစည်း အကြီးအကဲထံသို့ တင်ပြရမည်။ ဌာန သို့မဟုတ် အဖွဲ့အစည်း အကြီးအကဲက ယင်းတင်ပြချက်ကို လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာ ငွေစာရင်းဌာနအကြီးအကဲနှင့် ညှိနှိုင်းလျက် ပြုပြင်ရန်လိုအပ်သည့်အချက်များကို လုပ်ပိုင်ခွင့်ရှိသူများထံ တင်ပြရမည်။
၂၁။ ပစ္စည်းဆုံးရှုံးခြင်းဖြစ်ပါက ဆုံးရှုံးမှုအတွက် တာဝန်ရှိသူထံမှဖြစ်စေ၊ အာမခံကြေးဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ တန်ဖိုးအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပြန်လည်ရရှိပါက ရရှိသည့် တန်ဖိုးငွေနှင့် ညီမျှသောပစ္စည်းများကို ဆုံးရှုံးမှုနှင့်ပတ်သက်၍ စာရင်းမှပယ်ဖျက်ပိုင်ခွင့်ရှိသောပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၏ ကြိုတင်သဘောတူညီချက်ဖြင့် သက်ဆိုင်ရာ ပစ္စည်းစာရင်းတွင် ‘ထုတ်ပေးခြင်း’ အဖြစ် စာရင်းတင်ထားရမည်။ ဆုံးရှုံးသည့် ပစ္စည်းများ၏တန်ဖိုး တစ်စိတ်တစ်ဒေသကို ပြန်လည်ရရှိသည့် ကိစ္စတွင် ရရန်ကျန်ရှိနေသော ပစ္စည်းတန်ဖိုးကိုစာရင်းမှ ပယ်ဖျက်ခွင့်ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်ရမည်။
၂၂။ ငွေကြေးဆုံးရှုံးခြင်းဖြစ်၍ ဆုံးရှုံးမှုအတွက် တာဝန်ရှိသူထံမှဖြစ်စေ၊ အာမခံကြေးဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ အားလုံးပြန်လည်ရရှိပါက စာရင်းမှ တရားဝင်ပယ်ဖျက်ရန်မလိုသော်လည်း အစီရင်ခံစာကို သက်ဆိုင်ရာသို့ ပေးပို့မြဲပေးပို့ရမည်။
၂၃။ ဆုံးရှုံးမှုတစ်ရပ်ကို အပြီးသတ်စုံစမ်းစစ်ဆေးပြီး စာရင်းမှပယ်ဖျက်သည့်အခါတိုင်း ထိုသို့ ပယ်ဖျက်သည့် အမိန့်များ၏ မိတ္တူကို ဘဏ္ဍာရေးဌာနအကြီးအကဲ၊ အဖွဲ့အဖွဲ့စာရင်းစစ်နှင့် အဖွဲ့ဘဏ္ဍာရေးဌာန တို့သို့ ပေးပို့ရမည်။
ဆုံးရှုံးသည့်တန်ဖိုးကို စာရင်းများတွင်ညှိနှိုင်းခြင်း
ဌာနများ၏ အခြေခံစာရင်းပြုဌာနများအတွက် ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်း ညွှန်ကြားချက် အရ ဆောင်ရွက်သော ဌာန၊ အဖွဲ့အစည်းများက ဆောင်ရွက်ရမည့် နည်းလမ်းများ
၂၄။ ဌာန၊ အဖွဲ့အစည်းများသည် ဆုံးရှုံးမှုကို စာရင်းညှိနှိုင်းရာတွင် အောက်ဖော်ပြပါအတိုင်း လိုက်နာဆောင်ရွက်ရမည်-
(က) ငွေကြေးအလွဲသုံးစားပြုမှုများ
(၁) အလွဲသုံးစားပြုသည့် ငွေကြေးပမာဏ အပြည့်အဝပြန်လည်ရရှိပါက သက်ဆိုင်ရာဌာန၏ စာရင်းတွင် အောက်ပါအတိုင်း စာရင်းညှိနှိုင်းရမည်-
(ကက) အလွဲသုံးစားမှုဖြစ်ပေါ်သည့် ဘဏ္ဍာရေးကာလမကုန်ဆုံးမီ အဆိုပါအလွဲသုံးစားပြုသည့်ငွေကို ပြန်လည်ရရှိပါက မူလကထုတ်ယူခဲ့သော အသုံးစရိတ် ငွေစာရင်းခေါင်းစဉ်အောက်တွင် အနုတ် အသုံးစရိတ်အဖြစ် စာရင်းညှိရမည်၊
(ခခ) အလွဲသုံးစားမှုဖြစ်ပေါ်သည့် ဘဏ္ဍာရေးကာလ ကုန်ဆုံးပြီးနောက်မှ အဆိုပါအလွဲသုံးစားပြုသည့် ငွေကို ပြန်လည်ရရှိပါက သာမန်ရငွေစာရင်းအောက်ရှိ အထွေထွေရငွေစာရင်းခေါင်းစဉ်တွင် စာရင်း သွင်းရမည်။
(၂) အလွဲသုံးစားပြုခံရသည့် ငွေတစ်စိတ်တစ်ပိုင်း ပြန်လည်ရရှိပါက သက်ဆိုင်ရာဌာန၏ စာရင်းတွင် အောက်ပါအတိုင်း စာရင်းညှိနှိုင်းရမည်-
(ကက) ပြန်လည်ရရှိသောငွေပမာဏကို အထက်အပိုဒ်ခွဲ (က)၊ အပိုဒ်ခွဲငယ် (၁) တွင် ဖော်ပြထားသည့် အတိုင်း စာရင်းညှိရမည်၊
(ခခ) ပြန်လည်မရရှိနိုင်သောဆုံးရှုံးငွေဖြစ်ကြောင်း ဘဏ္ဍာရေးကာလ မကုန်ဆုံးမီ သိရှိရပါက ဆုံးရှုံးငွေ ပမာဏကို ဆုံးရှုံးခြင်း ငွေစာရင်းခေါင်းစဉ်တွင် စာရင်းပြုရမည်၊
(ဂဂ) ပြန်လည်မရရှိနိုင်သောဆုံးရှုံးငွေဖြစ်ကြောင်း ဘဏ္ဍာရေးကာလ ကုန်ဆုံးပြီးမှသိရှိရပါက ဆုံးရှုံးငွေ ပမာဏကို ဆုံးရှုံးခြင်းငွေစာရင်းခေါင်းစဉ်တွင် စာရင်းပြုရမည်။
(၃) အလွဲသုံးစားပြုခံရသည့် ငွေအားလုံးကို လုံးဝပြန်လည်မရရှိပါက ဆုံးရှုံးသည့် ငွေပမာဏကို ဆုံးရှုံးမှုစာရင်းတွင် ဖော်ပြပြီး အောက်ပါအတိုင်း စာရင်းညှိနှိုင်းရမည်-
(ကက) ပြန်လည်မရရှိနိုင်သော ဆုံးရှုံးငွေဖြစ်ကြောင်း ဘဏ္ဍာရေးကာလ မကုန်ဆုံးမီ သိရှိရပါက ဆုံးရှုံးငွေပမာဏကို ဆုံးရှုံးခြင်း ငွေစာရင်းခေါင်းစဉ်တွင် စာရင်းပြုရမည်၊
(ခခ) ပြန်လည်မရရှိနိုင်သောဆုံးရှုံးငွေဖြစ်ကြောင်း ဘဏ္ဍာရေးကာလ ကုန်ဆုံးပြီးမှ သိရှိရပါက ဆုံးရှုံးငွေပမာဏကို ဆုံးရှုံးခြင်း ငွေစာရင်းခေါင်းစဉ်တွင် စာရင်းပြုရမည်၊
(၄) ဌာန၊ အဖွဲ့အစည်းများ၌ ငွေကြေးဆုံးရှုံးမှုများအတွက် ပယ်ဖျက်ရသည့်အကြောင်းရင်းနှင့်တကွ ရည်ညွှန်းအမိန့်စာ၊ ဆုံးဖြတ်ချက် စသည်တို့ကို စာရင်းရေးသွင်း မှတ်တမ်းတင်ထားရမည်။
(ခ) ပစ္စည်းဆုံးရှုံးမှုများ
(၁) ဆုံးရှုံးသောပစ္စည်းတန်ဖိုးကို ငွေသားဖြင့် အပြည့်အဝပြန်လည်ရရှိပါက ရရှိသည့် ဘဏ္ဍာရေးကာလတွင် ဘဏ်စာရင်းသို့ ပေးသွင်း၍ ရငွေကို အထွေထွေရငွေအဖြစ် စာရင်းသွင်းရမည်။
(၂) ဆုံးရှုံးသောပစ္စည်းတန်ဖိုးကို တစ်စိတ်တစ်ဒေသ ပြန်လည်ရရှိပါက ရရှိသည့် ဘဏ္ဍာရေးကာလတွင် ဘဏ်စာရင်းသို့ပေးသွင်း၍ ရငွေကို အထွေထွေရငွေအဖြစ် စာရင်းသွင်းရမည်။ ပြန်လည်မရရှိနိုင်သော ပစ္စည်းတန်ဖိုး၏အစိတ်အပိုင်း ငွေပမာဏကို ဆုံးရှုံးခြင်းစာရင်းတွင် ရေးသွင်းရမည်၊
(၃) ဆုံးရှုံးသောပစ္စည်းတန်ဖိုးကို လုံးဝပြန်လည်မရရှိပါက ဆုံးရှုံးပစ္စည်းတန်ဖိုးကို ဆုံးရှုံးခြင်းစာရင်းတွင် ရေးသွင်းရမည်၊
(၄) အထက်ပါကိစ္စရပ်များအားလုံးတွင် ဆုံးရှုံးသည့်ပစ္စည်းကို ပစ္စည်းစာရင်းမှ ပယ်ဖျက်ရမည်။ ယင်းသို့ စာရင်းမှ ပယ်ဖျက်ရသည့် အကြောင်းရင်းနှင့်တကွ ရည်ညွှန်းအမိန့်စာ၊ ဆုံးဖြတ်ချက် စသည်တို့ကို စာရင်းရေးသွင်း မှတ်တမ်းတင်ထားရမည်။
ကူးသန်းရောင်းဝယ်ရေးစာရင်းများထားရှိသည့် အဖွဲ့အစည်းများက ဆောင်ရွက်ရမည့် နည်းလမ်းများ
၂၅။ ကူးသန်းရောင်းဝယ်ရေးစာရင်းထားရှိနည်းစနစ်အရ စာရင်းများထားရှိသည့် အဖွဲ့အစည်းများ၌ အဖွဲ့ဘဏ္ဍာဆုံးရှုံးမှုများ ပေါ်ပေါက်ကြောင်းသိရလျှင် ထိုသို့သိရှိသည့် ဘဏ္ဍာရေးကာလစာရင်း၌ စာရင်းတင်သွင်းခြင်းအားဖြင့် အဖွဲ့အစည်းများ၏ တစ်နှစ်တာလုပ်ငန်းတွင်ဖြစ်ပေါ်သည့် အသားတင် အမြတ်/အရှုံးမှာ လျော်ကန်သင့်မြတ်မည့်အပြင် အမြတ်ခွန်ပေးဆောင်ရာ၌လည်း လျော်ကန်သင့်မြတ် မည်ဖြစ်ပါ၍ ဆုံးရှုံးငွေများအတွက် အမှုကိစ္စအားလုံးပြီးစီးသည်အထိ မစောင့်ဆိုင်းဘဲ ဆုံးရှုံးမှု ပေါ်ပေါက်သည့်နှစ်၏ စာရင်းတွင် ညှိနှိုင်းရမည်။
၂၆။ ငွေကြေးဆုံးရှုံးမှုအတွက် သက်ဆိုင်ရာ ငွေစာရင်းခေါင်းစဉ်သို့ မြီရှင်စာရင်းပြ၍ ဆုံးရှုံးခြင်းခေါင်းစဉ် သို့ မြီစားစာရင်း တင်ရမည်။ ပစ္စည်းများဆုံးရှုံးမှုဖြစ်လျှင် ပစ္စည်းတန်ဖိုးကို တွက်ချက်၍ သက်ဆိုင်ရာ ပစ္စည်းခေါင်းစဉ်သို့ မြီရှင်စာရင်းပြ၍ ဆုံးရှုံးခြင်းခေါင်းစဉ်သို့ မြီစားစာရင်းတင်ပြီး ညှိနှိုင်းရမည်။
၂၇။ ပြန်လည်ရရှိခြင်းများရှိပါက ဘဏ္ဍာရေးကာလအတွင်း ပြန်ရလျှင် ယခင်ဆုံးရှုံးခြင်းခေါင်းစဉ်ဖြင့် ညှိနှိုင်းထားချက်ကို ဆန့်ကျင်ဘက် စာရင်းတင်၍လည်းကောင်း၊ နှစ်လွန်ပြီးမှ ပြန်ရလျှင် အထွေထွေရငွေ အဖြစ်လည်းကောင်း စာရင်းတင်ရမည်။ အဖွဲ့ဘဏ္ဍာငွေနှင့် ပစ္စည်းများဆုံးရှုံးမှုပေါ်ပေါက်သည့်အခါ ဆုံးရှုံးမှုအတွက် စာရင်းမှပယ်ဖျက်ပိုင်ခွင့်ရှိသူ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၏ ပယ်ဖျက်ခွင့်ကို ရရှိသည်အထိ မျက်ခြည်မပြတ် ကြည့်ရှုဆောင်ရွက်ရမည်။ ထိုသို့ ဆောင်ရွက်ရာတွင် အခြေအနေကို အချိန်မရွေးသိရှိနိုင်ရန် အဖွဲ့အစည်းများ၌ စနစ်တကျ မှတ်တမ်းတင်ထားရန် လိုအပ်သည်။ စာရင်းစစ် အနေဖြင့်လည်း စာရင်းစစ်ကန့်ကွက်ချက်စာအုပ်တွင် ရေးမှတ်၍ မျက်ခြည်မပြတ် စောင့်ကြည့်နှိုးဆော်ရမည်။
စာရင်းမှပယ်ဖျက်ပြီးသော ပစ္စည်းများအတွက် အရေးယူဆောင်ရွက်ခြင်း
၂၈။ ဆုံးရှုံးမှုတစ်ရပ်ကို စာရင်းမှပယ်ဖျက်ပြီးနောက် တစ်ဝက်တစ်ပျက် ပျက်စီးသော ပစ္စည်းများ၊ သုံးမရအောင် လုံးဝပျက်စီးသွားသော ပစ္စည်းများနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း အရေးယူဆောင်ရွက် ရမည်-
(က) စာရင်းမှ ပယ်ဖျက်ပြီးသော ပစ္စည်းများသည် တစ်ဝက်တစ်ပျက် ပျက်စီးသော ပစ္စည်းများဖြစ်ပါက ဆုံးရှုံးမှုကို အတတ်နိုင်ဆုံး ကြိုးစား၍ ပြင်ဆင်ပြုပြင်သုံးစွဲခြင်း၊ ရောင်းချခြင်းတို့ကို ပြုလုပ်ရမည်၊
(ခ) စာရင်းမှ ပယ်ဖျက်ပြီးသော ပစ္စည်းများသည် သုံးမရအောင် လုံးဝပျက်စီးသွားသော ပစ္စည်းများ ဖြစ်ပါက စာရင်းမှပယ်ဖျက်ရန် တင်ပြသော ဌာနက ဖျက်ဆီးရေးအဖွဲ့ဖွဲ့၍ ယင်းအဖွဲ့၏ မျက်မှောက်တွင် ပင် ဖျက်ဆီးစေပြီးနောက် ဖျက်ဆီးပြီးဖြစ်ကြောင်း သက်သေခံလက်မှတ်ရေးထိုးစေလျက် မှတ်တမ်းတင် ထားရမည်၊
(ဂ) ပျက်စီးနေသော ပစ္စည်းများကို ဖျက်ဆီးရာတွင် ယေဘုယျအားဖြင့် စာရင်းမှ စနစ်တကျပယ်ဖျက်ပြီး မှသာ ဖျက်ဆီးရန်ဖြစ်သည်။
(ဃ) စာရင်းမှ ပယ်ဖျက်သောဌာနသည် မည်သည့်နည်းနှင့်မျှ စာရင်းမှ ပယ်ဖျက်ပြီးဖြစ်သောပစ္စည်းကို နောက်တစ်ကြိမ် စာရင်းမှ ထပ်မံပယ်ဖျက်နိုင်ရန် မသမာသောနည်းဖြင့် မပြုလုပ်နိုင်အောင် ကြပ်မတ် ထိန်းသိမ်းသွားရမည်။ ထို့ပြင် ဖျက်ဆီးရန် သတ်မှတ်ထားသော ပစ္စည်းများကို စားသုံးသူအများအဖွဲ့ လူထုလက်သို့ မရောက်ရှိအောင် ကြပ်မတ်သွားရမည်။
ငွေကြေးနှင့် ပစ္စည်းများ ဆုံးရှုံးမှုများအတွက် စာရင်းမှ ပယ်ဖျက်ပြီးသော ကိစ္စများကို အဖွဲ့ အလုပ်အမှုဆောင်ဘုတ်အဖွဲ့အဖွဲ့သို့ နှစ်စဉ်တင်ပြခြင်း
၂၉။ ဌာန၊ အဖွဲ့အစည်းများသည် ငွေကြေးနှင့် ပစ္စည်းဆုံးရှုံးမှုများအတွက် ယင်းတို့၏ စာရင်းမှ ပယ်ဖျက်ပြီးသောကိစ္စရပ်များကို နှစ်စဉ်ဘဏ္ဍာရေးကာလအလိုက် သက်ဆိုင်ရာ ဌာနများက စုပေါင်းစာရင်းပြုစု၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြပြီး မိတ္တူကို အဖွဲ့စာရင်းစစ်သို့ ပေးပို့ရမည်။
အခန်း (၂၆) - ငွေစာရင်းဆိုင်ရာကိစ္စရပ်များ
အဖွဲ့ဗဟိုအဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ငွေစာရင်းများ
၁။ အဖွဲ့ဗဟိုအဖွဲ့အစည်းများ၊ ဌာနများတို့သည် ဘဏ္ဍာရေးဌာနမှ ညွှန်ကြားချက်များတွင် ဖော်ပြထားသည့်အတိုင်း သက်ဆိုင်ရာ ငွေထုတ်စာရင်းများဖြင့် ဆောင်ရွက်ရမည်။
၂။ အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် လုပ်ငန်းသုံးရင်းနှီးငွေဖြင့် ဆောင်ရွက်မည့်ကိစ္စရပ် များအတွက် အခြားစာရင်းရှင်ဖွင့်လှစ်ရန်လိုအပ်ပါက အဖွဲ့ဘဏ္ဍာရေးဌာနက အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များ အတိုင်းဆောင်ရွက်ရမည်။
အဖွဲ့ဗဟိုအဆင့်ဌာနစာရင်းများ
၃။ အဖွဲ့ဗဟိုအဆင့်ဌာန၊ ရုံးများသည် မိမိတို့၏စာရင်းများကို ဘဏ္ဍာရေးဌာန ညွှန်ကြားချက်များ နှင့်အညီထားရှိပြီး လကုန်ဆုံးသည့်အခါ ဘဏ္ဍာရေးဌာနညွှန်ကြားချက် ရှိ သက်ဆိုင်သည့်ပုံစံများကို ပြင်ဆင်ရေးဆွဲ၍ လစဉ်စာရင်းကို ဘဏ္ဍာရေးဌာနသို့ စာရင်းပြုလ၏ နောက်လ ၂၄ ရက် နောက်ဆုံးထားပေးပို့ရမည်။
အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းစာရင်းများ
၄။ အဖွဲ့ဘဏ္ဍာရန်ပုံငွေအစီအစဉ်နှင့် အဖွဲ့ဘဏ္ဍာရန်ပုံငွေအစီအစဉ် ပြင်ပတွင် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ငွေစာရင်းခေါင်းစဉ်ကလေး အလိုက် ရငွေနှင့် အသုံးစရိတ်များပေါ်လွင်စေရန် ဘဏ္ဍာရေးဌာနပါ ညွှန်ကြားချက်ပါပူးတွဲပုံစံများဖြင့် မိမိတို့၏ လစဉ်ရှင်းတမ်း စာရင်းများကို ဘဏ္ဍာရေးဌာနသို့ စာရင်းပြုလ၏ နောက်လ ၂၄ ရက် နောက်ဆုံးထားပေးပို့ရမည်။
မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ၏ ငွေစာရင်းများ
၅။ မြန်မာ့သစ်ခွလက်အောက်ရှိ ဌာန၊ အဖွဲ့အစည်းများသည် ဘဏ္ဍာရေးဌာနညွှန်ကြားချက်များတွင် ဖော်ပြထားသည့်အတိုင်း သက်ဆိုင်ရာ ငွေထုတ်စာရင်းများဖြင့် ဆောင်ရွက်ရမည်။
၆။ အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ဘဏ္ဍာရေးဌာန၊ ညွှန်ကြားချက်များတွင် ဖော်ပြထားသည့်အတိုင်း သက်ဆိုင်ရာ ငွေထုတ်စာရင်းများဖြင့် ဆောင်ရွက်ရမည်။
မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ၏ အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းစာရင်းများ
၇။ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ငွေစာရင်းခေါင်းစဉ်ကလေးအလိုက် ရငွေနှင့် အသုံးစရိတ် များပေါ်လွင်စေရန် ဘဏ္ဍာရေးဌာန ညွှန်ကြားချက်များပါပူးတွဲပုံစံများဖြင့် မိမိတို့၏ လစဉ်ရှင်းတမ်းစာရင်းများကို ဘဏ္ဍာရေးဌာနသို့ စာရင်းပြုလ၏ နောက်လ ၂၄ ရက် နောက်ဆုံးထားပေးပို့ရမည်။
အခန်း (၂၇) - အစီရင်ခံစာများတင်ပြခြင်း
၃၀။ အဖွဲ့၏အထွေထွေ အရပ်ရပ် အခြေအနေအစီရင်ခံစာတင်ပြခြင်း
၁။ အဖွဲ့ဗဟိုအဆင့် ဌာန၊ အဖွဲ့အစည်းများသည် မိမိတို့၏ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက် လျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှုအခြေအနေများကို ရှင်းလင်းချက်များနှင့်အတူ ဘဏ္ဍာရေးဌာနသို့ သတ်မှတ်ရက်အတွင်း ပေးပို့ရမည်။ ဘဏ္ဍာရေးဌာနသည် အဖွဲ့ဗဟိုအဆင့် ဌာန၊ အဖွဲ့အစည်းများ၏ လစဉ်နှင့် သုံးလပတ် ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက် လျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှုအခြေအနေများကို စုစည်း ပေါင်းချုပ်၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့အဖွဲ့ရုံးသို့ ပေးပို့အစီရင်ခံ တင်ပြရမည်။ ခြောက်လပတ်နှင့် နှစ်ပတ်လည် ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက် လျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှုအခြေအနေများကိုလည်း စုစည်းပေါင်းချုပ်၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့အဖွဲ့၏ အတည်ပြုချက်ဖြင့် အဖွဲ့အထွေထွေအစည်းအဝေးသို့ အစီရင်ခံတင်ပြရမည်။
၂။ အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများသည် မိမိတို့၏ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်လျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ရှင်းလင်း ချက်များနှင့်အတူ ဘဏ္ဍာရေးဌာနသို့ သတ်မှတ်ရက်အတွင်း ပေးပို့ရမည်။ ဘဏ္ဍာရေးဌာနသည် သက်ဆိုင်ရာ အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ လစဉ် ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက် လျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို လည်းကောင်း၊ သုံးလပတ် ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်လျာထားချက် များအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ဘဏ္ဍာရေး ဌာနသို့ လည်းကောင်း၊ ခြောက်လပတ်နှင့် နှစ်ပတ်လည် ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက် လျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ဘဏ္ဍာရေးဌာနမှတစ်ဆင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့အဖွဲ့ရုံးသို့ လည်းကောင်း၊ အဖွဲ့အထွေထွေအစည်းအဝေးသို့ လည်းကောင်း၊ အစီရင်ခံတင်ပြရမည်။
၃။ ဘဏ္ဍာရေးဌာနသည် အဖွဲ့နှင့် အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အခြေအနေအရပ်ရပ် အစီအရင်ခံစာများ ပေါင်းချုပ်ရေးဆွဲပြီး ပါက အလုပ်အမှုဆောင်ဘုတ်အဖွဲ့အဖွဲ့ရုံးနှင့် အဖွဲ့စာရင်းစစ်တို့သို့ မိတ္တူပေးပို့ရမည်။
ရှင်းလင်းချက် ။ ။ အခြေအနေအရပ်ရပ်ဆိုရာတွင် အဖွဲ့အစည်း၏
(က) ရငွေနှင့် အသုံးစရိတ်များ၏ လစဉ်အခြေအနေ၊
(ခ) ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက် အကောင်အထည်ဖော်နိုင်မှုအခြေအနေ၊
(ဃ) ချေးငွေများ၏ ပြောင်းလဲမှုအခြေအနေ၊
(င) အဖွဲ့၏ လစဉ် ပိုငွေ/ လိုငွေ အခြေအနေ၊
(စ) ငွေသားလက်ကျန်အခြေအနေ၊
(ဆ) လူ့အရင်းအမြစ်အခြေအနေ၊
(ဇ) ပုံသေပိုင်ပစ္စည်းအခြေအနေ၊
(ဈ) ပရောဂျက်များ၏ အောင်မြင်မှုအခြေအနေ၊
(ည) အဖွဲ့လူမှုဆက်ဆံရေးနှင့် ထိတွေ့ဆက်ဆံစည်းရုံးနိုင်မှုအခြေအနေ၊
(ဋ) အခြားအဖွဲ့များနှင့်နှိုင်းယှဉ်ချက်၊
(ဌ) နည်းပညာနှင့် သုတေသနအခြေအနေများ၊
(ဍ) အခြားအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှဆုံးဖြတ်ချမှတ်သော ထည့်သွင်းရမည့်အခြေအနေများ။ တို့ပါဝင်သည်။
၄။ ဘဏ္ဍာရေးဌာနှင့် အခြားစုပေါင်းဌာနများသည် ဘဏ္ဍာရေးကာလကုန်ဆုံးသည့်အချိန်တွင် မြန်မာ့သစ်ခွ ရုံး၊ ဌာန၊ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ၏ စာရင်းများမှ ပေးပို့လာသည့် အဖွဲ့စာရင်းစစ်အတည်ပြုပြီးသည့် အမှန်စာရင်း ကို ပြုစုပြီး ဘဏ္ဍာနှစ်ကုန်ဆုံးပြီး ၂လအတွင်း အဖွဲ့ အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှတစ်ဆင့် အထွေထွေအစည်းအဝေးသို့လည်းကောင်း၊ သက်ဆိုင်ရာအာဏာပိုင်များသို့လည်းကောင်း၊ အများပြည်သူများထံသို့လည်းကောင်း၊ လှူဒါန်းသူများထံသို့လည်းကောင်း၊ တင်ပြရမည်။
အခန်း (၂၈) - စာရင်းစစ်ဆေးခြင်း
အဖွဲ့တွင်းစာရင်းစစ်ဆေးခြင်း
၈။ အဖွဲ့စာရင်းစစ်သည် အောက်ပါတို့ကို ဆောင်ရွက်ရမည်-
(က) စာရင်းစစ်ဆေးခြင်းလုပ်ငန်းများကို နှစ်စဉ်လျာထားသည့် စီမံချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
(ခ) လုပ်ငန်းဆောင်ရွက်မှုများအား စီမံကြီးကြပ်ရာတွင်လည်းကောင်း၊ ငွေကြေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ ပြီးပြည့်စုံမှုနှင့် မှန်ကန်သင့်လျော်မှုရှိစေရန်အတွက် အောက်ပါ အချက်အလက်များဖြင့် စစ်ဆေးဆုံးဖြတ်ခြင်း-
(၁) လုပ်ငန်းဆောင်တာဆိုင်ရာ ရည်မှန်းချက်များပြည့်မီခြင်း ရှိ၊ မရှိ၊
(၂) သက်ဆိုင်ရာ ပြည်ထောင်စုဥပဒေ၊ အဖွဲ့တွင်းမူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ နှင့် ချုပ်ဆိုထားသည့် စာချုပ်ပါ စည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိ၊
(၃) ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ပြည့်စုံခြင်းနှင့် ယုံကြည်စိတ်ချရမှု ရှိ၊ မရှိ၊
(၄) လုပ်ငန်းဆောင်တာများ၏ စွမ်းဆောင်ရည်၊ ထိရောက်မှုနှင့် တွက်ခြေကိုက်ညီမှု ရှိ၊ မရှိ၊
(၅) လုပ်ငန်းများဆောင်ရွက်ရာတွင် လေလွင့်မှု၊ ဆုံးရှုံးမှု၊ နှောင့်နှေးကြန့်ကြာမှုပေါ်ပေါက်ခြင်း ရှိ၊ မရှိ၊
(၆) ပုံသေပိုင်ပစ္စည်းများ စနစ်တကျထိန်းသိမ်းထားမှုရှိ၊ မရှိ၊
(၇) မသမာမှု၊ အလွဲသုံးစားမှု ရှိ၊ မရှိ၊
(ဂ) လုပ်ငန်းဆောင်တာများ ပိုမိုကောင်းမွန်ရေးအတွက် သုံးသပ်ခြင်းနှင့် အကြံပြုခြင်း။
၉။ အဖွဲ့တွင်းစာရင်းစစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် အောက်ပါအတိုင်း အစီအစဉ်ရေးဆွဲ၍ ဆောင်ရွက်ရမည်-
(က) စစ်ဆေးမည့်အစီအစဉ်ရေးဆွဲခြင်း၊
(ခ) လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်း၊
(ဂ) အစီရင်ခံတင်ပြခြင်း၊
(ဃ) နောက်ဆက်တွဲလုပ်ငန်းစဉ်များကို လုပ်ဆောင်ခြင်း။
၁၀။ စာရင်းစစ်အဖွဲ့သည် စစ်ဆေးအတည်ပြုခြင်းအတွက် ပြုလုပ်သော စာရင်းစစ်လုပ်ငန်းကို အောက်ပါအတိုင်း ဆောင်ရွက်ရမည်-
(က) စနစ်အခြေပြုစာရင်းစစ်ခြင်း၊
(ခ) တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊
(ဂ) လုပ်ငန်းဆောင်ရွက်မှုအခြေအနေစစ်ဆေးခြင်း၊
(ဃ) ငွေကြေးဆိုင်ရာစာရင်းစစ်ခြင်း သို့မဟုတ် ဌာန၏ စာရင်းများပြုစုရာတွင် အသုံးပြုသော IT (Information Technology) စနစ်ကို စစ်ဆေးခြင်း သို့မဟုတ် အထက်ဖော်ပြပါ အကြောင်းအရာ များအားလုံးကို စုပေါင်း၍ ရည်မှန်းချက်များကို ပြည့်မီခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း။
၁၁။ စာရင်းစစ်များမှ တင်ပြသည့် စာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများကို သက်ဆိုင်ရာ ဌာန/ အဖွဲ့အစည်းအကြီးအကဲသို့ တင်ပြရမည်။
၁။ အဖွဲ့စာရင်းစစ်နှင့် လုပ်ငန်းကြီးကြပ်ရေးမှူးတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
(က) အဖွဲ့စာရင်းစစ်နှင့် လုပ်ငန်းကြီးကြပ်ရေးမှူးတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ -
(က) အဖွဲ့အထွေထွေအစည်းအဝေးတွင်ဖြစ်စေ အဖွဲ့တစ်ခုလုံးတွင်ဖြစ်စေ အဖွဲ့၏ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်များစစ်ဆေးခြင်း၊ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများ စစ်ဆေးခြင်းတို့နှင့် စပ်လျဉ်း၍ ၃လလျှင် အနည်းဆုံး တစ်ကြိမ်တင်ပြခြင်းနှင့် ထူးခြားသော အခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း၊
(ခ) အဖွဲ့၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ခွင့်ပြုချက်ပါ ပြဋ္ဌာန်းချက်များအရ-
(၁) အဖွဲ့၏ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်များကို စစ်ဆေးခြင်း၊
(၂) ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်ပါ ရငွေများကို ပြည့်ဝစွာရရှိစေရန် ဆောင်ရွက်ထားခြင်း ရှိမရှိ စစ်ဆေးခြင်း၊
(၃) ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်ပါ သုံးစွဲခွင့်ပြုထားသည့် ငွေကြေးများကို ထိရောက်စွာ အသုံးပြုမှု ရှိမရှိ စစ်ဆေးခြင်း။
(ဂ) သက်ဆိုင်ရာအဖွဲ့ရုံးဌာန၊ အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းပုံအင်အားတို့သည် ထမ်းဆောင်သည့် လုပ်ငန်းတာဝန်နှင့် လျော်ကန်မျှတမှု ရှိ မရှိ စစ်ဆေးခြင်း၊
(ဃ) သက်ဆိုင်ရာအဖွဲ့ရုံးဌာန၊ အဖွဲ့အစည်းများ၏ ဗော်လန်တီယာများ ခန့်ထားဆောင်ရွက်ခြင်းသည် ခွင့်ပြုသည့် ဗော်လန်တီယာအင်အားအတွင်းရှိ မရှိစစ်ဆေးခြင်း၊
(င) သက်ဆိုင်ရာအဖွဲ့ရုံးဌာန၊ အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေသည် မူလရည်ရွယ်ချက် သို့မဟုတ် ရည်မှန်းချက်ဖြစ်မြောက်စေမည့် အခြေအနေမျိုး ရှိမရှိစစ်ဆေးခြင်း၊
(စ) အဖွဲ့အတွင်းရှိ ရုံး၊ ဌာန၊ အဖွဲ့အစည်းများ ဘဏ္ဍာရေးစည်းမျဉ်းအရ သတ်မှတ်ထားသည့် စာရင်းထားသိုပုံနည်းစနစ်နှင့်အညီ ကျင့်သုံးခြင်း ရှိမရှိ စစ်ဆေးခြင်း၊
(ဆ) အဖွဲ့အတွင်းရှိ ရုံး၊ ဌာန၊ အဖွဲ့အစည်းများတို့၏ စီမံကိန်းနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများသည် အဖွဲ့ကြည့်ရှုသူနှင့် ပြည်သူတို့အတွက် အမှန်တကယ်အကျိုးသက်ရောက်မှုရှိမရှိ စစ်ဆေးခြင်း၊
(ဇ) အဖွဲ့ပိုင်ပစ္စည်းများကို ရယူထိန်းသိမ်းအသုံးပြုရာတွင် တိကျမှန်ကန်မှု၊ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ထိရောက်စွာအသုံးပြုမှု ရှိမရှိစစ်ဆေးခြင်း၊
(ဈ) အဖွဲ့တွင်း ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့် စပ်လျဉ်း၍-
(၁) အဖွဲ့တွင်း ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးမှုစာရင်းများကို စစ်ဆေးခြင်း၊
(၂) အဖွဲ့တွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးမှုများ၏ အရေအတွက်နှင့် အဆင့်အတန်းစံနှုန်းများကို စစ်ဆေးခြင်း၊
(၃) စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လေလွင့်ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားမှု ရှိ မရှိ စစ်ဆေးခြင်း၊
(၄) ကုန်ကျစရိတ်နှင့် အကျိုးသက်ရောက်မှုကို နှိုင်းယှဉ်၍ စစ်ဆေးခြင်း၊
(၅) အဖွဲ့၏ လုပ်ကိုင်မှုတွင် ကြီးကြပ်ကွပ်ကဲမှု၊ လုပ်ငန်းပိုင်းဆိုင်ရာ ထိန်းကွပ်မှုများဖြင့် ဆောင်ရွက်မှု၊ အဖွဲ့ရည်ရွယ်ချက်ရည်မှန်ချက်များအတွက် စွမ်းဆောင်ရည်တိုးတက်မှု၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အကျိုးသက်ရောက်မှု၊ လုပ်ငန်းစည်းစနစ်ကျမှု၊ အဖွဲ့ဝင်များ အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်မှု၊ ငွေကြေးနှင့် ပစ္စည်းများကို အကျိုးရှိစွာ အသုံးပြုနိုင်မှု စသည်တို့ကို စစ်ဆေးခြင်း။
(ည) အဖွဲ့ဥက္ကဋ္ဌကဖြစ်စေ၊ အဖွဲ့အထွေထွေအစည်းအဝေး၏ ၄ပုံပုံ ၁ပုံထောက်ခံချက်ဖြင့် ဖြစ်စေ၊ အဖွဲ့ဒုတိယဥက္ကဋ္ဌဖြစ်စေ၊ အဖွဲ့အထွေထွေအစည်းအဝေးသဘာပတိကဖြစ်စေ၊ အလုပ်အမှုဆောင်ဒါရိုက်တာကဖြစ်စေ၊ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ကဖြစ်စေ၊ အထွေထွေအတွင်းရေးမှူးကဖြစ်စေ၊ ဗဟိုအကြံပေးဘုတ်အဖွဲ့ကဖြစ်စေ၊ ဌာနတစ်ခုခုကဖြစ်စေ၊ အဖွဲ့လက်အောက်ရှိအဖွဲ့အစည်းများကဖြစ်စေ ယင်း၏ လုပ်ငန်းတစ်ရပ်ရပ်အား စစ်ဆေးပေးရန် ညှိနှိုင်းလာပါက လိုအပ်သလို စစ်ဆေးပြီးနောက် တွေ့ရှိချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ခြင်း၊
(ဋ) စာရင်းစစ်ဆေးရေးလုပ်ငန်းများနှင့် စပ်လျဉ်းသောလိုအပ်သည့် မူဝါဒမူကြမ်းကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ (သို့မဟုတ်) ဥက္ကဋ္ဌထံ သို့ တင်သွင်းခြင်း၊
(ဌ) မိမိ၏ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို ဖွဲ့ဥက္ကဋ္ဌထံသို့ တင်ပြသည်နှင့် တစ်ပြိုင်တည်း အဖွဲ့အစည်းတစ်ခုလုံးသို့ အစီရင်ခံ တင်ပြခြင်း၊
(ဍ) သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့ရုံးဌာန၊ အဖွဲ့အစည်းများတို့၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုကို စစ်ဆေးရန် အဖွဲ့အထွေထွေအစည်းအဝေးက တာဝန်ပေးအပ်လာလျှင် စစ်ဆေး၍ အဖွဲ့အထွေထွေအစည်းအဝေးသို့ အစီရင်ခံတင်ပြခြင်း၊
(ဎ) သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့ရုံးဌာန၊ အဖွဲ့အစည်းများတို့တွင် အဖွဲ့ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည့်စာရင်းများဆိုင်ရာ ရငွေနှင့်ပေးငွေစာရင်းများကို စစ်ဆေးခြင်း၊ ယင်း ရငွေနှင့်ပေးငွေများကို တာဝန်ရှိသူများက စနစ်တကျကြီးကြပ်မှု၊ ထိန်းချုပ်မှု၊ ကွပ်ကဲမှု ရှိ မရှိ စစ်ဆေးခြင်း၊
(ဏ) အဖွဲ့လက်အောက်ရှိ အဖွဲ့အစည်းတစ်ရပ် သို့မဟုတ် လုပ်ငန်းတစ်ခုကို စစ်ဆေးရာတွင်ယင်းအဖွဲ့အစည်း သို့မဟုတ် လုပ်ငန်းခွင်အလိုက် လေလွင့်ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားပြုမှုများ လောလောဆယ် ဖြစ်ပေါ်နေခြင်းကို ချက်ချင်းရပ်တန့်တားဆီးရန် လိုအပ်သည်ဟု ယူဆပါက-
(၁) သက်ဆိုင်ရာ အဖွဲ့အစည်း အကြီးအမှူးထံ ချက်ချင်းအကြောင်းကြားပြီး ယင်း၏ အလုပအမှုဆောင်ဘုတ်အဖွဲ့ဝင် ပုဂ္ဂိုလ်ထံ အကြောင်းကြားခြင်း၊
(၂) သက်ဆိုင်ရာ အဖွဲ့အစည်း အကြီးအမှူးက အရေးယူဆောင်ရွက်မှုမရှိလျှင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ သို့မဟုတ် အဖွဲ့အထွေထွေအစည်းအဝေးထံ အစီရင်ခံ တင်ပြခြင်း။
(တ) အဖွဲ့လက်အောက်ရှိ ဌာန၊ အဖွဲ့အစည်းများ၏ အခြားငွေရေးကြေးရေးကိစ္စနှင့် စပ်လျဉ်းသောစာရင်းများ ကို လိုအပ်ပါက စစ်ဆေးခြင်း၊
(ထ) ချေးယူငွေများ၊ အတိုးပေးငွေ၊ အတိုးရငွေများနှင့် ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ မရှိ စစ်ဆေးခြင်း၊
(ဒ) ရရန်ရှိငွေနှင့်ပစ္စည်းများ၊ ပေးရန်ရှိငွေနှင့် ပစ္စည်းများ ပြည့်စုံမှန်ကန်တိကျစွာ ဖော်ပြခြင်း ရှိ မရှိနှင့် သတ်မှတ်ချက်များနှင့်အညီ စာရင်းရှင်းလင်း ဆောင်ရွက်မှု ရှိ မရှိ စစ်ဆေးခြင်း၊
(ဓ) အဖွဲ့ဥက္ကဋ္ဌက ပေးအပ်သည့် အခြားတာဝန်များ ထမ်းဆောင်ခြင်း၊
(န) သတ်မှတ်သောအခြား တာဝန်များ ထမ်းဆောင်ခြင်း။
(ပ) ဒုတိယစာရင်းစစ်ချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ခြင်း၊
(ဖ) ဘဏ္ဍာရေးဌာန စာရင်းကိုင်များ၏ လုပ်ငန်းဆောင်ရွက်ချက်များအား လမ်းညွှန် ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့် အခါအားလျော်စွာ စစ်ဆေးခြင်း။
(ခ) အဖွဲ့စာရင်းစစ်နှင့် လုပ်ငန်းကြီးကြပ်ရေးမှူးတို့သည် စာပိုဒ်ခွဲ (၁) အရ မိမိအား အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို မိမိတို့၏လက်ထောက်များ၊ ဘဏ္ဍာရေးဌာနရှိ စာရင်းကိုင်အရာရှိများနှင့် မိမိက တာဝန်ပေးသော အဖွဲ့ငယ်များ၊ ပုဂ္ဂိုလ်များအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
(ဂ) အဖွဲ့လက်ထောက်စာရင်းစစ်နှင့် လက်ထောက်လုပ်ငန်းစစ်ဆေးကြီးကြပ်ရေးမှူးတို့သည် အဖွဲ့စာရင်းစစ်နှင့် လုပ်ငန်းကြီးကြပ်ရေးမှူးတို့က ပေးအပ်သည့် တာဝန်နှင့်လုပ်ပိုင်ခွင့် များကို ကျင့်သုံးဆောင်ရွက်ရမည်။
၂။ စာရင်းစစ်ခြင်းနှင့် လုပ်ငန်းစစ်ဆေးခြင်း
အဖွဲ့စာရင်းစစ် (သို့မဟုတ်) လုပ်ငန်းစစ်ဆေးကြီးကြပ်ရေးမှူး သည် အောက်ပါတို့ကို ဆောင်ရွက်ရမည်-
(က) စာရင်းစစ်ဆေးခြင်းလုပ်ငန်းများကို လျာထားသည့် စီမံချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
(ခ) လုပ်ငန်းဆောင်ရွက်မှုများအား စီမံကြီးကြပ်ရာတွင်လည်းကောင်း၊ ငွေကြေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ ပြီးပြည့်စုံမှုနှင့် မှန်ကန်သင့်လျော်မှုရှိစေရန်အတွက် အောက်ပါ အချက်အလက်များဖြင့် စစ်ဆေးဆုံးဖြတ်ခြင်း-
(က) လုပ်ငန်းဆောင်တာဆိုင်ရာ ရည်မှန်းချက်များပြည့်မီခြင်း ရှိ၊ မရှိ၊
(ခ) သက်ဆိုင်ရာ ပြည်ထောင်စုဥပဒေ၊ အဖွဲ့တွင်းမူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ နှင့် ချုပ်ဆိုထားသည့် စာချုပ်ပါ စည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိ၊
(ဂ) ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ပြည့်စုံခြင်းနှင့် ယုံကြည်စိတ်ချရမှု ရှိ၊ မရှိ၊
(ဃ) လုပ်ငန်းဆောင်တာများ၏ စွမ်းဆောင်ရည်၊ ထိရောက်မှုနှင့် တွက်ခြေကိုက်ညီမှု ရှိ၊ မရှိ၊
(င) လုပ်ငန်းများဆောင်ရွက်ရာတွင် လေလွင့်မှု၊ ဆုံးရှုံးမှု၊ နှောင့်နှေးကြန့်ကြာမှုပေါ်ပေါက်ခြင်း ရှိ၊ မရှိ၊
(စ) ပုံသေပိုင်ပစ္စည်းများ စနစ်တကျထိန်းသိမ်းထားမှုရှိ၊ မရှိ၊
(ဆ) မသမာမှု၊ အလွဲသုံးစားမှု ရှိ၊ မရှိ၊
(ဇ) လုပ်ငန်းဆောင်တာများ ပိုမိုကောင်းမွန်ရေးအတွက် သုံးသပ်ခြင်းနှင့် အကြံပြုခြင်း။
(ဂ) အဖွဲ့တွင်းစာရင်းစစ်ဆေးခြင်းနှင့် လုပ်ငန်းစစ်ဆေးကြီးကြပ်ခြင်းကို ဆောင်ရွက်ရာတွင် အောက်ပါအတိုင်း အစီအစဉ်ရေးဆွဲ၍ ဆောင်ရွက်ရမည်-
(က) စစ်ဆေးမည့်အစီအစဉ်ရေးဆွဲခြင်း၊
(ခ) လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်း၊
(ဂ) အစီရင်ခံတင်ပြခြင်း၊
(ဃ) နောက်ဆက်တွဲလုပ်ငန်းစဉ်များကို လုပ်ဆောင်ခြင်း။
(ဃ) အဖွဲ့စာရင်းစစ် (သို့မဟုတ်) လုပ်ငန်းစစ်ဆေးကြီးကြပ်ရေးမှူး တင်ပြသည့် စာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများကို အထွေထွေအစည်းအဝေး၊ ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၊ သက်ဆိုင်ရာ ဌာန/ အဖွဲ့အစည်းတို့၏ အကြီးအကဲထံသို့ တင်ပြရမည်။
အခန်း (၂၉) - ဘဏ္ဍာရေးဆိုင်ရာအစီအရင်ခံစာများ
အရအသုံးခန့်မှန်းခြေငွေစာရင်းအကောင်အထည်ဖော်နိုင်မှုအခြေအနေ
၁။ အဖွဲ့ဗဟိုအဆင့် ဌာန၊ အဖွဲ့အစည်းများသည် မိမိတို့၏ အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှုအခြေအနေများကို ရှင်းလင်းချက်များနှင့်အတူ ဘဏ္ဍာရေးဌာနသို့ သတ်မှတ်ရက်အတွင်း ပေးပို့ရမည်။ ဘဏ္ဍာရေးဌာနသည် အဖွဲ့ဗဟိုအဆင့် ဌာန၊ အဖွဲ့အစည်းများ၏ လစဉ်နှင့် သုံးလပတ် အရအသုံး ခန့်မှန်းခြေငွေစာရင်း လျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှုအခြေအနေများကို စုစည်း ပေါင်းချုပ်၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့အဖွဲ့ရုံးသို့ ပေးပို့အစီရင်ခံ တင်ပြရမည်။ ခြောက်လပတ်နှင့် နှစ်ပတ်လည် အရအသုံးခန့်မှန်းခြေ ငွေစာရင်း လျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှုအခြေအနေများကိုလည်း စုစည်းပေါင်းချုပ်၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့အဖွဲ့၏ အတည်ပြုချက် ဖြင့် အဖွဲ့အထွေထွေအစည်းအဝေးသို့ အစီရင်ခံတင်ပြရမည်။
၂။ မြန်မာ့သစ်ခွလက်အောက်ရှိ ဌာန၊ အဖွဲ့အစည်းများသည် မိမိတို့၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းလျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ရှင်းလင်း ချက်များနှင့်အတူ ဘဏ္ဍာရေးဌာနသို့ သတ်မှတ်ရက်အတွင်း ပေးပို့ရမည်။ ဘဏ္ဍာရေးဌာနသည် သက်ဆိုင်ရာ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများအဆင့် ဌာန၊ အဖွဲ့အစည်းများ၏ လစဉ် အရအသုံးခန့်မှန်းခြေ ငွေစာရင်း လျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို လည်းကောင်း၊ သုံးလပတ် အရအသုံးခန့်မှန်းခြေငွေစာရင်းလျာထားချက် များအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ဘဏ္ဍာရေး ဌာနသို့ လည်းကောင်း၊ ခြောက်လပတ်နှင့် နှစ်ပတ်လည် အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ဘဏ္ဍာရေးဌာနမှတစ်ဆင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့အဖွဲ့ရုံးသို့ လည်းကောင်း အစီရင်ခံတင်ပြရမည်။
အဖွဲ့၏ လစဉ်ဘဏ္ဍာရန်ပုံငွေစာရင်း
၃။ ဘဏ္ဍာရေးဌာနသည် ဗဟိုအဖွဲ့အစည်းများ၊ ဌာနများ၏ လစဉ်အမှန်စာရင်းများ၊ မြန်မာ့သစ်ခွလက်အောက်ခံအဖွဲ့အစည်းများမှ ပေးပို့သော လစဉ် စာရင်းများ၊ ဘဏ်မှ စာရင်းများအားလုံးကို စုစည်းပေါင်းချုပ်၍ အဖွဲ့၏ဘဏ္ဍာရန်ပုံငွေ လစဉ်စာရင်းကိုလည်းကောင်း၊ နှစ်ပတ်လည် ဘဏ္ဍာရန်ပုံငွေစာရင်းကို လည်းကောင်း ရေးဆွဲရမည်။ အဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ လစဉ်စာရင်းတွင် အောက်ပါ အကြောင်းအရာများကို ပေါ်လွင်စေရမည်-
(က) ရငွေနှင့် အသုံးစရိတ်များ၏ လစဉ်အခြေအနေ၊
(ခ) လစဉ်စာရင်းဂဏန်းကို လက်ရှိဘဏ္ဍာရေးကာလ၏ စာရင်းပြုလအထိ အဆင့်ဆင့် စုစုပေါင်းဂဏန်းနှင့် ယခင်နှစ်၏ တူညီသောလအထိ အဆင့်ဆင့် စုစုပေါင်းဂဏန်းတို့ နှိုင်းယှဉ်ချက်၊
(ဂ) ဌာန၊ အဖွဲ့အစည်းများ၏ ငွေစာရင်းခေါင်းစဉ်အလိုက် အရအသုံးခန့်မှန်းခြေငွေစာရင်း အကောင်အထည်ဖော်နိုင်မှုအခြေအနေ၊
(ဃ) ချေးငွေများ၏ ပြောင်းလဲမှုအခြေအနေ၊
(င) အဖွဲ့၏ လစဉ် ပိုငွေ/ လိုငွေ အခြေအနေ၊
(စ) ငွေသားလက်ကျန်အခြေအနေ။
၄။ ဘဏ္ဍာရေးဌာနသည် အဖွဲ့နှင့် မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ၏ လစဉ်ဘဏ္ဍာရန်ပုံငွေစာရင်းအား ပေါင်းချုပ်ရေးဆွဲပြီး ပါက အလုပ်အမှုဆောင်ဘုတ်အဖွဲ့အဖွဲ့ရုံးနှင့် အဖွဲ့အဖွဲ့စာရင်းစစ်တို့သို့ မိတ္တူပေးပို့ရမည်။
၅။ ဘဏ္ဍာရေးဌာနသည် ဘဏ္ဍာရေးကာလကုန်ဆုံးသည့်အချိန်တွင် မြန်မာ့သစ်ခွ ရုံး၊ ဌာန၊ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ၏ စာရင်းများမှ ပေးပို့လာသည့် စာရင်းစစ်အတည်ပြုပြီးသည့် အမှန်စာရင်း (Actual) ကို ပြုစုပြီး ဘဏ္ဍာနှစ်ကုန်ဆုံးပြီး ၂လအတွင်း အဖွဲ့ အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှတစ်ဆင့် အထွေထွေအစည်းအဝေးသို့လည်းကောင်း၊ သက်ဆိုင်ရာအာဏာပိုင်များသို့လည်းကောင်း၊ အများပြည်သူများထံသို့လည်းကောင်း၊ လှူဒါန်းသူများထံသို့လည်းကောင်း၊ တင်ပြရမည်။
အခန်း (၃၀) - အထွေထွေ
၃၁။ အထွေထွေ
၁။ ဘဏ္ဍာရေးကိစ္စများနှင်ပက်သက်၍ လိုအပ်သော မူဝါဒများကို ဘဏ္ဍာရေးဌာနကအလုပ်အမှုဆောင်ဘုတ်အဖွဲ့ထံ တင်ပြရမည်။
၂။ ဤမူဝါဒပါကိစ္စများနှင်ပက်သက်၍ လိုအပ်သော အမိန့်၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို ဘဏ္ဍာရေးဌာနက ထုတ်ပြန်ပေးရမည်။ ဤမူဝါဒပါ အချက်အလက် ပြဋ္ဌာန်းချက်များသည် အဖွဲ့ ဖွဲ့စည်းပုံအခြေခံမူနှင့် ဆန့်ကျင်နေလျှင် ၎င်းအားခေတ္တဆိုင်ငံ့၍ တာဝန်ရှိသူများက ညှိနှိုင်းအဖြေရှာကာ လိုအပ်သည်များကု ပြင်ဆင်ရန်ဆောင်ရွက်ရမည်။
၃။ အခြား သေးဖွဲသော ဘဏ္ဍာရေးကိစ္စများနှင်ပက်သက်၍ လိုအပ်သော အမိန့်၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို ဘဏ္ဍာရေးဌာနက ထုတ်ပြန်ပေးရမည်။
၄။ ယခင်တည်ရှိခဲ့သော “ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းမူဝါဒ - Finance Policy” ကို ဤမူဝါဒ စည်းမျဉ်းဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။
နောက်ဆက်တွဲပုံစံ (က)
မြန်မာ့သစ်ခွ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ ဘဏ္ဍာရေးဌာန ____ခုနှစ်၊ ဒီဇင်ဘာ (၃၁)ရက်နေ့ရှိ ဝင်ငွေနှင့်ငွေပေးချေမှုစာရင်း | |||
ဝင်ငွေ | ကျပ် | ပေးချေငွေ | ကျပ် |
စာရင်းအဖွင့် | XXXX | ကဏ္ဍအလိုက်ပေးချေငွေများ | XXXX |
ကဏ္ဍအလိုက်ဝင်ငွေများ | XXXX | XXXX | |
XXXX | စာရင်းပိတ် | XXXX | |
XXXX | XXXX |
နောက်ဆက်တွဲပုံစံ (ခ)
မြန်မာ့သစ်ခွ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ ဘဏ္ဍာရေးဌာန ____ခုနှစ်၊ ဒီဇင်ဘာ (၃၁)ရက်နေ့ရှိ ဝင်ငွေစာရင်းရှင်းတမ်း | ||
ကျပ် | ကျပ် | |
ဝင်ငွေများ | ||
အလှူရငွေ | XXXX | |
ရန်ပုံငွေမြှင့်တင်ရေးပရောဂျက်များရငွေ | XXXX | |
ပရောဂျက်အားထောက်ပံ့ငွေ | XXXX | |
အဖွဲ့ဝင်များမှရငွေ | XXXX | |
ပြင်ပအဖွဲ့အစည်းမှထောက်ပံ့ငွေ | XXXX | |
စုစုပေါင်းဝင်ငွေများ | XXXX | |
သုံးစွဲငွေများ | ||
စီမံခန့်ခွဲမှုစရိတ်များ | XXXX | |
ပြည်သူ့ဆက်ဆံရေးကဏ္ဍစရိတ် | XXXX | |
သတင်းအချက်အလက်နည်းပညာစရိတ် | XXXX | |
ပရောဂျက်ကုန်ကျစရိတ်များ | XXXX | |
ရန်ပုံငွေရှာဖွေပစ္စည်းများကုန်ကျစရိတ် | XXXX | |
တန်ဖိုးလျော့ | XXXX | |
စာရင်းပယ်ဖျက် | XXXX | |
ချေးငွေ၏အတိုး | XXXX | |
နိုင်ငံခြားငွေလဲလှယ်ရာတွင်ကွာခြားချက် | XXXX | |
စုစုပေါင်းသုံးစွဲငွေများ | (XXXX) | |
အသားတင်ပိုလျှံငွေ (အခွန်မနုတ်မီ) | XXXX | |
အခွန်အခများ | XXXX | |
အသားတင်ပိုလျှံငွေ (အခွန်နုတ်ပြီး) | XXXX |
နောက်ဆက်တွဲပုံစံ (ဂ)
မြန်မာ့သစ်ခွ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ ဘဏ္ဍာရေးဌာန ____ခုနှစ်၊ ဒီဇင်ဘာ (၃၁)ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း | ||
ကျပ် | ကျပ် | |
ရရန်ပိုင်ခွင့်များ | ||
လက်ငင်းမဟုတ်သောရရန်ပိုင်ခွင့်များ | ||
ဒြပ်မဲ့ | XXXX | |
ပုံသေပိုင်ပစ္စည်းများ | XXXX | |
ရင်းနှီမြှုပ်နှံမှုများ | XXXX | |
လက်ငင်းမဟုတ်သောရရန်ပိုင်ခွင့်များစုစုပေါင်း | XXXX | |
လက်ငင်းရရန်ပိုင်ခွင့်များ | ||
ကြိုတင်ပေးစရိတ်နှင့်ကြိုတင်ငွေ | XXXX | |
ရရန်ရှိစာရင်းများ | XXXX | |
လက်ကျန်ရန်ပုံငွေရှာဖွေပစ္စည်းများ | XXXX | |
ဘဏ်နှင့်ငွေလက်ကျန် | XXXX | |
လက်ငင်းရရန်ပိုင်ခွင့်များစုစုပေါင်း | XXXX | |
စုဆောင်းရန်ပုံငွေများနှင့် ပေးရန်တာဝန်များ | ||
စုဆောင်းရန်ပုံငွေများ | ||
ယခင်နှစ်စာရင်းပိတ်စုဆောင်းရန်ပုံငွေများ | XXXX | |
ယခုနှစ်စုဆောင်းရန်ပုံငွေများ | XXXX | |
စုစုပေါင်းစုဆောင်းရန်ပုံငွေများ | XXXX | |
ပေးရန်တာဝန်များ | ||
လက်ငင်းပေးရန်တာဝန်များ | ||
ပေးရန်ရှိစရိတ်များနှင့် ပေးရန်ရှိငွေစာရင်းများ | XXXX | |
စုစုပေါင်းပေးရန်တာဝန်များ | XXXX | |
စုစုပေါင်းစုဆောင်းရန်ပုံငွေများနှင့် ပေးရန်တာဝန်များ | XXXX |
နောက်ဆက်တွဲပုံစံ (ဃ)
မြန်မာ့သစ်ခွ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ ဘဏ္ဍာရေးဌာန ____ခုနှစ်၊ ဒီဇင်ဘာ (၃၁)ရက်နေ့ရှိ ငွေသားစီးဆင်းမှုရှင်းတမ်း | |
ကျပ် | |
(က) လုပ်ငန်းလုပ်ဆောင်မှုမှငွေသားစီးဆင်းမှုများ | |
လုပ်ငန်းလုပ်ဆောင်မှုမှငွေမှရရှိငွေများ | XXXX |
လုပ်ငန်းလုပ်ဆောင်မှုမှငွေမှသုံးစွဲငွေများ | -XXXX |
လုပ်ငန်းလုပ်ဆောင်မှုမှအသားတင်ငွေသားစီးဝင်ခြင်း/ လုပ်ငန်းလုပ်ဆောင်မှုအတွက်အသားတင်ငွေသားသုံးစွဲခြင်း | (-)XXXX |
(ခ) ရင်းနှီမြှုပ်နှံမှုမှငွေသားစီးဆင်းမှုများ | |
ပုံသေပိုင်ပစ္စည်းဝယ်ယူငွေ | -XXXX |
အခြားရင်းနှီးမြှုပ်နှံမှုများ (အစုရှယ်ယာ၊ စသဖြင့်) | -XXXX |
အခြားရင်းနှီးမြှုပ်နှံမှုများမှအမြတ်ရရှိငွေ | XXXX |
ပုံသေပိုင်ပစ္စည်းရောင်းချမှုမှရရှိငွေ | XXXX |
ရင်းနှီမြှုပ်နှံမှုမှအသားတင်ငွေသားစီးဝင်ခြင်း/ ရင်းနှီမြှုပ်နှံမှုအတွက်အသားတင်ငွေသားသုံးစွဲခြင်း | (-)XXXX |
(ဂ) ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရငွေသားစီးဆင်းမှုများ | |
ပြင်ပမှအထောက်အပံ့ရငွေများ | XXXX |
အလှူရငွေများ | XXXX |
ချေးငွေရရှိခြင်း | XXXX |
အတိုးနှင့်ချေးငွေပြန်လည်ပေးချေခြင်းများ | -XXXX |
အခြားသောဘဏ္ဍာရေးဆိုင်ရာငွေပေးချေမှုများ | -XXXX |
ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရငွေသားတင်ငွေသားစီးဝင်ခြင်း/ ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရငွေသားတင်ငွေသားစီးထွက်မှု | (-)XXXX |
ငွေသားနှင့်ငွေသားသဖွယ်ပစ္စည်များတန်ဖိုး အသားတင် တိုးလာခြင်း/လျော့ကျသွားခြင်း (က) + (ခ) + (ဂ) | (-)XXXX |
ကာလစရှိငွေသားနှင့်ငွေသားသဖွယ်ပစ္စည်များတန်ဖိုး | XXXX |
ကာလဆုံးရှိငွေသားနှင့်ငွေသားသဖွယ်ပစ္စည်များတန်ဖိုး | XXXX |

