Skip to Content
  • An Official Website of Burmese Orchid. How to identify?
Burmese Orchid
  • 0
    My Cart
  • Sign in
  • Home
  • Alumni
  • Contact us
  •  My Tasks
Burmese Orchid
  • 0
    • Home
    • Alumni
    • Contact us
  • An Official Website of Burmese Orchid. How to identify?
  • Sign in
  •  My Tasks


Meetings Manual

Table of Contents

​ Related Agencies & Policies
​ Related Rules & Procedures
​ The Policy

 Print

Related Agencies & Policies

Enforcing Agencies
  •  
Related Policies
  • Membership Policy

Related Rules & Procedures

​ Procedures for Investigating a Case
​ Procedures on Taking Actions
​ Conflict Resolution Procedure
​ Procedures for Inspecting and Instructing the Organization's responsible Teams and Individuals​
Procedure for Interpreting Constitutional Principles, Rules and Policies, and Inconsistencies in Policies and Procedures

The Policy

မြန်မာ့သစ်ခွအဖွဲ့

ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး

မူဝါဒအမှတ် ( ဏ )

“ အစည်းအဝေးများဆိုင်ရာမူဝါဒ ”

၇ရက် ဧပြီလ ၂၀၂၄ခုနှစ်



မူဝါဒအမှတ် (၁/၂၀၂၄)


အဖွဲ့အစည်းအတွင်း အရပ်ရပ်ဆိုင်ရာ အစည်းအဝေးများအတွက် လုပ်ထုံလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပေးသည့် မူဝါဒ။


ဤမူဝါဒကို မြန်မာ့သစ်ခွ နာယကအဖွဲ့၏ အကြံပြုချက်နှင့် သဘောတူညီချက်ဖြင့် ကျွန်ုပ်ကိုယ်တိုင် အတည်ပြု၍ အောက်ပါအတိုင်း ချမှတ်ပြဋ္ဌာန်းလိုက်သည်။









အဖွဲ့အစည်းတံဆိပ်


ဥက္ကဋ္ဌ

မြန်မာ့သစ်ခွ


၁။ အမည်

ဤမူဝါဒကို အဖွဲ့အစည်းအတွင်း အရပ်ရပ်ဆိုင်ရာအစည်းအဝေးများအတွက် လုပ်ထုံလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများသတ်မှတ်ပေးသည့် မူဝါဒ ဟု ခေါ်တွင်စေရမည်။


၂။ အဓိပ္ပါယ်ဖွင့်ဆိုချက်

ဤမူဝါဒတွင် ဖော်ပြပါစကားလုံးများသည် အောက်ပါအတိုင်း အဓိပ္ပါယ်ဆောင်စေရမည်။

(က) အစည်းအဝေး - ကိစ္စအရပ်ရပ်တို့ ညှိနှိုင်းရာ အစုအဝေး၊ အစည်းအရုံး။

(ခ) သဘာပတိ - ၎င်းအစုအဝေးကို ဦးဆောင်သည့်ခေါင်းဆောင်။

(ဂ) တာဝန်ခံ - စာပိုဒ်အမှတ် (၆) စာပိုဒ်ခွဲ (ခ) အရ တာဝန်ပေးအပ်ခံရသူ။

(ဃ) လူ့အရင်းအမြစ်ဆိုင်ရာဌာန - အဖွဲ့အစည်း၏ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန

(င) ဆန္ဒမဲ - လူပုဂ္ဂိုလ်၏ ဆန္ဒသဘောထား


၃။ အစည်းအဝေးများ 

(က) အစည်းအဝေးများကို ဌာနအလိုက်ဖြစ်စေ၊ ကောင်စီအလိုက်ဖြစ်စေ၊ ကော်မတီအလိုက်ဖြစ်စေ၊ အသင်းအဖွဲ့အလိုက်ဖြစ်စေ၊ ဆပ်ကော်မတီအလိုက်ဖြစ်စေ၊ ဆက်စပ်ရာပုဂ္ဂိုလ်အလိုက်ဖြစ်စေ ကျင်းပနိုင်သည်။ အဖွဲ့အစည်းအတွင်း အထွေထွေထွေအစည်းအဝေး၊ နာယကအဖွဲ့အစည်းအဝေးနှင့် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးပွဲ ကျင်းပခြင်းများမှလွဲ၍ ကျန်အစည်းအဝေးများသည် ဤမူဝါဒ စည်းမျဉ်းများကို လိုက်နာကျင့်သုံးဆောင်ရွက်ရမည်။

(ခ) အဖွဲ့အစည်းအတွင်းရှိ ရုံးများ၊ ဌာနများ၊ ကောင်စီများ၊ ကော်မတီများနှင့် အသင်းအဖွဲ့များသည် အပတ်စဉ် ၎င်းတို့၏လုပ်ငန်းဆောင်ရွက်ချက်များအတွက် ပုံမှန်အစည်းအဝေးပြုလုပ်ရမည်။ ၎င်းအစည်းအဝေးများကို ပြက္ခဒိန်ရက်သတ္တပတ်အလိုက် ကျင်းပမည့်နေ့ရက်ကို အမြဲတမ်းသတ်မှတ်ထားရမည်။


၅။ အစည်းအဝေးသဘာပတိ

(က) အစည်းအဝေးကဏ္ဍရပ်နှင့် ပက်သက်သော အဖွဲ့အင်္ဂါစဉ်အရ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်သည် အစည်းအဝေး သဘာပတိဖြစ်သည်။

(ခ) သဘာပတိသည်-

(၁) အစည်းအဝေးပွဲကိုကြီးကြပ် ကွပ်ကဲရမည်။

(၂) အစည်းအဝေးတွင် အဖွဲ့ဝင်တစ်ဦးဦးမှ အဖွဲ့၏ ဆောင်ရွက်ချက်၊ ဆောင်ရွက်ပြီး 

သို့မဟုတ် ဆောင်ရွက်ဆဲ အကြောင်းအရာတစ်ရပ်ရပ်နှင့် စပ်လျင်း၍ ရှင်းလင်းတင်ပြစေရန် ဆင့်ခေါ်ရမည်။ 

(၃) ဖွဲ့စည်းပုံအခြေခံမူနှင့် အခြားမူဝါဒများမှ အပ်နှင်းထားသော တာဝန်များ၊ လုပ်ပိုင်ခွင့်များကို ထမ်းဆောင်ရမည်။


၆။ အစည်းအဝေးကျင်းပခြင်းနှင့် အစီအစဉ်

(က) အစည်းအဝေးများကို လိုအပ်သလို စီစဉ်ကျင်းပ ပြုလုပ်နိုင်သည်။

(ခ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် မြန်မာ့သစ်ခွ၏ အရာရှိတစ်ဦးအား အစည်းအဝေးများ၏ မီတင်မိနစ်မှတ်ခြင်းဆိုင်ရာ ရုံးလုပ်ငန်းတာဝန်များအား တာဝန်ခံအဖြစ် ထမ်းဆောင်ရန် တာဝန်ပေးအပ်ရမည်။ ၎င်းတာဝန်ကို အထွေထွေအတွင်းရေးမှူးရုံး (သို့မဟုတ်) လူ့အရင်းအမြစ်ဆိုင်ရာဌာန ကသာ တာဝန်ယူဆောင်ရွက်ရမည်။ တာဝန်ခံသည် အစည်းအဝေးကျင်းပနိုင်ရန် အောက်ပါတို့ကို စီစဉ်ဆောင် ရွက်ပေးရမည်-

(၁) ပြက္ခဒိန်အရ ကြိုတင်သတ် မှတ်ထားသော ပုံမှန်အစည်းအဝေးဖြစ်ပါက စီစဉ်ထားသည့်အတိုင်း စီစဉ်ကျင်းပပေးရမည်။

(၂) လုပ်ငန်းလိုအပ်ချက်အရခေါ်ယူသော အထူးအစည်းအဝေးများကို အနည်းဆုံး (၁) ရက် ကြိုတင်အကြောင်းကြားပြီးမှ ကျင်းပပေးရမည်။

(၃) အရေးပေါ်အခြေအနေကြောင့် အထူးအစည်းအဝေးများ ကျင်းပရသည့် ကိစ္စရပ်တွင် (၁)ရက် ကြိုတင်အကြောင်းကြားရန် မလိုဘဲ လိုအပ်သလို အစည်းအဝေးကျင်းပနိုင်ရန် ဆောင်ရွက်ပေးရမည်။


၇။ အစည်းအဝေးအထမြောက်ရန်လိုအပ်သည့် အနည်းဆုံးဦးရေ

(က) အစည်းအဝေးများအထမြောက်ရန်အတွက် အနည်းဆုံး ဖိတ်ကြားခြင်းခံရသည့်ဦးရေ၏ ထက်ဝက်တက်ရောက်ရမည်။

(ခ) အထူးအစည်းအဝေး ကျင်းပသည့်မည့်သည့် အချိန်တွင်မဆို အစည်းအဝေးအထမြောက်ရန် လိုအပ်သည့်ဦးရေတက်ရောက်ခြင်းမရှိသည့်အခါ အစည်းအဝေး၏ သဘာပတိအဖြစ်ဆောင်ရွက်သည့် ပုဂ္ဂိုလ်က အစည်းအဝေးအထမြောက်ရန် လိုအပ်သည့်ဦးရေကို အလေးထားရန်မလိုဘဲ ထူးခြားသည့် အခြေအနေပေါ်မူတည်၍ ဆန္ဒမဲပေးဆုံးဖြတ်နိုင်သည်။


၈။ ဆောင်ရွက်နိုင်သည့်ကိစ္စများ

အစည်းအဝေးများတွင် ၎င်းအစည်းဝေးကျင်းပရခြင်း ရည်ရွယ်ချက်၏ သက်ဆိုင်ကဏ္ဍအလိုက် အောက်ပါကိစ္စများဆောင်ရွက်နိုင်သည်။

(က) သက်ဆိုင်ရာကဏ္ဍအလိုက် ဌာန သို့မဟုတ် အသင်းများက ဆောင်ရွက်ရမည့်၊ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊

(ခ) အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာများကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊

(ဂ) အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊

(ဃ) မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်း၊

(င) အစည်းအဝေး သဘာပတိ ကခွင့်ပြုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍

ဆောင်ရွက်ခြင်း။


၉။ အစည်းအဝေးတွင်မဲဆန္ဒခွဲခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း

(က) အစည်းအဝေးအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ကို သက်ဆိုင်ရာ သဘာပတိက သတ်မှတ်ပေးရမည်။

(ခ) အစည်းအဝေးတစ်ခုတွင် ဆုံးဖြတ်ချက်တစ်ခုချမှတ်ရာ၌ အစည်းအဝေးတက်ရောက်သော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစု၏ ဆန္ဒမဲဖြင့် ဆုံးဖြတ်ချက်ချမှတ်ရမည်။ 

(ဂ) မဲအရေအတွက် တူညီနေလျှင် သဘာပတိ၏ အဆုံးအဖြတ်မဲဖြင့် ဆုံးဖြတ်ချက်ချမှတ်ရမည်။

(ဃ) ဆွေးနွေးခြင်းများနှင့် ဆန္ဒမဲပေးခြင်းကို ဆက်သွယ်ရေးနည်းပညာသုံးကိရိယာဖြင့်ညှိနှိုင်းဆွေးနွေး ခြင်း သို့မဟုတ် စာဖြင့်ရေးသားဆွေးနွေးဖြင့် သို့မဟုတ် အီလက်ထရောနစ်နည်းလမ်းဖြင့် ဆွေးနွေးခြင်း သို့မဟုတ် ကိုယ်စားလှယ်ဖြင့် မဲပေးခြင်းကို စီစဉ်ဆောင်ရွက်ထားသည့် အထူးလုပ်ထုံး လုပ်နည်းများနှင့် အညီဆောင်ရွက်နိုင်သည်။

(င) အဖွဲ့ဝင်တစ်ဦးဦး၏ အကျိုးစီးပွားပဋိပက္ခဖြစ်လာနိုင်ခြေရှိသော သို့မဟုတ် အကျိုး စီးပွားပဋိပက္ခဆိုင်ရာ ကိစ္စရပ်တစ်ခုခုနှင့် စပ်လျဉ်း၍ အစည်းအဝေး မစတင်မီ အစည်းအဝေး သဘာပတိက အဆိုပါကိစ္စကို ဆွေးနွေးမည်ဖြစ်ကြောင်း ကြေညာရမည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ အဆိုပါ အဖွဲ့ဝင်သည် ဝင်ရောက်ဆွေးနွေးခြင်းနှင့် မဲပေးခြင်းမပြုရ။

(စ) အဆိုပါ အကျိုးစီးပွားပဋိပက္ခအား ဆွေးနွေးမည်ဖြစ်ကြောင်း ကြေညာပြီး အစည်းအဝေးတွင် ဝင်ရောက်ဆွေးနွေးခြင်းနှင့် မဲပေးခြင်းမပြုသည့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်အား အစည်းအဝေးအထမြောက်ရန် လိုအပ်သည့် အဖွဲ့ဝင်စာရင်းတွင် ပါဝင်သကဲ့သို့ မှတ်ယူရမည်။


၁၀။ အစည်းအဝေးတွင်ဧည်သည်ဖိတ်ကြားခြင်း

အဖွဲ့အစည်း၏အဖွဲ့ဝင်များ သို့မဟုတ် ဧည့်သည်များအား အစည်းအဝေးသို့ ဖိတ်ကြားနိုင်သည်။ အစည်းအဝေးသဘာပတိသည် အဖွဲ့ဝင်မဟုတ်သူများ အစည်းအဝေးတက်ရောက်ခြင်းကို ခွင့်ပြုနိုင်သည်။ သို့သော် အဆိုပါတက်ရောက်သူများသည် ဆန္ဒမဲပေးခြင်းမပြုရ။


၁၁။ အစည်းအဝေးမှတ်တမ်းများ

(က) အစည်းအဝေး တစ်ခုချင်းစီ၏ မှတ်တမ်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ တာဝန်ခံက ပြုစုထိန်းသိမ်းရမည်။

(ခ) အစည်းအဝေးတစ်ခုချင်းစီ၏ မှတ်တမ်းများကို အစည်းအဝေး၏ သဘာပတိနှင့် တာဝန်ခံတို့က လက်မှတ်ရေးထိုးထားရမည်။

(ဂ) အစည်းအဝေးကျင်းပစဉ်အတွင်း အဖွဲ့ဝင်များမှ ယင်းတို့၏ သဘောမတူကြောင်း ဆွေးနွေးချက်ကို တရားဝင်တင်ပြခြင်းမရှိပါက အစည်းအဝေးသို့ တက်ရောက်သော အဖွဲ့ဝင်များမှ အစည်းအဝေးမှတ်တမ်းတွင် မှတ်တမ်းတင်ထားသော ကိစ္စရပ်များအားလုံးကို သဘောတူပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(ဃ) အစည်းအဝေးမှတ်တမ်းများကို အလုပ်ရက် (၃) ရက်အတွင်း အလုပ်အမှုဆောင်ဒါရိုက်တာ (သို့မဟုတ်) သက်ဆိုင်ရာဌာနဒါရိုက်တာ နှင့် ညှိနှိုင်းကွပ်ကဲရေးမှူးတို့ထံအစီအရင်ခံတင်ပြ၍ ရက်သတ္တတစ်ပတ်အတွင်း အထွေထွေအတွင်းရေးမှူးရုံးတွင် မှတ်တမ်းတင်ပြုစုထားရမည်။


၁၂။ လျှို့ဝှက်ထားရှိခြင်း

(က) ဆွေးနွေးဆုံးဖြတ်ချက်များကို ထုတ်ပြန်ရန် တရားဝင်အတည်မပြုမီ အစည်းအဝေးမှတ်တမ်းပါ ကိစ္စရပ်များအားလုံးကို သက်ဆိုင်ရာမူဝါဒများနှင့် မဆန့်ကျင်သရွေ့ လျှို့ဝှက်ထားရမည်။

(ခ) ဆုံးဖြတ်ချက်ချမှတ်ခြင်းမပြုမီ အစည်းအဝေးမှတ်တမ်းတွင် ရေးသားထားသော မှတ်တမ်းမှတ်ရာများအားလုံးကို သက်ဆိုင်ရာမူဝါဒများနှင့် မဆန့်ကျင်သရွေ့ လျှို့ဝှက်ထားရမည်။


၁၃။ ကျင့်ဝတ်နှင့်စည်းကမ်းများ

အဖွဲ့ဝင်များသည် အောက်ပါကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာရမည်-

(က) အဖွဲ့ ရည်ရွယ်ချက်၊ အခြေခံမူများအပေါ် အခြေပြု၍ အဖွဲ့အကျိုးစီးပွား၊ လူမှုရေးနှင့် သဘာဝပတ်ဝန်ကျင်အကျိုး တို့ကို ဆောင်ရွက်ခြင်း၊

(ခ) ဖွဲ့စည်းပုံအခြေခံမူ၊ ဤမူဝါဒနှင့် နိုင်ငံတော်၏တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းခြင်း၊

(ဂ) အဖွဲ့ဝင်ကောင်းတစ်ယောက်၏ ဂုဏ်သိက္ခာနှင့်လျော်ညီစွာ ပြုမူပြောဆိုဆက်ဆံနေထိုင်ခြင်း၊

(ဃ) အဖွဲ့ဝင်များ၏ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်း၊

(င) အဖွဲ့ဝင်များအဖြစ် ပေးအပ်ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် ခြိမ်းခြောက်မှုတို့ကို ရှောင်ကြဉ်ခြင်း၊

(စ) အစည်းအဝေးများတွင် သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း။


၁၄။ အထွေထွေ

(က) အစည်းအဝေးရေးရာကဏ္ဍကိစ္စများနှင့်စပ်လျဉ်း၍ အခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း အစည်းအဝေးကျင်းပ ဆောင်ရွက်နိုင်သည်။

(ခ) ဤမူဝါဒပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထွေထွေအတွင်းရေးမှူးရုံးသည် လိုအပ်‌သော စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။


မြန်မာ့သစ်ခွဖွဲ့စည်းပုံအခြေခံမူအရ အဖွဲ့အစည်းအတွင်းလိုက်နာရမည့်မူဝါဒအဖြစ် ကြေငြာသည်။




×
Notice Alert !

Please disable VPN while submitting forms at Burmese Orchid websites.

The Burmese Orchid is youth-led non-profit organisation based in the Republic of the Union of Myanmar. 

One of the Burmese Orchid Official Websites.


Follow us

Contact Us

enquiries@burmeseorchid.org

+95 9 964 512890

  • Home
  • •
  • About us
  • •
  •  
  • Privacy Policy
  • •
  • Forum
Copyright © Burmese Orchid 2022 - 2024
Powered by Odoo - The #1 Open Source eCommerce
Website Logo




Respecting your privacy is our priority.

Allow the use of cookies from this website on this browser?

We use cookies to provide improved experience on this website. You can learn more about our cookies and how we use them in our Cookie Policy.

Allow all cookiesOnly allow essential cookies