Table of Contents
Related Agencies & Policies
Enforcing Agencies
Related Policies
- Certificates Manual
- Harmony in Diversity policy
Related Rules & Procedures
The Policy
မြန်မာ့သစ်ခွအဖွဲ့
ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး
မူဝါဒအမှတ် (ဇ)
“အဖွဲ့ဝင်များ၏အရည်အချင်းတိုင်းတာခြင်းဆိုင်ရာမူဝါဒ”
၁၃၈၆ ခု တပို့တွဲလပြည့်ကျော် ၁ရက်
၁၃ရက် ဖေဖော်ဝါရီလ ၂၀၂၅ခုနှစ်
၁။ ဤမူဝါဒကို အဖွဲ့ဝင်များ၏အရည်အချင်းတိုင်းတာခြင်းဆိုင်ရာမူဝါဒ ဟု ခေါ်တွင်စေရမည်။
၂။ ရုံး၊ ဌာန၊ အသင်းအဖွဲ့များသည် မိမိတို့တာဝန်ယူ အကောင်အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနနှင့် ကြိုတင်ညှိနှိုင်း၍ လည်းကောင်း၊ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့နှင့် ကြိုတင်ညှိနှိုင်း၍ လည်းကောင်း ဌာနဆိုင်ရာ အဖွဲ့ဝင်များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ လိုအပ်သောဝန်ထမ်းများကိုလည်း ခန့်အပ်နိုင်သည်။
၅။ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အသင်းအဖွဲ့များ ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ လိုအပ်သော မူဝါဒများချမှတ်ခြင်း၊ ဖွဲ့စည်းပုံအတည်ပြုခြင်း၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန ၏ထောက်ခံအကြံပြုချက်ကို ရယူပြီး အဖွဲ့ဝင်များ၏ ရာထူးအဆင့်များကို သတ်မှတ်ခြင်း၊ အဖွဲ့ဝင်များကို ကျွမ်းကျင်မှု၊ အတတ်ပညာနှင့် လုပ်ငန်းသဘာဝတို့အရ အဖွဲ့ဝင်အမျိုးအစားစုစည်းဖွဲ့စည်းခြင်းနှင့် ယင်းလုပ်ငန်းများကို အခါအားလျော်စွာ ပြန်လည် စိစစ်သုံးသပ်၍ ပြင်ဆင်ခြင်းတို့ ပြုလုပ်နိုင်သည်။
၆။ အဖွဲ့ဝင်တစ်ဦးကို ဖွဲ့စည်းပုံပါရာထူးတစ်ခု၌ အတည်ပြုခန့်ထားရာတွင်-
(က) ရာထူးသည် အမြဲတမ်းလစ်လပ်သည့်ရာထူးဖြစ်ရမည်။
(ခ) အဖွဲ့ဝင်တစ်ဦးထက်ပို၍ မလိုအပ်သော ရာထူးတစ်ခုကို တစ်ချိန်တည်း၌ အဖွဲ့ဝင်တစ်ဦးထက်ပို၍ ခန့်ထားခြင်းမပြုရ။
(ဂ) အဖွဲ့ဝင်သည် အသက် ၁၄ နှစ်ပြည့်ပြီးဖြစ်ရမည်။
၇။ အထက်ပါစာပိုဒ်အရ အတည်ပြုခန့်ထားခြင်းခံရသောအဖွဲ့ဝင်သည်-
(က) အဖွဲ့အကျိုးအတွက် လိုအပ်လျှင် သတ်မှတ်ချိန်ပြည့်တာဝန်ထမ်းဆောင်ရမည်။
(ခ) မူလတာဝန်အပြင် အခြားလိုအပ်သောတာဝန်များကိုပေးအပ်ပါကလည်း ၎င်းတို့၏ မူလအခွင့်အရေးကိုထိခိုက်ခြင်းမရှိစေဘဲ ထမ်းဆောင်ရမည်။
၈။ အဖွဲ့ဝင်ရာထူးများနှင့်စပ်လျဉ်း၍-
(က) အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနက သတ်မှတ်ချက်များနှင့်အညီ စတင် ရွေးချယ်ပေးရမည်။
(ခ) ရာထူးလစ်လပ်မှုရှိသဖြင့် အဖွဲ့ပြင်ပပုဂ္ဂိုလ်ကို ရွေးချယ်ရန်လိုအပ်ပါက သက်ဆိုင်ရာရုံး၊ ဌာနသည် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနသို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်။ ထို့နောက် ကြေငြာချက်ထုတ်ပြန်၍ အဖွဲ့ဝင်စိစစ်ရေးကော်မတီက သတ်မှတ်နည်းလမ်းအတိုင်းစိစစ်အတည်ပြုပေးရမည်။
(ဂ) ရုံးဌာနများသည် မိမိတို့အဖွဲ့အစည်းအတွင်းရှိ အဖွဲ့ဝင်များကို အရာရှိအဆင့်ရာထူးသို့ တိုးမြှင့်ခန့်အပ်လိုပါက အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနသို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်။
၉။ အလုပ်ချိန်နှင့် သက်ဆိုင်သည့် အောက်ပါအဖွဲ့ဝင်စည်းကမ်းဆိုင်ရာပြစ်မှုတစ်ခုခုအတွက် အဖွဲ့ဝင်ကို စည်းကမ်းထိန်းသိမ်းရေးကော်မတီထံတင်ပြ၍ အရေးယူအပြစ်ပေးနိုင်သည်-
(က) အထက်တာဝန်ရှိသူ၏ခွင့်ပြုချက်မရဘဲ မကြာခဏအလုပ် ပျက်ကွက်ခြင်းမှာ အလေ့အကျင့် ကဲ့သို့ဖြစ်နေခြင်း၊
(ခ) ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊
(ဂ) ခိုင်လုံသောအကြောင်းမရှိဘဲ ခွင့်ရက်ထက်ပို၍နေခြင်း သို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက် အလုပ် ဝင်ရောက်ရန် ပျက်ကွက်ခြင်း၊
၁၀။ တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့်ပတ်သက်သည့် အောက်ပါအဖွဲ့ဝင်စည်းကမ်းဆိုင် ရာပြစ်မှုတစ်ခုခုအတွက် အဖွဲ့ဝင်ကို စည်းကမ်းထိန်းသိမ်းရေးကော်မတီထံတင်ပြ၍ အရေးယူအပြစ်ပေးနိုင်သည်-
(က) တာဝန်မကျေပွန်ခြင်း သို့မဟုတ် တာဝန်ကိုပေါ့ဆစွာထမ်းဆောင်ခြင်း၊
(ခ) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ လုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းနှင့် ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့်ဖြစ်စေ အဖွဲ့ဘဏ္ဍာငွေ သို့မဟုတ် အဖွဲ့ပိုင်ပစ္စည်းဆုံးရှုံးပျက်စီးရခြင်း၊
(ဂ) ခန့်အပ်ထားသည့်ရာထူးနှင့်မညီဘဲ လုပ်ရည်ကိုင်ရည်အဆင့်အတန်းမမီခြင်း သို့မဟုတ် အရည်အချင်းညံ့ဖျင်းခြင်း၊ အရည်အသွေးမပြည့်ဝခြင်း၊
(ဃ) ဖွဲ့စည်းပုံအခြေခံမူ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း။
၁၁။ အဖွဲ့ဝင်ရာထူးစနစ်၏ ဦးတည်ချက်များမှာ-
(က) ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်စေခြင်း၊
(ခ) အရည်အချင်းကို အခြေခံ၍ စွမ်းဆောင်ရည်ရှိမှုကို ဦးစားပေးသော အလေ့အထစနစ်များ ကျင့်သုံးခြင်း၊
(ဂ) လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခြင်း၊
(ဃ) ဌာနအချင်းချင်းသာမက ပြင်ပအဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ပေးခြင်း၊
(င) ပြင်ပအဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ ယုံကြည်မှုကို ခိုင်မာစွာ တည်ဆောက်ခြင်း။
၃။ ဥက္ကဋ္ဌသည် သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ အကြံပြုချက်ဖြင့် အသင်းအဖွဲ့အကြီးအမှူးများ၏ ရာထူးများကို ခန့်အပ်ခြင်း၊ အတည်ပြုခြင်း၊ ပြောင်းရွှေ့ခြင်း၊ နှုတ်ထွက်ခွင့်ပေးခြင်း၊ ထုတ်ပယ်ခြင်းနှင့် ထုတ်ပစ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
၁၄။ ရုံး၊ဌာနအလိုက် အသင်းအဖွဲ့အကြီးအကဲများကို ရာထူးသတ်မှတ်ရာတွင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ တစ်သမတ်တည်းသတ်မှတ်ပေးရမည်။
၁၅။ အဖွဲ့ဝင်ရွေးချယ်ခန့်အပ်ထားရေးကိစ္စများနှင့် စပ်လျဉ်း၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အခါအားလျော် စွာ သတ်မှတ်ချက်များနှင့်အညီ-
(က) သက်ဆိုင်ရာရုံး၊ ဌာန အကြီးအမှူးသည် အသင်းအဖွဲ့ အသီးသီးရှိ အဖွဲ့ဝင်အမျိုးအစားအလိုက် သတ်မှတ်သည့် အသင်းအဖွဲ့ရာရှိ အဆင့် စတင်ခန့်ရာထူးအတွက် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန က ရွေးချယ်ပေးသော အဖွဲ့ဝင်များကို ခန့်ထားရမည်။
(ခ) သက်ဆိုင်ရာ အဖွဲ့ဝင် အသင်းအဖွဲ့အကြီးအမှူးသည် စာပိုဒ်ခွဲ(က)အရ ခန့်ထားသော ရာထူး အဆင့်မှတစ်ပါး အခြားစတင်ခန့် ရာထူးအဆင့်အတွက် အဖွဲ့ဝင်စိစစ်ရေးကော်မတီမှအတည်ပြုထားသော အဖွဲ့ဝင်များကို ရွေးချယ် ခန့်ထားရမည်။
၁၆။ (က) ရုံး၊ ဌာနနှင့် အဖွဲ့ဝင် အသင်းအဖွဲ့ တစ်ခုခုမှ အသင်းအဖွဲ့ရာရှိ တစ်ဦးဦးကို အခြား ရုံး၊ ဌာနနှင့် အဖွဲ့ဝင်အဖွဲ့ အစည်းတစ်ခုသို့ ပြောင်းရွှေ့ခန့်ထားလိုပါက သတ်မှတ်ထားသည့် အရည် အချင်းနှင့် ပြည့်စုံလျှင် သက်ဆိုင်ရာ ဌာနသည် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန နှင့် ညှိနှိုင်းရမည်။
(ခ) အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန သည် စာပိုဒ်ခွဲ (က) အရ ညှိနှိုင်းလာသည့်အပေါ်စိစစ်ပြီး အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြရမည်။
၁၇။ အသင်းအဖွဲ့များသည် အဖွဲ့ဝင် အမျိုးအစားအလိုက် အစမ်းခန့်ကာလနှင့် စည်းကမ်းချက် များကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သလို သတ်မှတ်နိုင်သည်။
၁၈။ အဖွဲ့ဝင်သည် အောက်ပါတို့ကို လိုက်နာရန် တာဝန်ရှိသည်-
(က) ဖွဲ့စည်းပုံအခြေခံမူနှင့် မူဝါဒများပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း၊
(ခ) အဖွဲ့နှင့် အဖွဲ့ရည်ရွယ်ချက်၊ ရည်မှန်ချက်များပါ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ခြင်း၊
(ဂ) အဖွဲ့ပိုင်ပစ္စည်း၊ အဖွဲ့ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အလွဲသုံးစားမှု မပြုရေးတို့ အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
(ဃ) မိမိအား ပေးအပ်ထားသော တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊
(င) ဤမူဝါဒအရ ပြုလုပ်သော၊ စည်းမျဉ်း၊ စည်းကမ်းများ၊ ညွှန်ကြားချက်များ၊ အဖွဲ့ဝင် အသင်းအဖွဲ့အလိုက် သီးခြား သတ်မှတ်ထားသော လုပ်ငန်းခွင် စည်းကမ်းများနှင့် ညွှန်ကြားချက်များကို လိုက်နာခြင်း၊
(စ) ပါတီနိုင်ငံရေးစွဲမရှိခြင်း၊
(ဆ) အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန က သတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ခြင်း၊
(ဇ) အကျင့် စာရိတ္တ ပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာ ပြုမူနေထိုင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊
(ဈ) တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ည) လာဘ်ပေး လာဘ်ယူပြုလုပ်ခြင်း၊ တရားမဝင်ငွေကြေးခဝါချမှု ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဋ) အများပြည်သူကို ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးခြင်း။
၁၉။ အဖွဲ့ဝင်သည် အောက်ပါ မူလအခြေခံ အခွင့်အရေးများကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်-
(က) အလုပ်တည်မြဲခွင့်၊
(ခ) လုပ်ငန်းခွင် အာမခံချက်ရခွင့်၊
(ဂ) ခရီးစရိတ်နှင့် အခြား စရိတ်ခံစားခွင့်၊
(ဃ) ရာထူးတိုးမြှင့်ခွင့်၊
(င) ပညာလေ့လာဆည်းပူးခွင့်၊
(စ) ခွင့်ခံစားခွင့်၊
(ဆ) ထူးချွန်မှု၊ စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်မှုတို့အတွက် ချီးမြှင့်ခြင်းကို ခံစားခွင့်၊
(ဇ) နှုတ်ထွက်ခွင့်၊
(ဈ) တာဝန်ထမ်းဆောင်မှုကို အကြောင်းပြု၍ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်မစွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း တို့အတွက် အထူးပထောက်ပံ့ခြင်းခံစားခွင့်၊
(ည) အမျိုးသမီးအဖွဲ့ဝင်ဖြစ်ပါက တူညီသော အလုပ်အတွက် အမျိုးသားအဖွဲ့ဝင်များ နည်းတူ အကျိုး ခံစားခွင့်အပြင် မီးဖွားခြင်း ဆိုင်ရာ အကျိုးခံစားခွင့်၊
(ဋ) အခြားအသင်းအဖွဲ့များတွင် ပါဝင်ခွင့်၊
(ဌ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့က အခါအားလျော်စွာ သတ်မှတ်သော အခြားခံစားခွင့်။
၂၀။ အဖွဲ့ဝင်သည် သီးခြား တာဝန်ပေးချက်အရ ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ရပ်ရပ်အတွက် အကျိုးခံစားခွင့်များကို သက်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ခံစားခွင့်ရှိသည်။
၂၁။ အဖွဲ့ဝင်သည် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ထားသော ၊ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ရုံး၊ ဌာနနှင့် အသင်းအဖွဲ့က လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသူ၏ ခွင့်ပြုချက်ဖြင့် ခွင့်ခံစားနိုင်သည်။
၂၂။ အစမ်းခန့် အဖွဲ့ဝင်သည် ရာထူးတွင် အတည်ပြု ခံထားပြီးဖြစ်သည့် အဖွဲ့ဝင်တစ်ဦးကဲ့သို့ ခွင့်ခံစား ခွင့်ရှိသည်။
၂၃။ အဖွဲ့ဝင်သည် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ခွင့်ကို တောင်းခံပိုင်ခွင့်ရှိသည်။ ခွင့်များကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန၏ အကြံပြုချက်နှင့်အညီ သတ်မှတ်ပေးရမည်။
၂၄။ ခွင့်ပေးပိုင်ခွင့်ရှိသူသည် အဖွဲ့အကျိုးငှာ လိုအပ်ပါက အဖွဲ့ဝင်တစ်ဦး တောင်းခံသည့်ခွင့်ကို ငြင်းပယ်ခြင်း၊ ခွင့်ပြု ပြီးသောခွင့်ကို ပယ်ဖျက်ခြင်းနှင့် ခွင့်ခံစားနေသော အဖွဲ့ဝင်အား ပြန်လည်ခေါ်ယူခြင်း ပြုနိုင်သည်။
၂၅။ ခွင့်ခံစားနေသည့် အဖွဲ့ဝင်သည် မိမိကို ခွင့်ပြုထားသည့် ခွင့်ကာလ မကုန်ဆုံးမီ အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက်လိုပါက သက်ဆိုင်ရာ ခွင့်ပေးပိုင်ခွင့်ရှိသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဝင်ရောက်နိုင်သည်။
၂၆။ အဖွဲ့ဝင်သည် ခွင့်ကာလ ကုန်ဆုံးသော်လည်း အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက် လုပ်ကိုင်ခြင်း မရှိပါက ကျော်လွန်သည့် ကာလအတွက် ခွင့်လစာ ခံစားခွင့်မရှိ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ခွင့်ရက် ကျော်လွန်ခြင်းဖြစ်ပါက ယင်းအဖွဲ့ဝင်အား စည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူနိုင်သည်။
၂၇။ အဖွဲ့ဝင်ကို ရာထူးတိုးမြှင့် ခန့်ထားရေးအတွက် အနည်းဆုံး လိုအပ်သော ပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည်အချင်း၊ ရာထူးသက်နှင့် လုပ်သက်တို့သည် အဖွဲ့ဝင် အသင်းအဖွဲ့အလိုက် ရာထူး အမျိုးအစားကို မူတည်၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ထားသည့်အတိုင်း ဖြစ်သည်။
၂၈။ အဖွဲ့ဝင်သည် ရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည်အချင်း၊ ရာထူးသက်၊ လုပ်သက်တို့နှင့် ပြည့်စုံ၍ တာဝန်ကို နိုင်နင်းစွာ ထမ်းဆောင်နိုင်သည်ဟု ယုံကြည် ကျေနပ်မှုရှိလျှင် သတ်မှတ်ချက်များနှင့်အညီ ရာထူးတိုးမြှင့်ခြင်း ခံစားပိုင်ခွင့် ရှိသည်။
၂၉။ အဖွဲ့ဝင်သည် အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားမှုအပေါ်မူတည်၍ သက်ဆိုင်ရာ အရည်အချင်း စစ်ဆေးရေးအဖွဲ့၏ ထောက်ခံမှုအရ ချီးမြှင့်မြောက်စားသည့် အနေဖြင့် ရာထူး တိုးမြှင့်ခြင်းကို ခံစားပိုင်ခွင့်ရှိသည်။
၃၀။ အဖွဲ့ဝင်များကို အပတ်စဉ်အားဖြင့် အရည်အချင်းအကဲဖြတ်မှုပြုလုပ်ရမည်။ ထိုအရည်အချင်းအကဲဖြတ်ခြင်းကို အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနမှ လိုအပ်သလို စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ သတ်မှတ်နိုင်သည်။
၃၁။ အဖွဲ့ဝင်များနှုတ်ထွက်သည့်အခါ အပတ်စဉ်အားဖြင့် အရည်အချင်းအကဲဖြတ်မှုကို စုပေါင်း၍ စုစုပေါင်းပျှမ်းမျ အရည်အချင်းအစီအရင်ခံစာကို အသိအမှတ်ပြုလက်မှတ်ပေးအပ်သည့်အခါ တစ်ပါတည်းပေးအပ်ရမည်။
၃၂။ အဖွဲ့ဝင်သည် ရာထူးတိုးမြှင့်ခန့်ထားခံရနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ အရည်အချင်းစစ်ဆေးရေး အဖွဲ့၏ စစ်ဆေးအကဲဖြတ်မှုကိုခံယူရမည်။
၃၃။ အရည်အချင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေး အကဲဖြတ်ချက်အရ သက်ဆိုင်ရာ အသင်းအဖွဲ့က ရေးဆွဲ အတည်ပြုထား သည့် တန်းစီဇယားတွင် ပါဝင်သော အဖွဲ့ဝင်များသည် သတ်မှတ်ချက်များနှင့် ညီညွတ်ပါက ရာထူး တိုးမြှင့်ခြင်း ခံစားပိုင်ခွင့် ရှိသည်။
၃၄။ အသင်းအဖွဲ့ရာရှိအဆင့် စတင်ခန့်ရာထူးနေရာ လစ်လပ်သဖြင့် ဌာနတွင်းမှ အဖွဲ့ဝင်များကို ရာထူးတိုးမြှင့် ခန့်ထားရန် လိုအပ်သည့်အခါ အသင်းအဖွဲ့များသည် သတ်မှတ် ချက်နှင့်အညီ မိမိတို့ အတည်ပြု ရေးဆွဲထားသော တန်းစီ ဇယားအတွင်းမှ အဖွဲ့ဝင်များကို အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနသို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက် ရယူရမည်။
၃၅။ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန က သတ်မှတ်ထားသော သင်တန်းတက်ရောက်ပြီးသူများကို ရာထူးတိုးမြှင့်ပေးရာတွင် ဦးစားပေး စဉ်းစားရမည်။
၃၆။ အဖွဲ့ဝင်တစ်ဦးသည် ရာထူးတိုးမြှင့်ပေးရန် သတ်မှတ်ထားသော အရည်အချင်းများ ပြည့်စုံစေကာမူ-
(က) စာဖြင့်သတိပေးခြင်း ပြစ်ဒဏ်ခံရလျှင် ယင်းသို့ သတိပေးခြင်း ခံရသည့်နေ့မှ ခြောက်လအတွင်း ရာထူးတိုးမြှင့်မပေးရ။
(ခ) တာဝန်ထမ်းဆောင်ရာတွင် ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ကျွမ်းကျင်မှုမရှိ၍ဖြစ်စေ ပျက်စီးဆုံးရှုံးမှု အတွက်ဆုံးရှုံးမှုတန်ဖိုး အပြည့်အဝကိုသော် လည်းကောင်း၊ တစ်စိတ်တစ်ဒေသကို သော်လည်းကောင်း ပေးလျော်ရသော ကိစ္စမျိုးတွင် ဆုံးရှုံးမှုတန်ဖိုးကို ပြန်လည်ပေးလျော်စေရန် အမိန့်ချမှတ်သည့်နေ့မှစ၍ တစ်နှစ် သို့မဟုတ် အကျေပေးလျော်ပြီးသည့်နေ့၊ ထိုနေ့နှစ်ခုတို့အနက် စောရာနေ့အထိ ရာထူးတိုးမြှင့် မပေးရ။
(ဂ) ကိုယ်ကျင့်တရား ပျက်ပြားမှုနှင့် အကျုံးဝင်သော ပြစ်မှုဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသော်လည်း လက်ရှိ ရာထူးတွင် ဆက်လက် တည်ရှိနေသည့်အခါ ယင်းသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် နေ့မှ တစ်နှစ်အတွင်း ရာထူးတိုးမြှင့် မပေးရ။
(ဃ) ဌာနဆိုင်ရာ စစ်ဆေးခြင်း ခံနေရစဉ်အတွင်း ရာထူးတိုးမြှင့် မပေးရ။
(င) အပြစ်ကြောင့် ရာထူးလျှော့ချခြင်းခံရပါက ယင်းရာထူးလျှော့ချသည့်အမိန့်ပါ သတ်မှတ်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ။
(စ) ရာထူးတစ်ခုတွင် အစမ်းခန့်ထားခြင်းခံရစဉ်ကာလအတွင်း ရာထူးတိုးမြှင့် မပေးရ။
(ဆ) တာဝန်မှ ယာယီရပ်ဆိုင်းထားခြင်းခံရစဉ်ကာလအတွင်း ရာထူးတိုးမြှင့် မပေးရ။
၃၇။ သက်ဆိုင်ရာ အသင်းအဖွဲ့သည် တာဝန်ထမ်းဆောင်ရာတွင် ထူးချွန်မှုနှင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သော အဖွဲ့ဝင်အား သတ်မှတ်ထားသည့် လုပ်ထုံး လုပ်နည်းများနှင့်အညီ ရာထူး တိုးမြှင့်ပေးခြင်း၊ ဂုဏ်ပြုလွှာ ပေးအပ်ခြင်း၊ ဆုချီးမြှင့်ခြင်းနှင့် အခြား နည်းဖြင့် ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
၃၈။ သက်ဆိုင်ရာ အသင်းအဖွဲ့သည် စာပိုဒ် ၃၇ ပါအကြောင်းများအရ အဖွဲ့ဝင်အား အဖွဲ့က ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်နိုင်ရေးအတွက် ထောက်ခံ တင်ပြနိုင်သည်။
၃၉။ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနက သတ်မှတ်တာဝန်ပေးထားသော အသင်းအဖွဲ့များနှင့် လူငယ်ရေးရာဌာနလက်အောက်ရှိ သင်တန်းများသည် အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်လောင်းများအား အခြေခံသင်တန်းများပေးခြင်း၊ အဖွဲ့ဝင်များအတွက် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန က သတ်မှတ်ထားသည့်မွမ်းမံ သင်တန်းများပေးခြင်းနှင့် ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို လည်းကောင်း၊ အဖွဲ့ဝင်လေ့ကျင့်ရေးဆိုင်ရာ ပညာရပ်များသုတေသနပြုခြင်းကိုလည်းကောင်း အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်။
၄၀။ အဖွဲ့ဝင်များ၏ အရည်အသွေးတိုးတက်စေရန် အထောက်အကူပြုမည့်စီမံခန့်ခွဲမှု၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အထွေထွေပညာ မြင့်မားမှုတို့အတွက် လေ့ကျင့် ပညာပေးမှုများ ဆောင်ရွက်ရာတွင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် ရုံး၊ဌာနအလိုက် အစီအစဉ်များ ချမှတ် ဆောင်ရွက်ရမည်။
၄၁။ အဖွဲ့ဝင်သည် ဤမူဝါဒအရပြုလုပ်သော ၊စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်း လိုက်နာရမည့်အပြင် အဖွဲ့ဝင် အသင်းအဖွဲ့၏ လုပ်ငန်းသဘာဝနှင့် အဖွဲ့ဝင် အမျိုးအစားအလိုက် သီးခြား သတ်မှတ်ထားသည့် ကျင့်ဝတ်နှင့် လုပ်ငန်းခွင် စည်းကမ်းများကိုလည်း စောင့်ထိန်း လိုက်နာရမည်။
၄၂။ အဖွဲ့ဝင်ကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်းဖောက်ဖျက်မှုနှင့် တာဝန်ပျက်ကွက်မှုတို့အတွက် အဖွဲ့ဝင် စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာမူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူနိုင်သည်။
၄၃။ အမှုသည် အဖွဲ့ဝင် ကျင့်ဝတ် ပျက်ယွင်းခြင်း သို့မဟုတ် စည်းကမ်း ဖောက်ဖျက်ခြင်း သို့မဟုတ် တာဝန်ပျက်ကွက်ခြင်း သို့မဟုတ် ကိုယ်ကျင့်တရား ပျက်ပြားခြင်းနှင့် အကျုံးဝင်သည့် ကိစ္စဖြစ်ပါက သက်ဆိုင်ရာ ရုံး၊ ဌာနနှင့် အသင်းအဖွဲ့အကြီးအမှူး သို့မဟုတ် အသင်းအဖွဲ့အကြီးအမှူးသည် ယင်းအဖွဲ့ဝင်ကို ဌာနဆိုင်ရာ နည်းလမ်းအရ အရေးယူနိုင်သည်။
၄၄။ ခိုင်လုံသော အထောက်အထားများအရ အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားနေသည့်ကိစ္စတွင် အဖွဲ့ဝင်အား ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းမပြုဘဲ ထိုက်သင့်သည့် အဖွဲ့ဝင်ဆိုင်ရာပြစ်ဒဏ်ကို ချမှတ် နိုင်သည်။
၄၅။ အဖွဲ့ဝင်ကို ဌာနဆိုင်ရာ အရေးယူရာတွင် ရှေးဦးစုံစမ်းမှု ပြုလုပ်ခြင်း သို့မဟုတ် ဌာနဆိုင်ရာ စစ်ဆေးမှုဖွင့်၍ စစ်ဆေး ကြားနာခြင်းတို့ဆောင်ရွက်နေစဉ် ယင်းအဖွဲ့ဝင်အား တာဝန်မှ ယာယီရပ်ဆိုင်း ထားနိုင်သည်။
၄၆။ ဌာနဆိုင်ရာ အရေးယူမှုများတွင် အောက်ဖော်ပြပါ ပြစ်ဒဏ်တစ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက် ပို၍ဖြစ်စေ၊ ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ချမှတ်နိုင်သည်-
(က) စာဖြင့်သတိပေးခြင်း၊
(ခ) ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း၊
(ဂ) ရာထူးအဆင့်လျှော့ချခြင်း၊
(ဃ) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့်ဖြစ်စေ ပေါ်ပေါက်သည့် ဆုံးရှုံးမှုတန်ဖိုး အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေးလျော်စေခြင်း၊
(င) တာဝန်မှ ယာယီ ရပ်ဆိုင်းခဲ့သည့် ကာလအတွက် တာဝန်ချိန်အဖြစ် မသတ်မှတ်ခြင်း၊
(စ) ရာထူးမှထုတ်ပယ်ခြင်း၊
(ဆ) အဖွဲ့ဝင်အဖြစ်မှထုတ်ပစ်ခြင်း၊
၄၇။ အဖွဲ့ဝင်အားပြစ်ဒဏ်ချမှတ်သည့်အခါ-
(က) ပညာပေးပြုပြင်ရေးနှင့် စည်းကမ်းထိန်းသိမ်းမှု ထိရောက်ရေးတို့ကို ဦးတည်ချက် ထားရမည်။
(ခ) ပြစ်မှုနှင့် ပြစ်ဒဏ်လိုက်လျောညီထွေ ရှိစေရမည်။
၄၈။ အဖွဲ့ဝင်သည် အရေးယူမှုတွင် ချမှတ်သည့်ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ အယူခံခွင့် ရှိစေရမည်။
၄၉။ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရသည်မှ အစပြု၍ နှုတ်ထွက်သည်အထိ အဖွဲ့ဝင်ဖြစ်စဉ်နှင့် အရည်အချင်းများ ဖော်ပြသည့် အဖွဲ့ဝင်မှတ်တမ်းကို သတ်မှတ်ချက်များနှင့်အညီ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနက ထိန်းသိမ်းထားရှိရမည်။
၅၀။ ဖွဲ့စည်းပုံအခြေခံမူနှင့်အညီ အဖွဲ့ဝင်အဖြစ် ရွေးချယ် ခန့်ထားရာ တွင်ဖြစ်စေ၊ တာဝန်ပေးအပ်ရာတွင်ဖြစ်စေ၊ အခွင့်အရေး ခံစားခွင့်ပြုရာတွင်ဖြစ်စေ၊ ရာထူး တိုးမြှင့်ရာတွင် ဖြစ်စေ သတ်မှတ်သော အရည်အချင်းနှင့် ပြည့်စုံပါက လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာသာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ခွဲခြားမှုမပြုရ။ သို့ရာတွင် အမျိုးသားများနှင့်သာလျော်ကန် သင့်မြတ်သည့်ရာထူးတာဝန်များအတွက်အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကို အဟန့်အတားမဖြစ် စေရ။
၅၁။ သက်ဆိုင်ရာဌာနရာထူး၏ အဖွဲ့ဝင်တစ်ဦးဖြစ်ရန် ပြည့်စုံရမည့်အချက်များကို သက်ဆိုင်ရာရုံး၊ ဌာနနှင့် အသင်းအဖွဲ့က လုပ်ငန်းလိုအပ်ချက် အရသတ်မှတ်နိုင်သည်။
၅၂။ ဤမူဝါဒပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-
(က) အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန သည် လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန ၊ သက်ဆိုင်ရာ ရုံး၊ ဌာနနှင့် အသင်းအဖွဲ့တို့သည် လိုအပ်သော ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
၁၀ရက် ဇူလိုင်လ ၂၀၂၃ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ အတည်ပြု၍ကြေငြာသည်။
ဖြိုးမြတ်မောင်
ဥက္ကဋ္ဌ
မြန်မာ့သစ်ခွ
မြန်မာ့သစ်ခွဖွဲ့စည်းပုံအခြေခံမူအရ အဖွဲ့အတွင်းလိုက်နာရမည့်မူဝါဒအဖြစ် ကြေငြာသည်။
မမူမူဆွေ
အထွေထွေအတွင်းရေးမှူး
မြန်မာ့သစ်ခွ
၁။ ဤမူဝါဒကို မြန်မာ့သစ်ခွအဖွဲ့ဝင်ခြင်းဆိုင်ရာမူဝါဒ ဟု ခေါ်တွင်စေရမည်။
၂။ မြန်မာ့သစ်ခွအဖွဲ့၏အဖွဲ့ဝင်များအား အဖွဲ့ဝင်ရာထူးများနှင့်ပက်သက်၍ စည်းကမ်းတကျ ကိုင်တွယ်အုပ်ချုပ်စီမံခန့်ခွဲနိုင်ရန် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ဤစည်ကမ်းသတ်မှတ်ချက်များကို သတ်မှတ်သည်။
၃။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အဖွဲ့ကိုလိုအပ်သလို ဖွဲ့စည်းနိုင်သည်။ ယင်းသို့ ဖွဲ့စည်းရာတွင် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။ လိုအပ်သော အဖွဲ့ဝင်များကို လည်း ခန့်အပ်နိုင်သည်။
၄။ ရုံး၊ ဌာန၊ အသင်းအဖွဲ့များသည် မိမိတာဝန်ယူ အကောင်အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနနှင့် ကြိုတင်ညှိနှိုင်း၍ လည်းကောင်း၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့နှင့် ကြိုတင်ညှိနှိုင်း၍ လည်းကောင်း ဌာနဆိုင်ရာ အဖွဲ့ဝင်များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ လိုအပ်သောဝန်ထမ်းများကိုလည်း ခန့်အပ်နိုင်သည်။
၅။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အသင်းအဖွဲ့များ ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ လိုအပ်သော မူဝါဒများချမှတ်ခြင်း၊ ဖွဲ့စည်းပုံအတည်ပြုခြင်း၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန ၏ထောက်ခံအကြံပြုချက်ကို ရယူပြီး အဖွဲ့ဝင်များ၏ ရာထူးအဆင့်များကို သတ်မှတ်ခြင်း၊ အဖွဲ့ဝင်များကို ကျွမ်းကျင်မှု၊ အတတ်ပညာနှင့် လုပ်ငန်းသဘာဝတို့အရ အဖွဲ့ဝင်အမျိုးအစားစုစည်းဖွဲ့စည်းခြင်းနှင့် ယင်းလုပ်ငန်းများကို အခါအားလျော်စွာ ပြန်လည် စိစစ်သုံးသပ်၍ ပြင်ဆင်ခြင်းတို့ ပြုလုပ်နိုင်သည်။
၆။ အဖွဲ့ဝင်တစ်ဦးကို ဖွဲ့စည်းပုံပါရာထူးတစ်ခု၌ အတည်ပြုခန့်ထားရာတွင်-
(က) ရာထူးသည် အမြဲတမ်းလစ်လပ်သည့်ရာထူးဖြစ်ရမည်။
(ခ) တစ်ချိန်တည်း၌ အဖွဲ့ဝင်တစ်ဦးထက်ပို၍ ခန့်ထားခြင်းမပြုရ။
(ဂ) အဖွဲ့ဝင်သည် အသက် ၁၄ နှစ်ပြည့်ပြီးဖြစ်ရမည်။
၇။ အထက်ပါစာပိုဒ်အရ အတည်ပြုခန့်ထားခြင်းခံရသောအဖွဲ့ဝင်သည်-
(က) အဖွဲ့အကျိုးအတွက် လိုအပ်လျှင် သတ်မှတ်ချိန်ပြည့်တာဝန်ထမ်းဆောင်ရမည်။
(ခ) မူလတာဝန်အပြင် အခြားလိုအပ်သောတာဝန်များကိုပေးအပ်ပါက ထမ်းဆောင်ရမည်။
၈။ အဖွဲ့ဝင်ရာထူးများနှင့်စပ်လျဉ်း၍-
(က) အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနက သတ်မှတ်ချက်များနှင့်အညီ စတင် ရွေးချယ်ပေးရမည်။
(ခ) ရာထူးလစ်လပ်မှုရှိသဖြင့် အဖွဲ့ပြင်ပပုဂ္ဂိုလ်ကို ရွေးချယ်ရန်လိုအပ်ပါက သက်ဆိုင်ရာရုံး၊ ဌာနသည် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနသို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်။ ထို့နောက် ကြေငြာချက်ထုတ်ပြန်၍ အဖွဲ့ဝင်စိစစ်ရေးကော်မတီက သတ်မှတ်နည်းလမ်းအတိုင်းစိစစ်အတည်ပြုပေးရမည်။
(ဂ) ရုံးဌာနများသည် မိမိတို့အဖွဲ့အစည်းအတွင်းရှိ အဖွဲ့ဝင်များကို အရာရှိအဆင့်ရာထူးသို့ တိုးမြှင့်ခန့်အပ်လိုပါက အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနသို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်။
၉။ အလုပ်ချိန်နှင့် သက်ဆိုင်သည့် အောက်ပါအဖွဲံဝင်စည်းကမ်းဆိုင်ရာပြစ်မှုတစ်ခုခုအတွက် အဖွဲ့ဝင်ကို အရေးယူအပြစ်ပေးနိုင်သည်-
(က) အထက်တာဝန်ရှိသူ၏ခွင့်ပြုချက်မရဘဲ မကြာခဏအလုပ် ပျက်ကွက်ခြင်းမှာ အလေ့အကျင့် ကဲ့သို့ဖြစ်နေခြင်း၊
(ခ) ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊
(ဂ) ခိုင်လုံသောအကြောင်းမရှိဘဲ ခွင့်ရက်ထက်ပို၍နေခြင်း သို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက် အလုပ် ဝင်ရောက်ရန် ပျက်ကွက်ခြင်း၊
၁၀။ တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့်ပတ်သက်သည့် အောက်ပါအဖွဲ့ဝင်စည်းကမ်းဆိုင် ရာပြစ်မှုတစ်ခုခုအတွက် အဖွဲ့ဝင်ကို အရေးယူအပြစ်ပေးနိုင်သည်-
(က) တာဝန်မကျေပွန်ခြင်း သို့မဟုတ် တာဝန်ကိုပေါ့ဆစွာထမ်းဆောင်ခြင်း၊
(ခ) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ လုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းနှင့် ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့်ဖြစ်စေ အဖွဲ့ဘဏ္ဍာငွေ သို့မဟုတ် အဖွဲ့ပိုင်ပစ္စည်းဆုံးရှုံးပျက်စီးရခြင်း၊
(ဂ) ခန့်အပ်ထားသည့်ရာထူးနှင့်မညီဘဲ လုပ်ရည်ကိုင်ရည်အဆင့်အတန်းမမီခြင်း သို့မဟုတ် အရည်အချင်းညံ့ဖျင်းခြင်း၊ အရည်အသွေးမပြည့်ဝခြင်း၊
(ဃ) ဖွဲ့စည်းပုံအခြေခံမူ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း။
၁၁။ အဖွဲ့ဝင်ရာထူးစနစ်၏ ဦးတည်ချက်များမှာ-
(က) ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်စေခြင်း၊
(ခ) အရည်အချင်းကို အခြေခံ၍ စွမ်းဆောင်ရည်ရှိမှုကို ဦးစားပေးသော အလေ့အထစနစ်များ ကျင့်သုံးခြင်း၊
(ဂ) လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခြင်း၊
(ဃ) ဌာနအချင်းချင်းသာမက ပြင်ပအဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ပေးခြင်း၊
(င) ပြင်ပအဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ ယုံကြည်မှုကို ခိုင်မာစွာ တည်ဆောက်ခြင်း။
၁၂။ အဖွဲ့ဝင်၏စံတန်ဖိုးများမှာ-
(က) မှန်ကန်စွာခေါင်းဆောင်မှုပေးနိုင်ခြင်း၊
(ခ) ကျင့်ဝတ်နှင့် စည်းကမ်းလိုက်နာခြင်း၊
(ဂ) ဆန်းသစ်တီထွင်နိုင်ခြင်း၊
(ဃ) စွမ်းဆောင်ရည်ပြည့်ဝခြင်းနှင့် တာဝန်ကိုလိုလားစွာထမ်းဆောင်ခြင်း၊
(င) ညီမျှမှုရှိခြင်း၊
(စ) မှီခိုမှုကင်းစွာ စဉ်းစားတွေးခေါ်ခြင်း၊
(ဆ) ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊
(ဇ) ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်း၊
(ဈ) ညီညွတ်မျှတမှုရှိခြင်း၊
(ည) တီထွင်ကြံဆခြင်း၊
(ဋ) လျော်ကန်သင့်မြတ်စွာဝန်ဆောင်မှုပေးခြင်း၊
(ဌ) ပြောင်းလွယ်ပြင်လွယ်ရှိခြင်း၊
(ဍ) အရည်အသွေးအလေးထားဆောင်ရွက်ခြင်း၊
(ဎ) တက်ကြွမှုရှိခြင်း၊
(ဏ) စွမ်းရည်မြှင့်တင်ပေးခြင်း၊
(တ) လွယ်ကူချောမွေ့စွာဆောင်ရွက်ခြင်း၊
(ထ) တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း၊
(ဒ) ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဓ) အထောက်အကူပြုခြင်း၊
(န) အဖွဲ့ရည်ရွယ်ချက်များနှင့် စပ်လျှင်း၍ဝန်ဆောင်မှုပြုခြင်း၊
(ပ) လျင်မြန်စွာလုပ်ဆောင်နိုင်ခြင်း၊
(ဖ) ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ဆောင်ရွက်ခြင်း၊
(ဗ) အပြန်အလှန် လေးစားခြင်း၊
(ဘ) အဖွဲ့၏လျှို့ဝှက်ချက်များထိန်းသိမ်းခြင်း၊
(မ) တစ်ဦးချင်းကိုယ်စီသိရှိလိုက်နာခြင်း၊
(ယ) မှန်ကန်စွာဆောင်ရွက်ခြင်း၊
(ရ) အလေးထားဆောင်ရွက်ခြင်း။
၁၃။ ဥက္ကဋ္ဌသည် သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ အကြံပြုချက်ဖြင့် အသင်းအဖွဲ့အကြီးအမှူးများကို ခန့်အပ်ခြင်း၊ အတည်ပြုခြင်း၊ ပြောင်းရွှေ့ခြင်း၊ နှုတ်ထွက်ခွင့်ပေးခြင်း၊ ထုတ်ပယ်ခြင်းနှင့် ထုတ်ပစ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
၁၄။ ရုံး၊ဌာနအလိုက် အသင်းအဖွဲ့အကြီးအကဲများကို ရာထူးသတ်မှတ်ရာတွင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ တစ်သမတ်တည်းသတ်မှတ်ပေးရမည်။
၁၅။ အဖွဲ့ဝင်ရွေးချယ်ခန့်အပ်ထားရေးကိစ္စများနှင့် စပ်လျဉ်း၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အခါအားလျော် စွာ သတ်မှတ်ချက်များနှင့်အညီ-
(က) သက်ဆိုင်ရာရုံး၊ ဌာန အကြီးအမှူးသည် အသင်းအဖွဲ့ အသီးသီးရှိ အဖွဲ့ဝင်အမျိုးအစားအလိုက် သတ်မှတ်သည့် အသင်းအဖွဲ့ရာရှိ အဆင့် စတင်ခန့်ရာထူးအတွက် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန က ရွေးချယ်ပေးသော အဖွဲ့ဝင်များကို ခန့်ထားရမည်။
(ခ) သက်ဆိုင်ရာ အဖွဲ့ဝင် အသင်းအဖွဲ့အကြီးအမှူးသည် စာပိုဒ်ခွဲ(က)အရ ခန့်ထားသော ရာထူး အဆင့်မှတစ်ပါး အခြားစတင်ခန့် ရာထူးအဆင့်အတွက် အဖွဲ့ဝင်စိစစ်ရေးကော်မတီမှအတည်ပြုထားသော အဖွဲ့ဝင်များကို ရွေးချယ် ခန့်ထားရမည်။
၁၆။ (က) ရုံး၊ ဌာနနှင့် အဖွဲ့ဝင် အသင်းအဖွဲ့ တစ်ခုခုမှ အသင်းအဖွဲ့ရာရှိ တစ်ဦးဦးကို အခြား ရုံး၊ ဌာနနှင့် အဖွဲ့ဝင်အဖွဲ့ အစည်းတစ်ခုသို့ ပြောင်းရွှေ့ခန့်ထားလိုပါက သတ်မှတ်ထားသည့် အရည် အချင်းနှင့် ပြည့်စုံလျှင် သက်ဆိုင်ရာ ဌာနသည် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန နှင့် ညှိနှိုင်းရမည်။
(ခ) အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန သည် စာပိုဒ်ခွဲ (က) အရ ညှိနှိုင်းလာသည့်အပေါ်စိစစ်ပြီး အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြရမည်။
၁၇။ အသင်းအဖွဲ့များသည် အဖွဲ့ဝင် အမျိုးအစားအလိုက် အစမ်းခန့်ကာလနှင့် စည်းကမ်းချက် များကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သလို သတ်မှတ်နိုင်သည်။
၁၈။ အဖွဲ့ဝင်သည် အောက်ပါတို့ကို လိုက်နာရန် တာဝန်ရှိသည်-
(က) ဖွဲ့စည်းပုံအခြေခံမူနှင့် မူဝါဒများပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း၊
(ခ) အဖွဲ့နှင့် အဖွဲ့ရည်ရွယ်ချက်၊ ရည်မှန်ချက်များပါ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ခြင်း၊
(ဂ) အဖွဲ့ပိုင်ပစ္စည်း၊ အဖွဲ့ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အလွဲသုံးစားမှု မပြုရေးတို့ အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
(ဃ) မိမိအား ပေးအပ်ထားသော တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊
(င) ဤမူဝါဒအရ ပြုလုပ်သော၊ စည်းမျဉ်း၊ စည်းကမ်းများ၊ ညွှန်ကြားချက်များ၊ အဖွဲ့ဝင် အသင်းအဖွဲ့အလိုက် သီးခြား သတ်မှတ်ထားသော လုပ်ငန်းခွင် စည်းကမ်းများနှင့် ညွှန်ကြားချက်များကို လိုက်နာခြင်း၊
(စ) ပါတီနိုင်ငံရေးစွဲမရှိခြင်း၊
(ဆ) အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန က သတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ခြင်း၊
(ဇ) အကျင့် စာရိတ္တ ပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာ ပြုမူနေထိုင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊
(ဈ) တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ည) လာဘ်ပေး လာဘ်ယူပြုလုပ်ခြင်း၊ တရားမဝင်ငွေကြေးခဝါချမှု ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဋ) အများပြည်သူကို ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးခြင်း။
၁၉။ အဖွဲ့ဝင်သည် အောက်ပါအခြေခံ အခွင့်အရေးများကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်-
(က) အလုပ်တည်မြဲခွင့်၊
(ခ) လုပ်ငန်းခွင် အာမခံချက်ရခွင့်၊
(ဂ) ခရီးစရိတ်နှင့် အခြား စရိတ်ခံစားခွင့်၊
(ဃ) ရာထူးတိုးမြှင့်ခွင့်၊
(င) ပညာလေ့လာဆည်းပူးခွင့်၊
(စ) ခွင့်ခံစားခွင့်၊
(ဆ) ထူးချွန်မှု၊ စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်မှုတို့အတွက် ချီးမြှင့်ခြင်းကို ခံစားခွင့်၊
(ဇ) နှုတ်ထွက်ခွင့်၊
(ဈ) တာဝန်ထမ်းဆောင်မှုကို အကြောင်းပြု၍ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်မစွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း တို့အတွက် အထူးပထောက်ပံ့ခြင်းခံစားခွင့်၊
(ည) အမျိုးသမီးအဖွဲ့ဝင်ဖြစ်ပါက တူညီသော အလုပ်အတွက် အမျိုးသားအဖွဲ့ဝင်များ နည်းတူ အကျိုး ခံစားခွင့်အပြင် မီးဖွားခြင်း ဆိုင်ရာ အကျိုးခံစားခွင့်၊
(ဋ) အခြားအသင်းအဖွဲ့များတွင် ပါဝင်ခွင့်၊
(ဌ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့က အခါအားလျော်စွာ သတ်မှတ်သော အခြားခံစားခွင့်။
၂၀။ အဖွဲ့ဝင်သည် သီးခြား တာဝန်ပေးချက်အရ ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ရပ်ရပ်အတွက် အကျိုးခံစားခွင့်များကို သက်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ခံစားခွင့်ရှိသည်။
၂၁။ အဖွဲ့ဝင်သည် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ထားသော ၊ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ရုံး၊ ဌာနနှင့် အသင်းအဖွဲ့က လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသူ၏ ခွင့်ပြုချက်ဖြင့် ခွင့်ခံစားနိုင်သည်။
၂၂။ အစမ်းခန့် အဖွဲ့ဝင်သည် ရာထူးတွင် အတည်ပြု ခံထားပြီးဖြစ်သည့် အဖွဲ့ဝင်တစ်ဦးကဲ့သို့ ခွင့်ခံစား ခွင့်ရှိသည်။
၂၃။ အဖွဲ့ဝင်သည် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ခွင့်ကို တောင်းခံပိုင်ခွင့်ရှိသည်။ ခွင့်များကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန၏ အကြံပြုချက်နှင့်အညီ သတ်မှတ်ပေးရမည်။
၂၄။ ခွင့်ပေးပိုင်ခွင့်ရှိသူသည် အဖွဲ့အကျိုးငှာ လိုအပ်ပါက အဖွဲ့ဝင်တစ်ဦး တောင်းခံသည့်ခွင့်ကို ငြင်းပယ်ခြင်း၊ ခွင့်ပြု ပြီးသောခွင့်ကို ပယ်ဖျက်ခြင်းနှင့် ခွင့်ခံစားနေသော အဖွဲ့ဝင်အား ပြန်လည်ခေါ်ယူခြင်း ပြုနိုင်သည်။
၂၅။ ခွင့်ခံစားနေသည့် အဖွဲ့ဝင်သည် မိမိကို ခွင့်ပြုထားသည့် ခွင့်ကာလ မကုန်ဆုံးမီ အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက်လိုပါက သက်ဆိုင်ရာ ခွင့်ပေးပိုင်ခွင့်ရှိသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဝင်ရောက်နိုင်သည်။
၂၆။ အဖွဲ့ဝင်သည် ခွင့်ကာလ ကုန်ဆုံးသော်လည်း အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက် လုပ်ကိုင်ခြင်း မရှိပါက ကျော်လွန်သည့် ကာလအတွက် ခွင့်လစာ ခံစားခွင့်မရှိ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ခွင့်ရက် ကျော်လွန်ခြင်းဖြစ်ပါက ယင်းအဖွဲ့ဝင်အား စည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူနိုင်သည်။
၂၇။ အဖွဲ့ဝင်ကို ရာထူးတိုးမြှင့် ခန့်ထားရေးအတွက် အနည်းဆုံး လိုအပ်သော ပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည်အချင်း၊ ရာထူးသက်နှင့် လုပ်သက်တို့သည် အဖွဲ့ဝင် အသင်းအဖွဲ့အလိုက် ရာထူး အမျိုးအစားကို မူတည်၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ထားသည့်အတိုင်း ဖြစ်သည်။
၂၈။ အဖွဲ့ဝင်သည် ရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည်အချင်း၊ ရာထူးသက်၊ လုပ်သက်တို့နှင့် ပြည့်စုံ၍ တာဝန်ကို နိုင်နင်းစွာ ထမ်းဆောင်နိုင်သည်ဟု ယုံကြည် ကျေနပ်မှုရှိလျှင် သတ်မှတ်ချက်များနှင့်အညီ ရာထူးတိုးမြှင့်ခြင်း ခံစားပိုင်ခွင့် ရှိသည်။
၂၉။ အဖွဲ့ဝင်သည် အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားမှုအပေါ်မူတည်၍ သက်ဆိုင်ရာ အရည်အချင်း စစ်ဆေးရေးအဖွဲ့၏ ထောက်ခံမှုအရ ချီးမြှင့်မြောက်စားသည့် အနေဖြင့် ရာထူး တိုးမြှင့်ခြင်းကို ခံစားပိုင်ခွင့်ရှိသည်။
၃၀။ အဖွဲ့ဝင်များကို အပတ်စဉ်အားဖြင့် အရည်အချင်းအကဲဖြတ်မှုပြုလုပ်ရမည်။ ထိုအရည်အချင်းအကဲဖြတ်ခြင်းကို အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနမှ လိုအပ်သလို စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ သတ်မှတ်နိုင်သည်။
၃၁။ အဖွဲ့ဝင်များနှုတ်ထွက်သည့်အခါ အပတ်စဉ်အားဖြင့် အရည်အချင်းအကဲဖြတ်မှုကို စုပေါင်း၍ စုစုပေါင်းပျှမ်းမျ အရည်အချင်းအစီအရင်ခံစာကို အသိအမှတ်ပြုလက်မှတ်ပေးအပ်သည့်အခါ တစ်ပါတည်းပေးအပ်ရမည်။
၃၂။ အဖွဲ့ဝင်သည် ရာထူးတိုးမြှင့်ခန့်ထားခံရနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ အရည်အချင်းစစ်ဆေးရေး အဖွဲ့၏ စစ်ဆေးအကဲဖြတ်မှုကိုခံယူရမည်။
၃၃။ အရည်အချင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေး အကဲဖြတ်ချက်အရ သက်ဆိုင်ရာ အသင်းအဖွဲ့က ရေးဆွဲ အတည်ပြုထား သည့် တန်းစီဇယားတွင် ပါဝင်သော အဖွဲ့ဝင်များသည် သတ်မှတ်ချက်များနှင့် ညီညွတ်ပါက ရာထူး တိုးမြှင့်ခြင်း ခံစားပိုင်ခွင့် ရှိသည်။
၃၄။ အသင်းအဖွဲ့ရာရှိအဆင့် စတင်ခန့်ရာထူးနေရာ လစ်လပ်သဖြင့် ဌာနတွင်းမှ အဖွဲ့ဝင်များကို ရာထူးတိုးမြှင့် ခန့်ထားရန် လိုအပ်သည့်အခါ အသင်းအဖွဲ့များသည် သတ်မှတ် ချက်နှင့်အညီ မိမိတို့ အတည်ပြု ရေးဆွဲထားသော တန်းစီ ဇယားအတွင်းမှ အဖွဲ့ဝင်များကို အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနသို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက် ရယူရမည်။
၃၅။ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန က သတ်မှတ်ထားသော သင်တန်းတက်ရောက်ပြီးသူများကို ရာထူးတိုးမြှင့်ပေးရာတွင် ဦးစားပေး စဉ်းစားရမည်။
၃၆။ အဖွဲ့ဝင်တစ်ဦးသည် ရာထူးတိုးမြှင့်ပေးရန် သတ်မှတ်ထားသော အရည်အချင်းများ ပြည့်စုံစေကာမူ-
(က) စာဖြင့်သတိပေးခြင်း ပြစ်ဒဏ်ခံရလျှင် ယင်းသို့ သတိပေးခြင်း ခံရသည့်နေ့မှ ခြောက်လအတွင်း ရာထူးတိုးမြှင့်မပေးရ။
(ခ) တာဝန်ထမ်းဆောင်ရာတွင် ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ကျွမ်းကျင်မှုမရှိ၍ဖြစ်စေ ပျက်စီးဆုံးရှုံးမှု အတွက်ဆုံးရှုံးမှုတန်ဖိုး အပြည့်အဝကိုသော် လည်းကောင်း၊ တစ်စိတ်တစ်ဒေသကို သော်လည်းကောင်း ပေးလျော်ရသော ကိစ္စမျိုးတွင် ဆုံးရှုံးမှုတန်ဖိုးကို ပြန်လည်ပေးလျော်စေရန် အမိန့်ချမှတ်သည့်နေ့မှစ၍ တစ်နှစ် သို့မဟုတ် အကျေပေးလျော်ပြီးသည့်နေ့၊ ထိုနေ့နှစ်ခုတို့အနက် စောရာနေ့အထိ ရာထူးတိုးမြှင့် မပေးရ။
(ဂ) ကိုယ်ကျင့်တရား ပျက်ပြားမှုနှင့် အကျုံးဝင်သော ပြစ်မှုဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသော်လည်း လက်ရှိ ရာထူးတွင် ဆက်လက် တည်ရှိနေသည့်အခါ ယင်းသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် နေ့မှ တစ်နှစ်အတွင်း ရာထူးတိုးမြှင့် မပေးရ။
(ဃ) ဌာနဆိုင်ရာ စစ်ဆေးခြင်း ခံနေရစဉ်အတွင်း ရာထူးတိုးမြှင့် မပေးရ။
(င) အပြစ်ကြောင့် ရာထူးလျှော့ချခြင်းခံရပါက ယင်းရာထူးလျှော့ချသည့်အမိန့်ပါ သတ်မှတ်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ။
(စ) ရာထူးတစ်ခုတွင် အစမ်းခန့်ထားခြင်းခံရစဉ်ကာလအတွင်း ရာထူးတိုးမြှင့် မပေးရ။
(ဆ) တာဝန်မှ ယာယီရပ်ဆိုင်းထားခြင်းခံရစဉ်ကာလအတွင်း ရာထူးတိုးမြှင့် မပေးရ။
၃၇။ သက်ဆိုင်ရာ အသင်းအဖွဲ့သည် တာဝန်ထမ်းဆောင်ရာတွင် ထူးချွန်မှုနှင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သော အဖွဲ့ဝင်အား သတ်မှတ်ထားသည့် လုပ်ထုံး လုပ်နည်းများနှင့်အညီ ရာထူး တိုးမြှင့်ပေးခြင်း၊ ဂုဏ်ပြုလွှာ ပေးအပ်ခြင်း၊ ဆုချီးမြှင့်ခြင်းနှင့် အခြား နည်းဖြင့် ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
၃၈။ သက်ဆိုင်ရာ အသင်းအဖွဲ့သည် စာပိုဒ် ၃၇ ပါအကြောင်းများအရ အဖွဲ့ဝင်အား အဖွဲ့က ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်နိုင်ရေးအတွက် ထောက်ခံ တင်ပြနိုင်သည်။
၃၉။ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနက သတ်မှတ်တာဝန်ပေးထားသော အသင်းအဖွဲ့များနှင့် လူငယ်ရေးရာဌာနလက်အောက်ရှိ သင်တန်းများသည် အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်လောင်းများအား အခြေခံသင်တန်းများပေးခြင်း၊ အဖွဲ့ဝင်များအတွက် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန က သတ်မှတ်ထားသည့်မွမ်းမံ သင်တန်းများပေးခြင်းနှင့် ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို လည်းကောင်း၊ အဖွဲ့ဝင်လေ့ကျင့်ရေးဆိုင်ရာ ပညာရပ်များသုတေသနပြုခြင်းကိုလည်းကောင်း အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်။
၄၀။ အဖွဲ့ဝင်များ၏ အရည်အသွေးတိုးတက်စေရန် အထောက်အကူပြုမည့်စီမံခန့်ခွဲမှု၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အထွေထွေပညာ မြင့်မားမှုတို့အတွက် လေ့ကျင့် ပညာပေးမှုများ ဆောင်ရွက်ရာတွင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် ရုံး၊ဌာနအလိုက် အစီအစဉ်များ ချမှတ် ဆောင်ရွက်ရမည်။
၄၁။ အဖွဲ့ဝင်သည် ဤမူဝါဒအရပြုလုပ်သော ၊စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်း လိုက်နာရမည့်အပြင် အဖွဲ့ဝင် အသင်းအဖွဲ့၏ လုပ်ငန်းသဘာဝနှင့် အဖွဲ့ဝင် အမျိုးအစားအလိုက် သီးခြား သတ်မှတ်ထားသည့် ကျင့်ဝတ်နှင့် လုပ်ငန်းခွင် စည်းကမ်းများကိုလည်း စောင့်ထိန်း လိုက်နာရမည်။
၄၂။ အဖွဲ့ဝင်ကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်းဖောက်ဖျက်မှုနှင့် တာဝန်ပျက်ကွက်မှုတို့အတွက် အဖွဲ့ဝင် စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာမူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူနိုင်သည်။
၄၃။ အမှုသည် အဖွဲ့ဝင် ကျင့်ဝတ် ပျက်ယွင်းခြင်း သို့မဟုတ် စည်းကမ်း ဖောက်ဖျက်ခြင်း သို့မဟုတ် တာဝန်ပျက်ကွက်ခြင်း သို့မဟုတ် ကိုယ်ကျင့်တရား ပျက်ပြားခြင်းနှင့် အကျုံးဝင်သည့် ကိစ္စဖြစ်ပါက သက်ဆိုင်ရာ ရုံး၊ ဌာနနှင့် အသင်းအဖွဲ့အကြီးအမှူး သို့မဟုတ် အသင်းအဖွဲ့အကြီးအမှူးသည် ယင်းအဖွဲ့ဝင်ကို ဌာနဆိုင်ရာ နည်းလမ်းအရ အရေးယူနိုင်သည်။
၄၄။ ခိုင်လုံသော အထောက်အထားများအရ အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားနေသည့်ကိစ္စတွင် အဖွဲ့ဝင်အား ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းမပြုဘဲ ထိုက်သင့်သည့် အဖွဲ့ဝင်ဆိုင်ရာပြစ်ဒဏ်ကို ချမှတ် နိုင်သည်။
၄၅။ အဖွဲ့ဝင်ကို ဌာနဆိုင်ရာ အရေးယူရာတွင် ရှေးဦးစုံစမ်းမှု ပြုလုပ်ခြင်း သို့မဟုတ် ဌာနဆိုင်ရာ စစ်ဆေးမှုဖွင့်၍ စစ်ဆေး ကြားနာခြင်းတို့ဆောင်ရွက်နေစဉ် ယင်းအဖွဲ့ဝင်အား တာဝန်မှ ယာယီရပ်ဆိုင်း ထားနိုင်သည်။
၄၆။ ဌာနဆိုင်ရာ အရေးယူမှုများတွင် အောက်ဖော်ပြပါ ပြစ်ဒဏ်တစ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက် ပို၍ဖြစ်စေ၊ ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ချမှတ်နိုင်သည်-
(က) စာဖြင့်သတိပေးခြင်း၊
(ခ) ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း၊
(ဂ) ရာထူးအဆင့်လျှော့ချခြင်း၊
(ဃ) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့်ဖြစ်စေ ပေါ်ပေါက်သည့် ဆုံးရှုံးမှုတန်ဖိုး အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေးလျော်စေခြင်း၊
(င) တာဝန်မှ ယာယီ ရပ်ဆိုင်းခဲ့သည့် ကာလအတွက် တာဝန်ချိန်အဖြစ် မသတ်မှတ်ခြင်း၊
(စ) ရာထူးမှထုတ်ပယ်ခြင်း၊
(ဆ) အဖွဲ့ဝင်အဖြစ်မှထုတ်ပစ်ခြင်း၊
၄၇။ အဖွဲ့ဝင်အားပြစ်ဒဏ်ချမှတ်သည့်အခါ-
(က) ပညာပေးပြုပြင်ရေးနှင့် စည်းကမ်းထိန်းသိမ်းမှု ထိရောက်ရေးတို့ကို ဦးတည်ချက် ထားရမည်။
(ခ) ပြစ်မှုနှင့် ပြစ်ဒဏ်လိုက်လျောညီထွေ ရှိစေရမည်။
၄၈။ အဖွဲ့ဝင်သည် အရေးယူမှုတွင် ချမှတ်သည့်ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ အယူခံခွင့် ရှိစေရမည်။
၄၉။ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရသည်မှ အစပြု၍ နှုတ်ထွက်သည်အထိ အဖွဲ့ဝင်ဖြစ်စဉ်နှင့် အရည်အချင်းများ ဖော်ပြသည့် အဖွဲ့ဝင်မှတ်တမ်းကို သတ်မှတ်ချက်များနှင့်အညီ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနက ထိန်းသိမ်းထားရှိရမည်။
၅၀။ ဖွဲ့စည်းပုံအခြေခံမူနှင့်အညီ အဖွဲ့ဝင်အဖြစ် ရွေးချယ် ခန့်ထားရာ တွင်ဖြစ်စေ၊ တာဝန်ပေးအပ်ရာတွင်ဖြစ်စေ၊ အခွင့်အရေး ခံစားခွင့်ပြုရာတွင်ဖြစ်စေ၊ ရာထူး တိုးမြှင့်ရာတွင် ဖြစ်စေ သတ်မှတ်သော အရည်အချင်းနှင့် ပြည့်စုံပါက လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာသာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ခွဲခြားမှုမပြုရ။ သို့ရာတွင် အမျိုးသားများနှင့်သာလျော်ကန် သင့်မြတ်သည့်ရာထူးတာဝန်များအတွက်အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကို အဟန့်အတားမဖြစ် စေရ။
၅၁။ သက်ဆိုင်ရာဌာနရာထူး၏ အဖွဲ့ဝင်တစ်ဦးဖြစ်ရန် ပြည့်စုံရမည့်အချက်များကို သက်ဆိုင်ရာရုံး၊ ဌာနနှင့် အသင်းအဖွဲ့က လုပ်ငန်းလိုအပ်ချက် အရသတ်မှတ်နိုင်သည်။
၅၂။ ဤမူဝါဒပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-
(က) အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန သည် လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန ၊ သက်ဆိုင်ရာ ရုံး၊ ဌာနနှင့် အသင်းအဖွဲ့တို့သည် လိုအပ်သော ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
၁၀ရက် ဇူလိုင်လ ၂၀၂၃ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ အတည်ပြု၍ကြေငြာသည်။
ဖြိုးမြတ်မောင်
ဥက္ကဋ္ဌ
မြန်မာ့သစ်ခွ
မြန်မာ့သစ်ခွဖွဲ့စည်းပုံအခြေခံမူအရ အဖွဲ့အတွင်းလိုက်နာရမည့်မူဝါဒအဖြစ် ကြေငြာသည်။
မမူမူဆွေ
အထွေထွေအတွင်းရေးမှူး
မြန်မာ့သစ်ခွ
အဖွဲ့ဝင်များ၏ အရည်အချင်းတိုင်းတာခြင်းဆိုင်ရာ မူဝါဒ
မူဝါဒအမှတ် (ဇ)
၁၃၈၆ ခု တပို့တွဲလပြည့်ကျော် ၁ရက် (၁၃ရက် ဖေဖော်ဝါရီလ ၂၀၂၅ခုနှစ်)
၁။ ရည်ရွယ်ချက်
ဤမူဝါဒသည် မြန်မာ့သစ်ခွအဖွဲ့အစည်းအတွင်းရှိ အီလက်ထရောနစ်ဆိုင်ရာ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် အဖွဲ့ဝင်များ၏ အရည်အချင်းများကို တိုင်းတာခြင်း၊ စီမံခန့်ခွဲခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ကို စည်းကမ်းတကျ ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်။
၂။ အဖွဲ့အစည်းဖွဲ့စည်းပုံနှင့် အခွင့်အာဏာ
(က) ရုံး၊ ဌာန၊ အသင်းအဖွဲ့များသည် မိမိတို့တာဝန်ယူ အကောင်အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနနှင့် ကြိုတင်ညှိနှိုင်း၍ လည်းကောင်း၊ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့နှင့် ကြိုတင်ညှိနှိုင်း၍ လည်းကောင်း ဌာနဆိုင်ရာ အဖွဲ့ဝင်များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ လိုအပ်သောဝန်ထမ်းများကိုလည်း ခန့်အပ်နိုင်သည်။
(ခ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အသင်းအဖွဲ့များ ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ လိုအပ်သော မူဝါဒများချမှတ်ခြင်း၊ ဖွဲ့စည်းပုံအတည်ပြုခြင်း၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန၏ ထောက်ခံအကြံပြုချက်ကို ရယူပြီး အဖွဲ့ဝင်များ၏ ရာထူးအဆင့်များကို သတ်မှတ်ခြင်း၊ အဖွဲ့ဝင်များကို ကျွမ်းကျင်မှု၊ အတတ်ပညာနှင့် လုပ်ငန်းသဘာဝတို့အရ အဖွဲ့ဝင်အမျိုးအစားစုစည်းဖွဲ့စည်းခြင်းနှင့် ယင်းလုပ်ငန်းများကို အခါအားလျော်စွာ ပြန်လည် စိစစ်သုံးသပ်၍ ပြင်ဆင်ခြင်းတို့ ပြုလုပ်နိုင်သည်။
(ဂ) ဥက္ကဋ္ဌသည် သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ အကြံပြုချက်ဖြင့် အသင်းအဖွဲ့အကြီးအမှူးများ၏ ရာထူးများကို ခန့်အပ်ခြင်း၊ အတည်ပြုခြင်း၊ ပြောင်းရွှေ့ခြင်း၊ နှုတ်ထွက်ခွင့်ပေးခြင်း၊ ထုတ်ပယ်ခြင်းနှင့် ထုတ်ပစ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
၃။ အဖွဲ့ဝင်ခန့်အပ်ခြင်းဆိုင်ရာ စည်းမျဉ်းများ
(က) အဖွဲ့ဝင်တစ်ဦးကို ဖွဲ့စည်းပုံပါရာထူးတစ်ခု၌ အတည်ပြုခန့်ထားရာတွင် ရာထူးသည် အမြဲတမ်းလစ်လပ်သည့် ရာထူးဖြစ်ရမည်။
(ခ) တစ်ချိန်တည်း၌ အဖွဲ့ဝင်တစ်ဦးထက်ပို၍ ခန့်ထားခြင်းမပြုရ။
(ဂ) အဖွဲ့ဝင်သည် အသက် ၁၄ နှစ်ပြည့်ပြီးဖြစ်ရမည်။
(ဃ) အဖွဲ့ဝင်ရာထူးများနှင့်စပ်လျဉ်း၍ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနက သတ်မှတ်ချက်များနှင့်အညီ စတင် ရွေးချယ်ပေးရမည်။
(င) ရာထူးလစ်လပ်မှုရှိသဖြင့် အဖွဲ့ပြင်ပပုဂ္ဂိုလ်ကို ရွေးချယ်ရန်လိုအပ်ပါက သက်ဆိုင်ရာရုံး၊ ဌာနသည် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနသို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်။ ထို့နောက် ကြေငြာချက်ထုတ်ပြန်၍ အဖွဲ့ဝင်စိစစ်ရေးကော်မတီက သတ်မှတ်နည်းလမ်းအတိုင်းစိစစ်အတည်ပြုပေးရမည်။
(စ) ရုံးဌာနများသည် မိမိတို့အဖွဲ့အစည်းအတွင်းရှိ အဖွဲ့ဝင်များကို အရာရှိအဆင့်ရာထူးသို့ တိုးမြှင့်ခန့်အပ်လိုပါက အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနသို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်။
(ဆ) ရုံး၊ ဌာနအလိုက် အသင်းအဖွဲ့အကြီးအကဲများကို ရာထူးသတ်မှတ်ရာတွင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ တစ်သမတ်တည်းသတ်မှတ်ပေးရမည်။
(ဇ) အဖွဲ့ဝင်ရွေးချယ်ခန့်အပ်ထားရေးကိစ္စများနှင့် စပ်လျဉ်း၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အခါအားလျော်စွာ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာရုံး၊ ဌာန အကြီးအမှူးသည် အသင်းအဖွဲ့ အသီးသီးရှိ အဖွဲ့ဝင်အမျိုးအစားအလိုက် သတ်မှတ်သည့် အသင်းအဖွဲ့ရာရှိ အဆင့် စတင်ခန့်ရာထူးအတွက် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနက ရွေးချယ်ပေးသော အဖွဲ့ဝင်များကို ခန့်ထားရမည်။
(ဈ) သက်ဆိုင်ရာ အဖွဲ့ဝင် အသင်းအဖွဲ့အကြီးအမှူးသည် အထက်စာပိုဒ်ခွဲ(ဇ)အရ ခန့်ထားသော ရာထူးအဆင့်မှတစ်ပါး အခြားစတင်ခန့် ရာထူးအဆင့်အတွက် အဖွဲ့ဝင်စိစစ်ရေးကော်မတီမှ အတည်ပြုထားသော အဖွဲ့ဝင်များကို ရွေးချယ် ခန့်ထားရမည်။
(ည) ရုံး၊ ဌာနနှင့် အဖွဲ့ဝင် အသင်းအဖွဲ့ တစ်ခုခုမှ အသင်းအဖွဲ့ရာရှိ တစ်ဦးဦးကို အခြား ရုံး၊ ဌာနနှင့် အဖွဲ့ဝင်အဖွဲ့ အစည်းတစ်ခုသို့ ပြောင်းရွှေ့ခန့်ထားလိုပါက သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံလျှင် သက်ဆိုင်ရာ ဌာနသည် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန နှင့် ညှိနှိုင်းရမည်။ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန သည် ညှိနှိုင်းလာသည့်အပေါ် စိစစ်ပြီး အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြရမည်။
(ဋ) အသင်းအဖွဲ့များသည် အဖွဲ့ဝင် အမျိုးအစားအလိုက် အစမ်းခန့်ကာလနှင့် စည်းကမ်းချက်များကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သလို သတ်မှတ်နိုင်သည်။
၄။ အဖွဲ့ဝင်၏ တာဝန်နှင့် ဝတ္တရားများ
အဖွဲ့ဝင်သည် အောက်ပါတို့ကို လိုက်နာရန် တာဝန်ရှိသည်-
(က) ဖွဲ့စည်းပုံအခြေခံမူနှင့် မူဝါဒများပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း၊
(ခ) အဖွဲ့နှင့် အဖွဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက်များပါ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ခြင်း၊
(ဂ) အဖွဲ့ပိုင်ပစ္စည်း၊ အဖွဲ့ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အလွဲသုံးစားမှု မပြုရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
(ဃ) မိမိအား ပေးအပ်ထားသော တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊
(င) ဤမူဝါဒအရ ပြုလုပ်သော စည်းမျဉ်း၊ စည်းကမ်းများ၊ ညွှန်ကြားချက်များ၊ အဖွဲ့ဝင် အသင်းအဖွဲ့အလိုက် သီးခြား သတ်မှတ်ထားသော လုပ်ငန်းခွင် စည်းကမ်းများနှင့် ညွှန်ကြားချက်များကို လိုက်နာခြင်း၊
(စ) ပါတီနိုင်ငံရေးစွဲမရှိခြင်း၊
(ဆ) အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနက သတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ခြင်း၊
(ဇ) အကျင့် စာရိတ္တ ပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာ ပြုမူနေထိုင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊
(ဈ) တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ည) လာဘ်ပေး လာဘ်ယူပြုလုပ်ခြင်း၊ တရားမဝင်ငွေကြေးခဝါချမှု ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဋ) အများပြည်သူကို ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးခြင်း။
၅။ အဖွဲ့ဝင်၏ အခွင့်အရေးများ
အဖွဲ့ဝင်သည် အောက်ပါအခြေခံ အခွင့်အရေးများကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်-
(က) အလုပ်တည်မြဲခွင့်၊
(ခ) လုပ်ငန်းခွင် အာမခံချက်ရခွင့်၊
(ဂ) ခရီးစရိတ်နှင့် အခြား စရိတ်ခံစားခွင့်၊
(ဃ) ရာထူးတိုးမြှင့်ခွင့်၊
(င) ပညာလေ့လာဆည်းပူးခွင့်၊
(စ) ခွင့်ခံစားခွင့်၊
(ဆ) ထူးချွန်မှု၊ စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်မှုတို့အတွက် ချီးမြှင့်ခြင်းကို ခံစားခွင့်၊
(ဇ) နှုတ်ထွက်ခွင့်၊
(ဈ) တာဝန်ထမ်းဆောင်မှုကို အကြောင်းပြု၍ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်မစွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း တို့အတွက် အထူးပထောက်ပံ့ခြင်းခံစားခွင့်၊
(ည) အမျိုးသမီးအဖွဲ့ဝင်ဖြစ်ပါက တူညီသော အလုပ်အတွက် အမျိုးသားအဖွဲ့ဝင်များ နည်းတူ အကျိုး ခံစားခွင့်အပြင် မီးဖွားခြင်း ဆိုင်ရာ အကျိုးခံစားခွင့်၊
(ဋ) အခြားအသင်းအဖွဲ့များတွင် ပါဝင်ခွင့်၊
(ဌ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့က အခါအားလျော်စွာ သတ်မှတ်သော အခြားခံစားခွင့်။
(ဍ) သီးခြား တာဝန်ပေးချက်အရ ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ရပ်ရပ်အတွက် အကျိုးခံစားခွင့်များကို သက်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ခံစားခွင့်ရှိသည်။
၆။ ခွင့်ဆိုင်ရာ စည်းမျဉ်းများ
(က) အဖွဲ့ဝင်သည် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရုံး၊ ဌာနနှင့် အသင်းအဖွဲ့က လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသူ၏ ခွင့်ပြုချက်ဖြင့် ခွင့်ခံစားနိုင်သည်။
(ခ) အစမ်းခန့် အဖွဲ့ဝင်သည် ရာထူးတွင် အတည်ပြု ခံထားပြီးဖြစ်သည့် အဖွဲ့ဝင်တစ်ဦးကဲ့သို့ ခွင့်ခံစားခွင့်ရှိသည်။
(ဂ) အဖွဲ့ဝင်သည် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ခွင့်ကို တောင်းခံပိုင်ခွင့်ရှိသည်။ ခွင့်များကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန၏ အကြံပြုချက်နှင့်အညီ သတ်မှတ်ပေးရမည်။
(ဃ) ခွင့်ပေးပိုင်ခွင့်ရှိသူသည် အဖွဲ့အကျိုးငှာ လိုအပ်ပါက အဖွဲ့ဝင်တစ်ဦး တောင်းခံသည့်ခွင့်ကို ငြင်းပယ်ခြင်း၊ ခွင့်ပြုပြီးသောခွင့်ကို ပယ်ဖျက်ခြင်းနှင့် ခွင့်ခံစားနေသော အဖွဲ့ဝင်အား ပြန်လည်ခေါ်ယူခြင်း ပြုနိုင်သည်။
(င) ခွင့်ခံစားနေသည့် အဖွဲ့ဝင်သည် မိမိကို ခွင့်ပြုထားသည့် ခွင့်ကာလ မကုန်ဆုံးမီ အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက်လိုပါက သက်ဆိုင်ရာ ခွင့်ပေးပိုင်ခွင့်ရှိသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဝင်ရောက်နိုင်သည်။
(စ) အဖွဲ့ဝင်သည် ခွင့်ကာလ ကုန်ဆုံးသော်လည်း အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက် လုပ်ကိုင်ခြင်း မရှိပါက ကျော်လွန်သည့် ကာလအတွက် ခွင့်လစာ ခံစားခွင့်မရှိ။ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ခွင့်ရက် ကျော်လွန်ခြင်းဖြစ်ပါက ယင်းအဖွဲ့ဝင်အား စည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူနိုင်သည်။
၇။ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ စည်းမျဉ်းများ
(က) အဖွဲ့ဝင်ကို ရာထူးတိုးမြှင့် ခန့်ထားရေးအတွက် အနည်းဆုံး လိုအပ်သော ပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည်အချင်း၊ ရာထူးသက်နှင့် လုပ်သက်တို့သည် အဖွဲ့ဝင် အသင်းအဖွဲ့အလိုက် ရာထူး အမျိုးအစားကို မူတည်၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ထားသည့်အတိုင်း ဖြစ်သည်။
(ခ) အဖွဲ့ဝင်သည် ရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည်အချင်း၊ ရာထူးသက်၊ လုပ်သက်တို့နှင့် ပြည့်စုံ၍ တာဝန်ကို နိုင်နင်းစွာ ထမ်းဆောင်နိုင်သည်ဟု ယုံကြည် ကျေနပ်မှုရှိလျှင် သတ်မှတ်ချက်များနှင့်အညီ ရာထူးတိုးမြှင့်ခြင်း ခံစားပိုင်ခွင့် ရှိသည်။
(ဂ) အဖွဲ့ဝင်သည် အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားမှုအပေါ်မူတည်၍ သက်ဆိုင်ရာ အရည်အချင်း စစ်ဆေးရေးအဖွဲ့၏ ထောက်ခံမှုအရ ချီးမြှင့်မြှောက်စားသည့် အနေဖြင့် ရာထူး တိုးမြှင့်ခြင်းကို ခံစားပိုင်ခွင့်ရှိသည်။
(ဃ) အဖွဲ့ဝင်များကို အပတ်စဉ်အားဖြင့် အရည်အချင်းအကဲဖြတ်မှုပြုလုပ်ရမည်။ ထိုအရည်အချင်းအကဲဖြတ်ခြင်းကို အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနမှ လိုအပ်သလို စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ သတ်မှတ်နိုင်သည်။
(င) အဖွဲ့ဝင်များနှုတ်ထွက်သည့်အခါ အပတ်စဉ်အားဖြင့် အရည်အချင်းအကဲဖြတ်မှုကို စုပေါင်း၍ စုစုပေါင်းပျမ်းမျှ အရည်အချင်းအစီအရင်ခံစာကို အသိအမှတ်ပြုလက်မှတ်ပေးအပ်သည့်အခါ တစ်ပါတည်းပေးအပ်ရမည်။
(စ) အဖွဲ့ဝင်သည် ရာထူးတိုးမြှင့်ခန့်ထားခံရနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ အရည်အချင်းစစ်ဆေးရေး အဖွဲ့၏ စစ်ဆေးအကဲဖြတ်မှုကို ခံယူရမည်။
(ဆ) အရည်အချင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေး အကဲဖြတ်ချက်အရ သက်ဆိုင်ရာ အသင်းအဖွဲ့က ရေးဆွဲ အတည်ပြုထားသည့် တန်းစီဇယားတွင် ပါဝင်သော အဖွဲ့ဝင်များသည် သတ်မှတ်ချက်များနှင့် ညီညွတ်ပါက ရာထူး တိုးမြှင့်ခြင်း ခံစားပိုင်ခွင့် ရှိသည်။
(ဇ) အသင်းအဖွဲ့ရာရှိအဆင့် စတင်ခန့်ရာထူးနေရာ လစ်လပ်သဖြင့် ဌာနတွင်းမှ အဖွဲ့ဝင်များကို ရာထူးတိုးမြှင့် ခန့်ထားရန် လိုအပ်သည့်အခါ အသင်းအဖွဲ့များသည် သတ်မှတ်ချက်နှင့်အညီ မိမိတို့ အတည်ပြု ရေးဆွဲထားသော တန်းစီ ဇယားအတွင်းမှ အဖွဲ့ဝင်များကို အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနသို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက် ရယူရမည်။
(ဈ) အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနက သတ်မှတ်ထားသော သင်တန်းတက်ရောက်ပြီးသူများကို ရာထူးတိုးမြှင့်ပေးရာတွင် ဦးစားပေး စဉ်းစားရမည်။
(ည) အဖွဲ့ဝင်တစ်ဦးသည် ရာထူးတိုးမြှင့်ပေးရန် သတ်မှတ်ထားသော အရည်အချင်းများ ပြည့်စုံစေကာမူ အောက်ပါအခြေအနေများတွင် ရာထူးတိုးမြှင့်မပေးရ-
(၁) စာဖြင့်သတိပေးခြင်း ပြစ်ဒဏ်ခံရလျှင် ယင်းသို့ သတိပေးခြင်း ခံရသည့်နေ့မှ ခြောက်လအတွင်း။
(၂) တာဝန်ထမ်းဆောင်ရာတွင် ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ကျွမ်းကျင်မှုမရှိ၍ဖြစ်စေ ပျက်စီးဆုံးရှုံးမှုအတွက် ဆုံးရှုံးမှုတန်ဖိုး အပြည့်အဝကိုသော် လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော် လည်းကောင်း ပေးလျော်ရသော ကိစ္စမျိုးတွင် ဆုံးရှုံးမှုတန်ဖိုးကို ပြန်လည်ပေးလျော်စေရန် အမိန့်ချမှတ်သည့်နေ့မှစ၍ တစ်နှစ် သို့မဟုတ် အကျေပေးလျော်ပြီးသည့်နေ့၊ ထိုနေ့နှစ်ခုတို့အနက် စောရာနေ့အထိ။
(၃) ကိုယ်ကျင့်တရား ပျက်ပြားမှုနှင့် အကျုံးဝင်သော ပြစ်မှုဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသော်လည်း လက်ရှိ ရာထူးတွင် ဆက်လက် တည်ရှိနေသည့်အခါ ယင်းသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် နေ့မှ တစ်နှစ်အတွင်း။
(၄) ဌာနဆိုင်ရာ စစ်ဆေးခြင်း ခံနေရစဉ်အတွင်း။
(၅) အပြစ်ကြောင့် ရာထူးလျှော့ချခြင်းခံရပါက ယင်းရာထူးလျှော့ချသည့်အမိန့်ပါ သတ်မှတ်ကာလအတွင်း။
(၆) ရာထူးတစ်ခုတွင် အစမ်းခန့်ထားခြင်းခံရစဉ်ကာလအတွင်း။
(၇) တာဝန်မှ ယာယီရပ်ဆိုင်းထားခြင်းခံရစဉ်ကာလအတွင်း။
(ဋ) သက်ဆိုင်ရာ အသင်းအဖွဲ့သည် တာဝန်ထမ်းဆောင်ရာတွင် ထူးချွန်မှုနှင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သော အဖွဲ့ဝင်အား သတ်မှတ်ထားသည့် လုပ်ထုံး လုပ်နည်းများနှင့်အညီ ရာထူး တိုးမြှင့်ပေးခြင်း၊ ဂုဏ်ပြုလွှာ ပေးအပ်ခြင်း၊ ဆုချီးမြှင့်ခြင်းနှင့် အခြား နည်းဖြင့် ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
(ဌ) သက်ဆိုင်ရာ အသင်းအဖွဲ့သည် အထက်စာပိုဒ်ခွဲ(ဋ)ပါအကြောင်းများအရ အဖွဲ့ဝင်အား အဖွဲ့က ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်နိုင်ရေးအတွက် ထောက်ခံ တင်ပြနိုင်သည်။
၈။ သင်တန်းပေးခြင်းနှင့် အရည်အသွေးမြှင့်တင်ခြင်း
(က) အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနက သတ်မှတ်တာဝန်ပေးထားသော အသင်းအဖွဲ့များနှင့် လူငယ်ရေးရာဌာနလက်အောက်ရှိ သင်တန်းများသည် အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်လောင်းများအား အခြေခံသင်တန်းများပေးခြင်း၊ အဖွဲ့ဝင်များအတွက် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနက သတ်မှတ်ထားသည့်မွမ်းမံ သင်တန်းများပေးခြင်းနှင့် ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို လည်းကောင်း၊ အဖွဲ့ဝင်လေ့ကျင့်ရေးဆိုင်ရာ ပညာရပ်များသုတေသနပြုခြင်းကိုလည်းကောင်း အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်။
(ခ) အဖွဲ့ဝင်များ၏ အရည်အသွေးတိုးတက်စေရန် အထောက်အကူပြုမည့် စီမံခန့်ခွဲမှု၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အထွေထွေပညာ မြင့်မားမှုတို့အတွက် လေ့ကျင့် ပညာပေးမှုများ ဆောင်ရွက်ရာတွင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် ရုံး၊ဌာနအလိုက် အစီအစဉ်များ ချမှတ် ဆောင်ရွက်ရမည်။
၉။ စည်းကမ်းထိန်းသိမ်းရေးနှင့် အရေးယူမှု
(က) အဖွဲ့ဝင်ကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်းဖောက်ဖျက်မှုနှင့် တာဝန်ပျက်ကွက်မှုတို့အတွက် အဖွဲ့ဝင် စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာမူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူနိုင်သည်။
(ခ) အမှုသည် အဖွဲ့ဝင် ကျင့်ဝတ် ပျက်ယွင်းခြင်း သို့မဟုတ် စည်းကမ်း ဖောက်ဖျက်ခြင်း သို့မဟုတ် တာဝန်ပျက်ကွက်ခြင်း သို့မဟုတ် ကိုယ်ကျင့်တရား ပျက်ပြားခြင်းနှင့် အကျုံးဝင်သည့် ကိစ္စဖြစ်ပါက သက်ဆိုင်ရာ ရုံး၊ ဌာနနှင့် အသင်းအဖွဲ့အကြီးအမှူး သို့မဟုတ် အသင်းအဖွဲ့အကြီးအမှူးသည် ယင်းအဖွဲ့ဝင်ကို ဌာနဆိုင်ရာ နည်းလမ်းအရ အရေးယူနိုင်သည်။
(ဂ) ခိုင်လုံသော အထောက်အထားများအရ အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားနေသည့်ကိစ္စတွင် အဖွဲ့ဝင်အား ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းမပြုဘဲ ထိုက်သင့်သည့် အဖွဲ့ဝင်ဆိုင်ရာပြစ်ဒဏ်ကို ချမှတ် နိုင်သည်။
(ဃ) အဖွဲ့ဝင်ကို ဌာနဆိုင်ရာ အရေးယူရာတွင် ရှေးဦးစုံစမ်းမှု ပြုလုပ်ခြင်း သို့မဟုတ် ဌာနဆိုင်ရာ စစ်ဆေးမှုဖွင့်၍ စစ်ဆေး ကြားနာခြင်းတို့ဆောင်ရွက်နေစဉ် ယင်းအဖွဲ့ဝင်အား တာဝန်မှ ယာယီရပ်ဆိုင်း ထားနိုင်သည်။
(င) ဌာနဆိုင်ရာ အရေးယူမှုများတွင် အောက်ဖော်ပြပါ ပြစ်ဒဏ်တစ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက် ပို၍ဖြစ်စေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ချမှတ်နိုင်သည်-
(၁) စာဖြင့်သတိပေးခြင်း၊
(၂) ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း၊
(၃) ရာထူးအဆင့်လျှော့ချခြင်း၊
(၄) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့်ဖြစ်စေ ပေါ်ပေါက်သည့် ဆုံးရှုံးမှုတန်ဖိုး အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေးလျော်စေခြင်း၊
(၅) တာဝန်မှ ယာယီ ရပ်ဆိုင်းခဲ့သည့် ကာလအတွက် တာဝန်ချိန်အဖြစ် မသတ်မှတ်ခြင်း၊
(၆) ရာထူးမှထုတ်ပယ်ခြင်း၊
(၇) အဖွဲ့ဝင်အဖြစ်မှထုတ်ပစ်ခြင်း။
(စ) အဖွဲ့ဝင်အားပြစ်ဒဏ်ချမှတ်သည့်အခါ ပညာပေးပြုပြင်ရေးနှင့် စည်းကမ်းထိန်းသိမ်းမှု ထိရောက်ရေးတို့ကို ဦးတည်ချက် ထားရမည်။ ပြစ်မှုနှင့် ပြစ်ဒဏ်လိုက်လျောညီထွေ ရှိစေရမည်။
(ဆ) အဖွဲ့ဝင်သည် အရေးယူမှုတွင် ချမှတ်သည့်ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ အယူခံခွင့် ရှိစေရမည်။
၁၀။ အဖွဲ့ဝင်မှတ်တမ်းထိန်းသိမ်းခြင်း
အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရသည်မှ အစပြု၍ နှုတ်ထွက်သည်အထိ အဖွဲ့ဝင်ဖြစ်စဉ်နှင့် အရည်အချင်းများ ဖော်ပြသည့် အဖွဲ့ဝင်မှတ်တမ်းကို သတ်မှတ်ချက်များနှင့်အညီ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနက ထိန်းသိမ်းထားရှိရမည်။
၁၁။ ခွဲခြားမှုမပြုခြင်း
ဖွဲ့စည်းပုံအခြေခံမူနှင့်အညီ အဖွဲ့ဝင်အဖြစ် ရွေးချယ် ခန့်ထားရာတွင်ဖြစ်စေ၊ တာဝန်ပေးအပ်ရာတွင်ဖြစ်စေ၊ အခွင့်အရေး ခံစားခွင့်ပြုရာတွင်ဖြစ်စေ၊ ရာထူး တိုးမြှင့်ရာတွင် ဖြစ်စေ သတ်မှတ်သော အရည်အချင်းနှင့် ပြည့်စုံပါက လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာသာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ခွဲခြားမှုမပြုရ။ သို့ရာတွင် အမျိုးသားများနှင့်သာလျော်ကန် သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကို အဟန့်အတားမဖြစ်စေရ။
၁၂။ ဌာနဆိုင်ရာ ရာထူးအရည်အချင်းများ
သက်ဆိုင်ရာဌာနရာထူး၏ အဖွဲ့ဝင်တစ်ဦးဖြစ်ရန် ပြည့်စုံရမည့်အချက်များကို သက်ဆိုင်ရာရုံး၊ ဌာနနှင့် အသင်းအဖွဲ့က လုပ်ငန်းလိုအပ်ချက်အရ သတ်မှတ်နိုင်သည်။
၁၃။ စွမ်းဆောင်ရည်တိုင်းတာခြင်း (Performance Scaling) နှင့် စေတနာ့ဝန်ထမ်း စစ်တမ်းများ
(က) အဓိကစွမ်းဆောင်ရည်ညွှန်းကိန်းများ (Key Performance Indicators - KPIs):
(၁) ဌာနအလိုက် သို့မဟုတ် ရာထူးအလိုက် သတ်မှတ်ထားသော ရည်မှန်းချက်များနှင့် ကိုက်ညီသည့် KPIs များကို အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနမှ ချမှတ်ရမည်။
(၂) KPIs များကို အဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများ၊ ကျွမ်းကျင်မှုနှင့် လုပ်ငန်းသဘာဝတို့အပေါ် အခြေခံ၍ လက်တွေ့ကျပြီး တိုင်းတာနိုင်သည့် ပုံစံဖြင့် သတ်မှတ်ရမည်။
(၃) အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်ကို KPIs များအပေါ် မူတည်၍ ပုံမှန်အကဲဖြတ်ပြီး တိုးတက်မှုများကို မှတ်တမ်းတင်ရမည်။
(ခ) စွမ်းဆောင်ရည်အကဲဖြတ်မှု (Performance Evaluation):
(၁) အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်ကို နှစ်စဉ် သို့မဟုတ် ခြောက်လတစ်ကြိမ် အကဲဖြတ်ရမည်။
(၂) အကဲဖြတ်မှုရလဒ်များကို အဖွဲ့ဝင်များနှင့် ဆွေးနွေးပြီး တိုးတက်ရန် လိုအပ်သည့် နယ်ပယ်များကို ဖော်ထုတ်ကာ လေ့ကျင့်ရေး သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ချမှတ်ပေးရမည်။
(၃) ထူးချွန်သော စွမ်းဆောင်ရည်ရှိသည့် အဖွဲ့ဝင်များကို မှတ်တမ်းတင်ပြီး ဆုချီးမြှင့်ခြင်း သို့မဟုတ် ရာထူးတိုးမြှင့်ခြင်းများအတွက် ထည့်သွင်းစဉ်းစားရမည်။
(ဂ) စေတနာ့ဝန်ထမ်း စိတ်ကျေနပ်မှု စစ်တမ်းများ (Volunteer Satisfaction Surveys):
(၁) စေတနာ့ဝန်ထမ်းများ၏ စိတ်ကျေနပ်မှုနှင့် အဖွဲ့အစည်းအပေါ် ခံယူချက်များကို ပုံမှန်တိုင်းတာရန် စစ်တမ်းများကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ကောက်ခံရမည်။
(၂) စစ်တမ်းများတွင် စေတနာ့ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များ၊ ပံ့ပိုးမှုများ၊ ဆက်သွယ်ရေး၊ အသိအမှတ်ပြုမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကဲ့သို့သော အချက်များကို ထည့်သွင်းမေးမြန်းရမည်။
(၃) စစ်တမ်းရလဒ်များကို ခွဲခြမ်းစိတ်ဖြာပြီး စေတနာ့ဝန်ထမ်းများ၏ စိတ်ကျေနပ်မှုကို မြှင့်တင်ရန် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများနှင့် အစီအစဉ်များကို ချမှတ်ဆောင်ရွက်ရမည်။
(ဃ) စေတနာ့ဝန်ထမ်း စာရင်းအင်းများ (Volunteer Statistics):
(၁) စေတနာ့ဝန်ထမ်းများ၏ ပါဝင်မှု၊ လုပ်ငန်းချိန်၊ စွမ်းဆောင်ရည်နှင့် ထွက်ခွာမှုနှုန်း ကဲ့သို့သော အချက်အလက်များကို မှတ်တမ်းတင်ပြီး စာရင်းအင်းများ ပြုစုရမည်။
(၂) ဤစာရင်းအင်းများကို အဖွဲ့အစည်း၏ စေတနာ့ဝန်ထမ်း စီမံခန့်ခွဲမှု မဟာဗျူဟာများ ချမှတ်ရာတွင် အထောက်အကူပြုရန် အသုံးပြုရမည်။
၁၄။ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
ဤမူဝါဒပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-
(က) အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန သည် လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန၊ သက်ဆိုင်ရာ ရုံး၊ ဌာနနှင့် အသင်းအဖွဲ့တို့သည် လိုအပ်သော ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။