Skip to Content
  • An Official Website of Burmese Orchid. How to identify?
Burmese Orchid
  • 0
    My Cart
  • Sign in
  • Home
  • Alumni
  • Contact us
  •  My Tasks

Education Centre Manual

Table of Contents

​ Related Agencies & Policies
​ Related Rules & Procedures
​ The Policy

 Print

Related Agencies & Policies

Enforcing Agencies
  •  
Related Policies
  • Commercial Projects  Management Policy

Related Rules & Procedures

​ Procedures for Investigating a Case
​ Procedures on Taking Actions
​ Conflict Resolution Procedure
​ Procedures for Inspecting and Instructing the Organization's responsible Teams and Individuals​
Procedure for Interpreting Constitutional Principles, Rules and Policies, and Inconsistencies in Policies and Procedures

The Policy

မြန်မာ့သစ်ခွအဖွဲ့

ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး

မူဝါဒအမှတ် (ဍ)

“မြန်မာ့သစ်ခွပညာရေးစင်တာဆိုင်ရာမူဝါဒ”

၂၉ရက် ဇူလိုင်လ ၂၀၂၃ခုနှစ်

၁။ ဤမူဝါဒကို မြန်မာ့သစ်ခွပညာရေးစင်တာဆိုင်ရာမူဝါဒ ဟု ခေါ်တွင်စေရမည်။

၂။ မြန်မာ့သစ်ခွမှဖွင့်လှစ်သော သင်တန်းများနှင့်ပက်သက်၍ စည်းကမ်းတကျ ကိုင်တွယ်အုပ်ချုပ်စီမံခန့်ခွဲနိုင်ရန် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ဤစည်ကမ်းသတ်မှတ်ချက်များကို သတ်မှတ်သည်။

၃။ မြန်မာ့သစ်ခွပညာရေးစင်တာ၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိသူများ ဖြစ်ထွန်းရန်၊

(ခ) စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ စနစ်တကျပေါင်းစပ်ဆောင်ရွက်နိုင်ရန်၊

(ဂ) သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးကာကွယ်ထိန်းသိမ်းပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အသိပညာ၊ အတတ်ပညာကို လက်ဆင့်ကမ်းနိုင်သူများဖြစ်ရန်၊

(ဃ) နိုင်ငံတော်၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်လာ စေရန်၊ 

(င) ပြည်သူတို့၏ စားဝတ်နေရေးကို အထောက်အကူဖြစ်စေရန်နှင့် စဉ်ဆက်မပြတ် အကျိုးစီးပွား ခံစားနိုင်စေရန်၊

(စ) သဘာဝသိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် အသိပညာပေးရေးလုပ်ငန်းများ များပြားပြီးအထောက်အကူဖြစ်စေရန်၊

(ဆ) ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများဖြင့် ဥပဒေကို လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်၊

(ဇ) တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင်တို့ကိုတန်ဖိုးထား၍ ထိန်းသိမ်းမြှင့် တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင်သူများ ဖြစ်လာစေရန်၊

(ဈ) ပညာအခြေပြု လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်၊

(ည) နိုင်ငံတကာအဆင့်မီ ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ၏ အရည်အသွေးမြင့်မားလာစေရန်၊

(ဋ) ပညာရပ်နယ်ပယ်အလိုက် ကျွမ်းကျင်စွာ တတ်မြောက်သော ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ကျွမ်းကျင်သူများကို လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်၊

(ဌ) အမြင်ကျယ်မှုရှိပြီး စူးစမ်းရှာဖွေလေ့လာလိုသော စိတ်ဓာတ်နှင့်ပူးပေါင်း တီထွင်ကြံဆ ဆောင်ရွက်တတ်သူများ ဖြစ်ရန်၊

(ဍ) နည်းပညာနှင့် သက်မွေးပညာရေးနှင့် အဆင့်မြင့်ပညာရေးအတွက် အခြေခံကောင်းများရရှိရန်၊

(ဎ) ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ပညာရေးသုတေသနလုပ်ငန်းများ အားကောင်းလာစေရန်၊

(ဏ) ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်၊

(တ) သင်ရိုးညွှန်းတမ်းများကို အဆင့်မီပြုစုရေးဆွဲနိုင်ရန်၊

၄။ မြန်မာ့သစ်ခွပညာရေးစင်တာ၏ အခြေခံမူများမှာအောက်ပါအတိုင်းဖြစ်သည်။

(က) ပညာရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပညာရေးမြှင့်တင်မှုတို့အတွက် လူငယ်၊ ပြည်သူ၊ လူသားတိုင်း ပူးပေါင်းပါဝင်ဆောင် ရွက်စေရေး၊

(ခ) လူသားတိုင်း ပညာသင်ယူခွင့်ရရှိပြီး ဘဝတစ်လျှောက် စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်သော ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရေး၊

(ဂ) နိုင်ငံတကာ ပညာရေးအဆင့်ရှိစေရေးအတွက် ခေတ်မီနည်းပညာများကို အသုံးပြုဆောင်ရွက်ရေး၊

(ဃ) လူမှုစီးပွားရေးဘဝတွင် လက်တွေ့အသုံးချနိုင်သည့် ပညာရေးဖြစ်စေရေး၊

(င) သင်တန်းများတွင် ဘာသာရေးနှင့် နိုင်ငံရေးဆိုင်ရာ စွက်ဖက်မှုများမှ ကင်းလွတ်စေရေး၊

(စ) ပညာရပ်နယ်ပယ်အားလုံးကို ဖွံ့ဖြိုးတိုးတက်စေပြီး လူမှုစီးပွားဖွံ့ဖြိုးတိုး တက်မှုအတွက် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်သော အသိပညာရှင်၊ 

(ဆ) အတတ်ပညာရှင်၊ နည်းပညာနှင့်သက်မွေးပညာ ကျွမ်းကျင်သူများကို အဆင့်အလိုက်မွေးထုတ်ရေး၊

(ဇ) ပညာလေ့လာသင်ယူရာတွင် သင်ယူသူ၏ လူမျိုး၊ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာ၊ မသန်စွမ်းမှုအပါအဝင် မည်သည့်ခွဲခြားမှုမျှမရှိရေး၊

(ဈ) ပညာရေးကဏ္ဍတွင် သင်ယူသူဗဟိုပြု ချဉ်းကပ်နည်းအပါအဝင် ထိရောက်သောသင်နည်း များဖြင့် သင်ကြားသင်ယူမှုဖြစ်စဉ်ကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရေး၊

(ည) စဉ်ဆက်မပြတ် လေ့လာသင်ယူနေသော အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေရန် အခွင့်အလမ်းများ၊ စာကြည့်တိုက်နှင့် ဘေးကင်းလုံခြုံသော သင်ကြားသင်ယူမှု စာသင်ခန်းများပါဝင်သည့် သင်ယူမှုဝန်းကျင်ကောင်းများ ဖန်တီးပေးရေး၊

(ဋ) ကိုယ်တိုင်သင်ယူပညာရေးအခွင့်အလမ်းများ ရရှိရန် ပံ့ပိုးကူညီပေးရေး၊

(ဌ) ပညာရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျ အလေးထား ဆောင်ရွက်ရေး။

၅။ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည်-

(က) ဤမူဝါဒပါ ပြဋ္ဌာန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် မြန်မာ့သစ်ခွပညာရေးစင်တာ၏ စီမံခန့်ခွဲနှင့် အုပ်ချုပ်ရေးတာဝန် တို့ကို လူငယ်ရေးရာဌာနသို့ပေးအပ်သည်။

(ခ) လူငယ်ရေးရာဌာနဒါရိုက်တာ သို့မဟုတ် ၎င်း၏သဘောဆန္ဒအရ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် ယင်းတာဝန်ကိုပေးအပ်ခြင်းခံရသူ သည် မြန်မာ့သစ်ခွပညာရေးစင်တာ၏ စီမံခန့်ခွဲနှင့် အုပ်ချုပ်ရေး အကြီးအကဲဖြစ်သည်။ ၎င်းကို ပညာရေးစင်တာအုပ်ချုပ်ရေးမှူးဟုခေါ်တွင်ရမည်။ 

(ဂ) အထက်ပါစာပိုဒ်အရ လူငယ်ရေးရာဌာနဒါရိုက်တာက အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် ခန့်အပ်သော မြန်မာ့သစ်ခွပညာရေးစင်တာရုံးအုပ်ချုပ်ရေးမှူးကို မြန်မာ့သစ်ခွအဖွဲ့ဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ ပြောင်းလဲခန့်အပ်နိုင်သည်။

(ဃ) လူငယ်ရေးရာဌာနဒါရိုက်တာ သို့မဟုတ် မြန်မာ့သစ်ခွပညာရေးစင်တာရုံးအုပ်ချုပ်ရေးမှူးကိုမခန့်အပ်နိုင်သေးလျှင် မြန်မာ့သစ်ခွပညာရေးစင်တာရုံးအုပ်ချုပ်ရေးမှူး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပုဂ္ဂိုလ်တစ်ဦးဦးကိုလွှဲအပ်ထားနိုင်သည်။ ထိုပုဂ္ဂိုလ်သည် ဤမူဝါဒရှိ မြန်မာ့သစ်ခွပညာရေးစင်တာရုံးအုပ်ချုပ်‌ရေးမှူး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်အာဏာကို အပြည့်အဝသုံးစွဲနိုင်သည်။

၆။ မြန်မာ့သစ်ခွပညာရေးစင်တာကို အောက်ပါအတိုင်းဖွဲ့စည်းသည်။

လူငယ်ရေးရာဌာနဒါရိုက်တာ

ပညာရေးစင်တာရုံးအုပ်ချုပ်‌ရေးမှူး

ပညာရေးစင်တာရုံးသင်တန်းကြီးကြပ်ရေးမှူးများနှင့်တာဝန်ခံများ

သင်တန်းနည်းပြများ

သင်တန်းလက်ထောက်ကြီးကြပ်ရေးမှူးများ 

၇။ မြန်မာ့သစ်ခွပညာရေးစင်တာအုပ်ချုပ်ရေးမှူး၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များမှာအောက်ပါအတိုင်းဖြစ်သည်-

(က) ဤမူဝါဒပါ ရည်မှန်းချက်များနှင့် ပညာရေးဆိုင်ရာ အခြေခံမူများ အကောင်အထည်ဖော်ခြင်းနှင့် ၎င်းနှင့်သက်ဆိုင်သော သင်တန်းများစီစဉ်ဆောင်ရွက်ခြင်း၊

(ခ) အရည်အသွေးအာမခံမှု စံချိန်စံညွှန်းများ သတ်မှတ်နိုင်ရန် စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်းနှင့်လမ်းညွှန်ခြင်း၊

(ဂ) ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် ပညာရေးသုတေသနလုပ်ငန်းများကို ချမှတ်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စိစစ်သုံးသပ်ခြင်း၊

(ဃ) ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ကြီးကြပ်ခြင်း၊

(င) ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့်ပူးပေါင်း၍ နည်းပညာဖလှယ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း၊ သင်တန်းပေးခြင်းနှင့် ပညာရေးသုတေသနလုပ်ငန်းဆာင်ရွက်ခြင်းတို့ကို ကြီးကြပ်ခြင်း၊

(စ) ပညာရေးသုတေသနလုပ်ငန်းများမှ ရရှိလာသည့် ရလဒ်များအပေါ် အခြေခံ၍ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုခြင်း၊

(ဆ) ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် ပညာရေးစီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် ရေးဆွဲအကောင်အထည်ဖော်ခြင်းကို ကြီးကြပ်ခြင်း၊

(ဇ) အခြားအဖွဲ့အစည်းများက ဆောင်ရွက်သော ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွမ်းကျင်သူ၊ နည်းပညာ၊ ဘဏ္ဍာရေးနှင့် ကျောင်းတည်ထောင် ဖွင့်လှစ်မှုများကို အကူအညီပေးခြင်းနှင့် ပညာရေးဆိုင်ရာ အရည်အသွေးစံနှုန်းများအတွက် ပံ့ပိုးညှိနှိုင်းဆောင်ရွက်ပေး ခြင်း၊

(ဈ) ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရဌာန၊ အခြားအဖွဲ့အစည်းများ၊ အခြားသက်ဆိုင်သည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊

(ည) မြန်မာ့သစ်ခွပညာရေးစင်တာအတွက် လျာထားသည့် ဘတ်ဂျတ်ငွေများကို ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ခြင်း၊

(ဋ) ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပပညာရှင်များနှင့် ပညာရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရန် စီမံခြင်း၊

(ဌ) အထက်ပါကိစ္စရပ်များအတွက်လိုအပ်သော မူဝါဒများချမှတ်နိုင်ရန် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ထံတင်ပြခြင်း၊ 

(ဍ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှပေးအပ်သော တာဝန်များကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းနှင့် အစီရင်ခံတင်ပြခြင်း။

၈။ သင်တန်းများကိုစီမံရာတွင်- 

(က) မြန်မာ့သစ်ခွပညာရေးစင်တာရုံးက သင်ကြားမည့်ဆရာရှာဖွေရမည်။

(ခ) မြန်မာ့သစ်ခွပညာရေးစင်တာရုံးနှင့် နည်းပြဆရာတို့သည် သင်ရိုးညွှန်းတမ်းကို ဦးစွာစီစဉ်ထားရမည်။

(ဂ) သင်တန်းတစ်ခုအတွက်အတန်းရေးရာကိစ္စများကြီးကြပ်ရန် အတန်းတစ်တန်းလျှင် သင်တန်းလက်ထောက်ကြီးကြပ်ရေးမှူးများ တစ်ဦးစီထားရှိရမည်။

(ဃ) မြန်မာ့သစ်ခွပညာရေးစင်တာရုံးသည်သင်တန်းများကို ဤမူဝါဒပါမူများအတိုင်းစီမံခန့်ခွဲရမည်။

၉။ မြန်မာ့သစ်ခွပညာရေးစင်တာရုံးသည် သင်ရိုးညွှန်းတမ်းများနှင့် စပ်လျဉ်း၍ အောက်ပါအချက်များ ပါရှိစေရန် ကြပ်မတ်ဆောင်ရွက်ရမည်-

(က) မြန်မာ့သစ်ခွအဖွဲ့နှင့် ဤမူဝါဒ၏ အခြေခံမူ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့်ကိုက်ညီစေရေး၊

(ခ) ခေတ်နှင့်လျော်ညီသော ပညာရေးအခြေအနေလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ပြီး နိုင်ငံတကာပညာရေး သင်ရိုးညွှန်းတမ်းနှင့် လိုက်လျောညီထွေမှုရှိရေး၊

(ဂ) တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော အသိဉာဏ်ရှိ၍ ဘက်စုံပညာပြည့်ဝသည့် ပြည်သူများ ဖြစ်ထွန်းစေရေး၊

(ဃ) လူတစ်ဦးချင်းမှသည် မြန်မာ့လူမှုအဖွဲ့အစည်းတစ်ခုလုံးအတွက် အသုံးဝင်မည့် အသိပညာ၊ အတတ် ပညာနှင့် ကျွမ်းကျင်မှုများကို လေ့ကျင့် ဖော်ဆောင်နိုင်စွမ်း ရှိရေး၊

(စ) ကိုယ်ကျင့်တရားကောင်းမွန်မှု၊ မတူကွဲပြားခြားနားခြင်းကို နားလည်လက်ခံမှုနှင့် တန်းတူညီမျှမှုကို အလေးထားမှု၊ တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှု၊ ဒီမိုကရေစီအလေ့အကျင့်နှင့် လူ့အခွင့်အရေးဆိုင်ရာစံနှုန်းများကို တန်ဖိုးထားသည့် ပြည်သူများ ဖြစ်ထွန်းရေး၊

(ဆ) လက်တွေ့ဘဝနှင့် ဆက်စပ်မှုရှိရေး။

၁၀။ မြန်မာ့သစ်ခွပညာရေးစင်တာရုံးနှင့် နည်းပြဆရာသည် သင်ကြားသင်ယူမှုနည်းလမ်း များကို ရွေးချယ်ရာတွင် ကျောင်းသားတစ်ဦးချင်းစီ၏ ကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ စူးစမ်းလေ့လာမှု၊ ဆင်ခြင် စဉ်းစားနိုင်မှု၊ ဝေဖန်သုံးသပ်နိုင်မှု၊ ဆုံးဖြတ်နိုင်မှု၊ တီထွင်ကြံဆနိုင်မှုနှင့် တာဝန်ယူတတ်မှုတို့ကို ပြုစု ပျိုးထောင်ပေးနိုင်ရန်၊ သင်ယူသူဗဟိုပြုချဉ်းကပ်နည်းအပါအဝင် ထိရောက်သော သင်ကြားသင်ယူ နည်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

၁၁။ မြန်မာ့သစ်ခွပညာရေးစင်တာရုံးသည် သင်ယူတတ်မြောက်မှု စစ်ဆေးအကဲဖြတ်နည်းများ သတ်မှတ်ရာတွင် အောက်ပါအချက်တို့ကို အခြေခံရမည်-

(က) သင်ယူတတ်မြောက်မှု စစ်ဆေးခြင်းများသည် သင်ရိုးညွှန်းတမ်းကို အခြေခံ၍ သင်ယူမှုရလဒ်များ ပေါက်မြောက်အောင်မြင်မှု အခြေအနေကို စစ်ဆေးသည့် တတ်ကျွမ်းမှု အခြေပြု အကဲဖြတ်နည်းစနစ်ကို ကျင့်သုံးရေး၊

(ခ) သင်ယူတတ်မြောက်မှုစစ်ဆေးမှု ဆိုင်ရာ နည်းပညာများနှင့်အညီ စနစ်တကျစစ်ဆေးရေး၊

(ဂ) သင်တန်းပြီးဆုံးချိန်တွင် အဆင့်အလိုက် သင်ယူတတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း နည်းစနစ်များနှင့် အညီ ဆောင်ရွက်ရေး။

၁၂။ သင်တန်းပြီးဆုံးပါက ဤမူဝါဒအရ သတ်မှတ်ချက်များနှင့် ညီညွတ်လျှင် သင်တန်းပြီးဆုံးကြောင်းလက်မှတ်ကို သတ်မှတ်ချက်များနှင့်အညီ ပေးအပ်ရမည်။

၁၃။ နည်းပြဆရာများသည်-

(က) နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ပြန့်သောအမြင် ရှိရမည်။ ဒီမိုကရေစီ အလေ့အကျင့်ကို မြတ်နိုး၍ ကာကွယ်စောင့်ရှောက်မှု ပေးရမည့်အပြင် ဖွံ့ဖြိုးစေရန် ဆောင်ရွက်ရမည်။

(ခ) မိမိလုပ်ငန်းအပေါ်တွင် တာဝန်သိစိတ်နှင့် သက်မွေးဝမ်းကျောင်းမှုကို ချစ်မြတ်နိုးစိတ် ရှိရမည်။

(ဂ) သင်တန်းသားများအတွက် စံနမူနာကောင်း ဖြစ်ရမည်။

(ဃ) သက်ဆိုင်ရာသင်တန်းပညာရေးအတွက် ဘွဲ့၊ ဒီပလိုမာ၊ လက်မှတ်၊ ယင်းတို့ နှင့် အဆင့်တူ သတ်မှတ်ထားသော အသိအမှတ်ပြုလက်မှတ်များ သို့မဟုတ် သင်ကြားရေးအတွေ့အကြုံ အနည်းဆုံ ၁နှစ် ရှိရမည်။

၁၄။ မြန်မာ့သစ်ခွပညာရေးစင်တာရုံးသည် နည်းပြဆရာများ၏ တာဝန်နှင့်အခွင့်အရေးများကို သတ်မှတ်ပေးရမည်။ အခပေးဆရာဖြစ်ပါက ညှိနှိုင်းထားသော ချီးမြှင့်ငွေကိုရရှိစေရမည်။

၁၅။ နည်းပြဆရာသည် မြန်မာ့သစ်ခွပညာရေးစင်တာရုံး၏ သတ်မှတ်ချက်များနှင့်အညီ သင်တန်းများအတွင်း အရည်အသွေး အာမခံမှုအတွက် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ရမည်-

(က) သင်တန်းများးအတွက် အရည်အသွေးစစ်ဆေးအကဲဖြတ်မှု လုပ်ငန်းစဉ်၊စည်းကမ်းများ ရေးဆွဲ သတ်မှတ်ခြင်း၊

(ခ) အရည်အသွေးအကဲဖြတ်မှု ရလဒ်ကို အခြေပြု၍ အညွှန်းကိန်းများကို လေ့လာသုံးသပ်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ပညာရေးအရည်အသွေး ပိုမိုမြင့်မားလာစေရန် ပညာရေးသုတေသနလုပ်ငန်းများကို မြန်မာ့သစ်ခွမှဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

၁၆။ သင်တန်းများနှင့်ပက်သက်၍ စည်းမျဉ်းစည်းကမ်းချက်များနှင့် သဘောထားပုံစံများကို ပညာရေးစင်တာရုံး၏ အဆိုပြုချက်ဖြင့် လူငယ်ရေးရာဌာနမှ လိုအပ်သလို ထုတ်ပြန်နိုင်သည်။ 

၁၇။ မြန်မာ့သစ်ခွပညာရေးစင်တာရုံးသည် ဤမူဝါဒ၊ သက်ဆိုင်ရာကြေညာချက်များနှင် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများအတိုင်း သင်တန်းများကိုစီမံခန့်ခွဲရမည်။

၁၈။ ပညာရေးစီမံခန့်ခွဲသူများသည် ပညာရေးဆိုင်ရာ လုပ်ငန်းများကို မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် စီမံခန့်ခွဲမှုအထောက်အကူပြု စာရင်းအင်းအချက်အလက်များကို စနစ်တကျစုစည်း ဆောင်ရွက်သည့် ပညာရေးစီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

၁၉။ မြန်မာ့သစ်ခွပညာရေးစင်တာရုံးသည် ပြည်တွင်းပြည်ပပုဂ္ဂိုလ် သို့မဟုတ် တရားဝင်အဖွဲ့အစည်းများ၏ ထောက်ပံ့လှူဒါန်းငွေ သို့မဟုတ် ပစ္စည်းများကို ဘဏ္ဍာရေးမူဝါဒနှင့်အညီ စိစစ်လက်ခံနိုင်သည်။

၂၀။ မြန်မာ့သစ်ခွပညာရေးစင်တာရုံးသည်-

(က) အထက်ပါစာပိုဒ်အရ လက်ခံရရှိသော ထောက်ပံ့လှူဒါန်းငွေ သို့မဟုတ် ပစ္စည်းများကို ပညာရေးကဏ္ဍဖွံ့ဖြိုးမှုအတွက် ထိရောက်စွာ သုံးစွဲရမည်။

(ခ) ဘဏ္ဍာငွေသုံးစွဲရာတွင် ဘဏ္ဍာရေးမူဝါဒ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ သုံးစွဲဆောင်ရွက်ရမည်။

၂၁။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် မြန်မာ့သစ်ခွပညာရေးစင်တာရုံးက တာဝန်ယူဆောင်ရွက်သော ပညာရေးကဏ္ဍအသီးသီးအတွက် လိုအပ်သော ဘဏ္ဍာငွေကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ဘဏ္ဍာရေးမူဝါဒနှင့်အညီ ထောက်ပံ့ပေးရမည်။

၂၂။ မြန်မာ့သစ်ခွပညာရေးစင်တာရုံးမှရရှိသောရန်ပုံငွေများကို ဘဏ္ဍာရေးမူဝါဒနှင့်အညီ ဘဏ္ဍာရေးဌာနထံအပ်နှံရမည်။

၂၃။ မြန်မာ့သစ်ခွပညာရေးစင်တာရုံးသည်-

(က) မြန်မာ့သစ်ခွပညာရေးစင်တာရုံး၏ လစဉ်ဘဏ္ဍာရန်ပုံငွေ လိုအပ်ချက်ကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြရမည်။

(ခ) သင်ကြားရေးတွင် ပါဝင်သည့် အခကြေးငွေယူသည့် ပုဂ္ဂိုလ်များ (နည်းပြဆရာများ) အတွက် ချီးမြှင့်ငွေနှင့် စရိတ်တို့ကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်နိုင်သည်။

၂၄။ ဤမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

(က) မြန်မာ့သစ်ခွပညာရေးစင်တာရုံးသည် ဗဟိုအလုပ်မှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သော စည်းမျဉ်းနှင့် စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။

(ခ) မြန်မာ့သစ်ခွပညာရေးစင်တာရုံးသည် ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်နိုင်သည်။

၂၅။ ဤမူဝါဒသည် မြန်မာ့သစ်ခွ၏ ပညာရေးစင်တာရုံး၊ သက်ဆိုင်ရာမြန်မာ့သစ်ခွ၏ဌာနများနှင့် ထိုမြန်မာ့သစ်ခွပညာရေးစင်တာမှဖွင့်လှစ်သောသင်တန်းများနှင့်သက်ဆိုင်သူ/ အဖွဲ့အစည်းများနှင့်သာ သက်ဆိုင်သည်။

၂၉ရက် ဇူလိုင်လ ၂၀၂၃ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ အတည်ပြု၍ကြေငြာသည်။ 

ဖြိုးမြတ်မောင်

ဥက္ကဋ္ဌ

မြန်မာ့သစ်ခွ

မြန်မာ့သစ်ခွဖွဲ့စည်းပုံအခြေခံမူအရ အဖွဲ့အတွင်းလိုက်နာရမည့်မူဝါဒအဖြစ် ကြေငြာသည်။

မမူမူဆွေ

အထွေထွေအတွင်းရေးမှူး

မြန်မာ့သစ်ခွ

မြန်မာ့သစ်ခွအဖွဲ့

ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့

×
Notice Alert !

Please disable VPN while submitting forms at Burmese Orchid websites.

The Burmese Orchid is youth-led non-profit organisation based in the Republic of the Union of Myanmar. 

One of the Burmese Orchid Official Websites.

Follow us

Contact Us

enquiries@burmeseorchid.org

+95 9 964 512890

  • Home
  • •
  • About us
  • •
  •  
  • Privacy Policy
  • •
  • Forum
Copyright © Burmese Orchid 2022 - 2024
Powered by Odoo - The #1 Open Source eCommerce
Website Logo

Respecting your privacy is our priority.

Allow the use of cookies from this website on this browser?

We use cookies to provide improved experience on this website. You can learn more about our cookies and how we use them in our Cookie Policy.

Allow all cookiesOnly allow essential cookies