
English translations are not available for these sections; they are provided exclusively in Burmese.
အဖွဲ့အစည်းမှတ်ပုံတင်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ အရ နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ အသင်းအဖွဲ့များလွတ်လပ်စွာဖွဲ့စည်းပိုင်ခွင့်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ခုနှစ်တွင် ထုတ်ပြန်သော ဥပဒေအမှတ် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ နိုင်ငံတော်အတွင်းရှိ အသင်းအဖွဲ့များအားလုံးသည် ၎င်းဥပဒေအရ မှတ်ပုံတင်ရမည်ဖြစ်ပါသည်။
မှတ်ပုံတင်ရန်မြန်မာ့သစ်ခွအတွင်း အဆင့်ဆင့်များ
ပထမအဆင့်
အဖွဲ့အစည်းအတွင်း အဖွဲ့ဝင် ၁၀ ဦးမှ အဆိုတင်သွင်းခြင်း။
ဒုတိယအဆင့် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့တွင်ဆွေးနွေးခြင်း။
တတိယအဆင့်
အထွေထွေအစည်းအဝေးခေါ်််ယူဆွေးနွေးခြင်း။
စတုတ္ထအဆင့်
အထွေထွေအစည်းအဝေးတွင်မဲခွဲခြင်း။
ပဉ္စမအဆင့် နာယကအဖွဲ့တွင်တင်ပြဆွေးနွေးခြင်း။
ဆဋ္ဌမအဆင့် ဥက္ကဋ္ဌမှအတည်ပြုခြင်း။
သတ္တမအဆင့် မှတ်ပုံတင်လျှောက်ထားရန်ပြင်ဆင်ခြင်း။
မှတ်ပုံတင်ခြင်းအဆင့်ဆင့်
ပထမအဆင့်
မှတ်ပုံတင်ရန်လိုအပ်သောအချက်အလက်များစုစည်းခြင်း။
ဒုတိယအဆင့်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ နေပြည်တော်ရုံးနှင့် လိုအပ်ပါက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ နေပြည်တော်ရုံးတို့ သို့ စာလိပ်မူ၍ဖြစ်စေ လူကိုယ်တိုင်သွားရောက်၍ ဖြစ်စေ ဝန်ကြီးဌာန၏ ထောက်ခံချက်တောင်းခံရန်။
တတိယအဆင့်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထောက်ခံချက်ရရှိသောအခါ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့သွားရောက်၍ လိုအပ်သောအချက်အလက်စာရွက်စာတမ်းများနှင့်တကွ ပြည်ထောင်စုအဆင့် ပြည်တွင်းအဖွဲ့အစည်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း။
စတုတ္ထအဆင့်
မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲမှတဆင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနငွေစာရင်းသို့ ငွေ ၅၀၀၀၀၀ိ/ ကျပ်လွှဲရန်။
ပဉ္စမအဆင့်
ငွေလွှဲပြေစာဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ပြန်လည်တင်ပြရန်။
ဆဋ္ဌမအဆင့်
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယာယီမှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း။
ဆဋ္ဌမအဆင့် ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့က လျှောက်လွှာကို စိစစ်အတည်ပြုခြင်း/ နိုင်ငံတော်လုံခြုံရေးနှင့် တရာဥပဒေစိုးမိုးရေးကို ထိခိုက်ရန်အကြောင်းရှိပါက ပယ်ချခြင်း။
သတ္တမအဆင့် ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့က လျှောက်လွှာကို စိစစ်အတည်ပြုပြီးပါက ယာယီမှတ်ပုံတင်လက်မှတ်ကိုပြန်လည်အပ်နှံ၍ အသင်းအဖွဲ့မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း။
မှတ်ပုံတင်ခြင်းကြောင့် ကောင်းကျိုးဆိုးကျိုးများ
ဆက်လက်ကြေညာပေးပါမည်။
နောက်ဆက်တွဲ
ဆက်လက်ကြေညာပေးပါမည်။